လက်ထပ်ပွဲပြီးသွားပင်မဲ့ နယ်ပယ်အစုံက လူတွေကို ဧည့်ခံလို့မပြီးသေးတဲ့ ထိုသူကို ပစ်ထားပြီး ဂျောင်ဟွမ်က သူတို့နေရမဲ့ အိမ်တော်ထဲဝင်ခဲ့တယ်။
ဂျောင်ဟွမ်ကအခုဆို Jနိုင်ငံ ရှင်ဘုရင်ရဲ့ ကြင်ယာတော်နေရာကို ရောက်သွားပြီ။ ရှင်ဘုရင်နဲ့ ကြင်ယာတော်နေမဲ့ အိမ်တော်ကို သေချာအချိန်ပေးပြီး ပြင်ဆင်ထားမှန်း အိမ်တော်ထဲကို စဝင်တဲ့အချိန် နံရံမှာ ချိတ်ဆွဲထားတဲ့ တန်ဖိုးကြီး ပန်းချီကားတွေနဲ့ အတွင်းမှာ အလှဆင်ထား ပန်းအိုးတွေက သက်သေခံနေတယ်။
သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းက အသုံးအဆောင် ပစ္စည်းတွေကို ဂျောင်ဟွမ်အကြိုက်ဆုံး မိုးပြာရောင်ကိုသာ ရွေးချယ်ပေးထားတာမို့ အခန်းထဲကို ဝင်လိုက်တာနဲ့ စိတ်အေးချမ်းမှုကို ဂျောင်ဟွမ် ခံစားလိုက်ရ၏။
အိမ်တော်တစ်ခုလုံး အလှဆင်ထားမှုက ဂျောင်ဟွမ်အကြိုက်တွေနဲ့ တော်တော်များများ ပြည့်နှက်နေတာကို ဂျောင်ဟွမ် သတိထားမိပါသည်။ သူတို့ နှစ်ယောက်အိပ်ခန်းထဲက King Size မွေ့ယာပေါ်မှာ နှင်းဆီနီပွင့်ဖက်တွေ ဖြန့်ကျဲထားတာမြင်ရတော့ ဂျောင်ဟွမ်မျက်နှာ ရဲကနဲ။
ဧည့်ခံပွဲအတွင်းမှာ ရှိနေဦးမဲ့ လူအကြောင်းတွေးမိတော့ ဂျောင်ဟွမ်ရဲ့အတွေးတွေက ထိုသူနဲ့ စဆုံဖူးခဲ့တဲ့ လွန်ခဲ့တဲ့ ၂နှစ်ဆီရောက်သွားသည်။
.
.
.
" ဟေ့ ဟေ့ ကောင်မလေး ... ဒါယောက်ျားလေး toilet မင်းဝင်လို့မရဘူး "" ကျစ် ... "
ဂျောင်ဟွမ် ခန္ဓာကိုယ်က အလျင်လိုနေတာမို့ နောက်ကို လှည့်မကြည့်အားသေးပေ။
" ဟေ့ .. ချာတိတ် ၊ ငါပြောနေတာကြားလား ! ဒါယောက်ျားလေး toiletလို့ "
သူ့စကားကို အဖက်မလုပ်တဲ့ ဂျောင်ဟွမ်ကို ထိုသူက ဇွဲမလျှော့ပဲ toiletထဲထိ လိုက်လာ၏။
" ကိုယ်ပြောနေတာ နားမလည်ဘူးလား၊ မင်းမှာ နားမပါဘူးလား "
" ဘာဗျ ခင်ဗျား .! "
ဂျောင်ဟွမ်ရဲ့ လက်ကိုဆွဲထားပြီး သူသာ ပြန်မဖြေရင် လွှတ်ပေးမဲ့ပုံ မပေါ်တဲ့သူကြောင့် ဂျောင်ဟွမ် ငိုချင်လာရသည် သူ့ အဖြစ်က အရေးကြီးနေပါတယ်ဆို။