숙취/hungover

37 2 1
                                    

တစ်ကိုယ်လုံးခဲပြီး ရိုက်နက်ခံထားရသလိုဖြစ်နေတဲ့ခံစားချက်က နှစ်ချိင့်စွာအိပ်ပျော်နေခြင်းကိုတောင်နိုးကြားစေသည်အထိ။

အလင်းယောင်မြင်ရင်အိပ်မပျော်တက်သူမို့ ပြတင်းပေါက်ကို နေလင်းယောင်မဝင်နိုင်တဲ့လိုက်ကာနှင့်ကာထားသော်လဲ ရေငွေ့ထုပ်စက်ဖွင့်ကာအိပ်ပျော်သွားသည်မို့ ထိုစက်မှ အလင်းရောင်ပြပြက
မျက်နှာကိုလာဟ ပ်နေသည်။ နာကျင်နေသောဂုတ်ပိုးအား လက်နှင့်ဖိကာ အိပ်ရာစွန်း၌ ထိုင်လိုက်သည်။

ငှါးထားသည့် အခန်းက studio type ဖြစ်တာမို့ တစ်ချက်လည့်ကြည့်ရုံနှင့်အိပ်ခန်းပတ်ပတ်လည်ကိုမြင်ရသည်။ အိပ်ယာဘေး၌ သူ့နေရာတကျသူရှိနေသော ဆေးလိပ်နှင့် မီးခြစ်ကားကောက်လိုက်သည်။ မနေ့ညကမသောက်အရမ်းမသောက်ဖြစ်လောက်ဘူးထင်ထားခဲ့ပေမဲ့ အဲ့ထက်ပိုနေတဲ့အခြေအနေတစ်ခုနဲ့ ကိုယ့်ကိုယ်ဒီမနက် ပြန်တွေ့လိုက်ရသည်ကလဲ အထူးဆန်းမဟုတ်ပေမဲ့ သိပ်တော့အဆင်ပြေမနေ။ ဆေးလိပ်တစ်လိပ်ဆွဲထုပ်ရင်း မီးစဖွါမိချိန် မနေ့ညက အခြေနေကြီးကဗွါးခနဲ။

Indoor bar ဖြစ်တာမို့ smoking era ကသီးသန့်တစ်နေရာတည်သည်။ ရောက်ဖူးနေကြ bar တွေလိုမဟုတ်ပဲ ဒီ bar ရဲ့ smoking era က သန့်စင်ခန်းဘေးနားရဲ့ တံခါးပေါက်မှထွက်ကာ ကြောင်အိမ်လှေကားမှ အပေါ်ထပ်သို့တက်ရသည်။ ထိုနေရာမှာတော့ သံတိုင်တွေနှင့် ခါးတစ်ဝက်လောက်ထိကာထားတဲ့ လာသာဆောင်ဆစ်ခုရှိပြီး မြို့ပြရဲ့ ရှုပ်ထွေးနေမှုမီးအလင်းယောင်တွေကိုမြင်ရသည်။ မှိန်ပြပြ မီးရောင်အောက်ကနေ ထိုမြင်ကွင်းကိုကြည့်ရသည်က ယမကာ
ဝင်ထားသည့်သူ့အတွက်တော့ ရူးလောက်သည်။ မဟုတ်လဲ ဒီလိုပုံစံက ရူးဖို့အတွက်ဖန်တီးပေးထားတာမျိုးလဲဖြစ်မှာပေါ့။

ဆေးလိပ်မီးညှိရန်အလုပ် အနောက်ဘက်မှခြေသံတစ်ခုထပ်လာသည်။ စိတ်နဲနဲကွက်သွားပေမဲ့ သူ့ကိုလာမထိခိုက်ရင်ရပြီဆိုသည့်စိတ်နှင့် မသိစိတ်ရဲ့ညွှန်ပြမှုအတိုင်း မီးကို စတိုင်ထုပ်၍ခြစ်သောလဲ gas ကုန်သွားပုံပေါက်သည့် မီးခြစ်ကြောင့် ရှက်မိသည်။

"ချာတိတ်"

အနောက်မှလှမ်းခေါ်သံကြောင့်ကြည့်မိတော့ မီးတိုက်ကိုကျောမှီကာရပ်နေသည့်လူက သူ့အား မီးခြစ် ကမ်းပေးသည်။

Countless sunsets, yet haven't talked to moonWhere stories live. Discover now