1

148 13 4
                                    


ခေတ်နှင့်အညီ လူနေမှုပုံစံတွေ ပြောင်းလဲတိုးတက်လာသော်လည်း Tနယ်မြေရှိ နိုင်ငံများသည် ဘုရင်စနစ်ကိုသာ လက်ခံကျင့်သုံးကြဆဲဖြစ်သည်။

နေထိုင်မှုဘဝတွေ ခေတ်မှီတိုးတက်နေသော်လည်း အင်အားကြီးသော နိုင်ငံက နိုင်ငံငယ်များကို သိမ်းပိုက်၍ အာဏာပိုမိုကြီးထွားအောင် ဆောင်ရွက်ကျသော နယ်ချဲ့မှုများလည်း ရှိနေဆဲကာလပင်ဖြစ်၏။

Tနယ်မြေရှိနိုင်ငံများအနက် Kနိုင်ငံသည် စစ်အင်အား စီးပွားအင်အား တောင့်တင်းသော်လည်း ကျူးကျော်စစ်များကို မလိုလားသော ရှင်ဘုရင်၏ မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မှုတို့ကြောင့် အေးချမ်းသော နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ သို့သော် နယ်ချဲ့လိုစိတ်ပြင်းထန်ကြသော  အိမ်နီးချင်းနိုင်ငံများကြောင့် Kနိုင်ငံ၏ ဘုရင်မင်းမြတ်သည် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်ကို မလိုလားပေ။

စစ်မက်ရေးရာဖြင့် နယ်ချဲ့လိုသူများရန်မှ ကာကွယ်ရန် အေးချမ်းသောနည်းလမ်းသည်ကား အင်အားကြီးနိုင်ငံများနှင့် ချစ်ကြည်ရေးယူခြင်းဖြစ်ရာ Kနိုင်ငံ၏ ရှင်ဘုရင်သည် အင်အားတောင့်တင်းသော အိမ်နီးချင်း Jနိုင်ငံနှင့် ချစ်ကြည်ရေး ရယူရန် ကြံရွယ်လျက်ရှိသည်။

Jနိုင်ငံ

နယ်မြေအနေ အထားအရ သူတို့ Kနိုင်ငံထက် ပိုမိုကျယ်ပြန့်သလို စစ်မက်အင်အားရော စီးပွားအင်အားပါ သူတို့နိုင်ငံထက် သာလွန်လေသည်။

မကြာခင် Jနိုင်ငံရဲ့ အရှင်သခင်က သားတော်  အိမ်ရှေ့စံမင်းသားကို ထီးနန်းလွှဲပြောင်းတော့မည်ဖြစ်ရာ ကြင်ယာတော်နေရာအတွက် နိုင်ငံအသီးသီးမှ သမီးတော်များ ပဏ္ဏာဆက်ချင်ကြသည်ထဲတွင် Kနိုင်ငံ၏ အရှင်သခင်သည်လည်း ပါဝင်ပေသည်။

သူတို့ Kနိုင်ငံရဲ့ မင်းသမီးဟာ Jနိုင်ငံရဲ့ ကြင်ယာတော်နေရာကိုသာ ရရှိခဲ့လျှင် သူတို့တိုင်းပြည်သည် ယခုထက်ပြီး အစစ အရာရာ သာယာဖွံ့ဖြိုးပေလိမ့်မည်။ နဂိုကတည်းက Jနိုင်ငံနှင့် ကောင်းမွန်သော အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးရှိသည့်အပြင် အဆင်းရော အချင်းပါ အစစအရာရာ ပြည့်စုံသာထက်ပို၍သာလွန်သော သမီးတော်ကြောင့် သူ၏ အကြံအစည်သည် အောင်မြင်လိမ့်မည်ဟု Kနိုင်ငံ၏ ဘုရင်မင်းမြတ်သည် ယုံကြည်ထားပေသည်။

𝙍𝙤𝙮𝙖𝙡 𝙍𝙤𝙢𝙖𝙣𝙘𝙚 ( Completed )Where stories live. Discover now