" ကိုယ့်ကို ဘာလို့ လွမ်းတာလဲ .. မွ "
ငိုလိုက်တာမို့ နဂိုနို့နှစ်ရောင် အသားရည်က ခပ်ရဲရဲဖြစ်လာတဲ့ ကောင်ကလေးကို မျက်ရည်တွေ သုတ်ေပးရင်း အသည်းယားလာတာမို့ ပါးအိအိလေးကို ဖိကပ်နမ်းရင်းမေးမိတော့ အရှက်သည်းပုံလာရတဲ့ ကောင်ကလေးရဲ့ မျက်နှာပြင်က ပန်းရောင်တွေ ယှက်ပြေးသွားသည်။
အိမ်ထောင်သက် 6လထဲ ရောက်နေပြီဆိုပင်မဲ့ သူ့ကို ချစ်ကြောင်း ထုတ်မပြောတဲ့ ကောင်ကလေးက သူ့အပေါ် ဘယ်လောက်ထိ တွယ်တာကြောင်းကိုတော့ သူ့နည်း သူ့ဟန်နဲ့ ထုတ်ပြရှာသည်။
" ချစ်လို့ .. "
" ဟမ် .. "
မမျှော်လင့်ထားတဲ့ အဖြေကို ကြားရတာမို့ Rutoခဏတော့ ကြောင်အ သွားမိတာ အမှန်။
" ကျွန်တော် .. ခင်ဗျားကို ချစ်မိနေပြီထင်တယ် "
ကိုယ်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ ထုတ်မမေးခဲ့ပင်မဲ့ ခုလို ဝန်ခံစကားကြားရတဲ့အခါ Rutoရဲ့ ဝမ်းသာစိတ်တို့က အတိုင်းအဆမရှိတော့။
" ကလေး .. ဘာပြောလိုက်တာ .. ကိုယ့်ကို သေချာအောင်ထပ်ပြောပေးပါဦး "
" တော်ပြီ .. ခင်ဗျား .. ကြားလိုက်ရက်သားနဲ့ သပ်သပ် အသားယူနေတာ "
" ဟားဟားဟား .. မဟုတ်ရပါဘူးကွာ၊ ကိုယ်က ကလေးဆီက ချစ်တယ်လို့ကြားရတာ ပိုပြီးသေချာချင်လို့ပါ "
အရှက်သည်းနေတဲ့ ကောင်ကလေးကို နဖူးပေါ် ခပ်ဖွဖွ အနမ်းပေးပြီး ရင်ခွင်ထဲဆွဲသွင်းတော့ အလိုက်သင့်ကလေးပါလာ၏။
" ဒီစကားကို ကိုယ့်ဘက်က ခဏ ခဏ ပြောပြီးသားဆိုပင်မဲ့ ကိုယ်ထပ်ပြီးပြောမယ်။ ကိုယ်ကလေးကို သိပ်ချစ်တာ။ ကိုယ့်ဘဝမှာ ပိုင်ဆိုင်သမျှ အရာအားလုံးထက် ကိုယ်က ကလေးကို ပိုချစ်တယ် "
" ကျွန်တော့်ကို နောက်ခါ အကြာကြီး ပစ်မထားခဲ့နဲ့ "
ရင်ခွင်ထဲက ကောင်ကလေးက နှုတ်ခမ်းတွေ ဆူရင်း မကျေမနပ်ဆိုလာတာမို့ Ruto အသည်းယားသွားရကာ နှုတ်ခမ်းတွေပေါ် ခပ်ဖွဖွ ဖိကပ်နမ်းလိုက်သည်။