ရှုခင်းတွေကို တစ်လှည့် ရုပ်တည်ကြီးဖြစ်နေတဲ့ ဘေးက လူကို တစ်လှည့်ကြည့်ရင်း ဂျောင်ဟွမ်ခေါင်းကိုက်လာရသည်။
" မူးလို့လား ... ရောက်တော့မှာမို့ ..။ ခဏပဲ သည်းခံပေးနော် "
လက်ရှိအခြေအနေအရ စိတ်ဆိုးနေတယ်လို့ ယူဆရတဲ့ ဂျောင်ဟွမ်ရဲ့ အိမ်ထောင်ဦးစီးဟာ ဂျောင်ဟွမ်ရဲ့ မျက်နှာအမူအရာကိုတော့ ဂရုတစိုက်ရှိနေဆဲပင်။
" ဘာလို့ကိုယ်တိုင်လိုက်လာတာလဲ၊ Kelvinတို့ကို ကြိုခိုင်းလိုက်လည်း ကျွန်တော် ပြန်လိုက်လာမှာပေါ့ "
" ခြေထောက်ထိခိုက်ထားတယ်ဆိုလို့ စိတ်ပူလို့ "
" ကျွန်တော့်ကို စိတ်ဆိုးနေမယ်ထင်တာ "
" စိတ်ဆိုးတာက သက်သက် စိတ်ပူတာက သက်သက် "
" အဲ့ဒါဆို လွမ်းတာမပါတော့ဘူးပေါ့၊ ကျွန်တော်ကတော့ သုံးညအိပ် လေးရက်တောင် ခွဲနေရလို့ ရင်တွေ ကွဲမတတ် လွမ်းနေရတာကို ...
ကိုကိုက ကျွန်တော်ကို မလွမ်းဘူးပေါ့လေ "မျက်နှာလေးငယ်ချကာ ပုခုံးပေါ်ပစ်မှီရင်း ဂျောင်ဟွမ် ပုံမှန်ထက်ပိုပြီး ချွဲနွဲ့တဲ့ လေသံနဲ့ဆိုမိတော့ ကိုကိုက စိတ်လျှော့လိုက်ဟန် သက်ပြင်းချ၏။
" ဘေဘီကွာ ! ကိုယ်အလိုလိုက်မှန်းသိတော့ ဆိုးနေတယ်ပေါ့ "
" အဲ့လိုမဟုတ်ပါဘူး ..။ ကိုကို့ကို ကျွန်တော့်ရှင်းပြပြီးပြီလေ အဲ့ဒီပုံတွေက ကျွန်တော် ခြေထောက်ထိ ခိုက်မိလို့ Stevenက ကူတွဲပေးတဲ့အချိန်ခဏလေးမှာ ရိုက်ထားတဲ့ပုံတွေမို့ပါဆို "
" ကိုကို မယုံရင် Alexနဲ့ တခြားကြိုက်တဲ့သူတွေကို မေးကြည့်လို့ရတယ်လို့ ကျွန်တော်ပြောသားပဲ "
အနည်းငယ်ယောင်ပြီး နီရဲနေတဲ့ သူ့ရဲ့ခြေထောက်ကို တစ်ချက်ကြည့်ရင်း ကိုကိုက
" အဲ့ဒီပုံတွေနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာ ဘာမှမရှိဘူး ၊ ကိုယ် ကလေးကိုယုံတယ်။ ကိုကိုအခု စိတ်မကောင်းဖြစ်နေတာက ဘေဘီ ထိခိုက်ဒဏ်ရာရတာကိုပဲ..။ ကိုယ်ကလေးကို သေချာစောင့်ရှောက်မပေးနိုင်လို့ ခုလိုဖြစ်ရတာ "