တိတ်ဆိတ်ငြိမ်သက်မှု မရှိပါပဲနဲ့ နိုးထလာရတဲ့ ဒီမနက်ခင်းမျိုးဟာ ၁ ပတ်တင်းတင်းပြည့်ခဲ့ပြန်သည်။ ပြဿနာတွေပြီးခဲ့တာ တစ်ပတ်အကြာဖြစ်ပြီး အထိုးခံခဲ့ရတဲ့သူကိုယ်တိုင်လဲ ဗိုက်ကတစ်ခါတစ်လေ တစ်ဆစ်ဆစ်ကိုက်နေခဲ့တာမို့ အိပ်ရာခွေရင်းခေါက်ရင်းနဲ့ လူးလှိမ့်နေခဲ့ပြီး အကုန်လုံးနဲ့အဆက်သွယ်ဖျက်ထားခဲ့သည်။ကိုယ့်ရဲ့တစ်နေ့တာ တာဝန်ပျက်ကွက်မှုတွေဟာ သိသိသာသာ လူကိုထုံမှိုင်းစေတဲ့စိတ်က မခံမခရပ်နိုင်ဖြစ်လာသည်မို့ ကျောင်းပြန်သွားမို့တော့နီခီခြေလှမ်းပြင်မိသည်။ ပုံမှန်ဆို လုပ်စရာတစ်ခုမဟုတ်တစ်ခုရှိမှနေတက်သည့် နီခီဟာ တစ်ပတ်တာအနားယူလိုက်တဲ့အချိန်အတွင်း သူ့စိတ်တွေဟာ လူတစ်ယောက်ပေါ်ကပ်တွယ်နေပြီး စိုးရိမ်စိတ်နဲ့ ကယောင်ခြောက်ခြားဖြစ်နေခြင်းကိုလဲ သဘောမကျခဲ့။ စိတ်ကူးတွေရှိပေမဲ့ စိတ်ကူးအတိုင်းထားရင် သုညက သုညပဲမို့ အနဲဆုံးတော့စိတ်ကူးတို့ကိုလက်တွေ့မချသုံးမိရင်တောင်စိတ်ရှင်းအောင်လုပ်ချင်မိသည်။
အိပ်ရာပေါ်တွေမှာ ပျံ့ကျဲနေတဲ့တစ်ရှုးစတွေဟာ စိတ်ကူးတို့ရဲ့တစ်ဖက်ကမ်းအလွန်ကပင်။ ညစ်ညစ်ပတ်ပတ်နေခဲ့တဲ့ တစ်ပတ်တာအတွင်းလူက အနံ့ထွက်ချင်ချင်ဖြစ်နေတာမို့ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ကာကျောင်းဘက်သို့ဦးတည်ခဲ့သည်။
ကြား မြင် နေတဲ့အချိန်တွေမှာ မသိချင်ယောင်ဆောင်ပြီး ပုတ်ချခဲ့ပေမဲ့ မကြား မတွေ့ရတော့တဲ့တစ်ပတ်တာက သူ့အတွက် စိတ်ကူးတွေကြားရူးပြီးသာကုန်သွားတယ် အလွမ်းဓါတ်တို့ကပို၍ပြည့်ဝလာခဲ့သည်။ ရှောင်ပြေးနေခဲ့တဲ့လမ်းက အမှားဘက်ကဖြစ်နေခဲ့လို့ထင်သည် တည့်တည့်ကြီးကိုဝင်တိုက်မိသွားတဲ့အချိန်မှာ နီခီတွန်းဆုပ်နေမိသည်။ ကြားထားရတဲ့သတင်းတွေဟာ ဘေးစကားဆိုပေမဲ့ ထိုဘေးလူတွေကလဲ စကားသာချဲ့ရင်ချဲ့မယ် အတည်မယူလို့လဲမရသေးပေ။
သိဖို့လိုအပ်နေပြီဆိုတဲ့ စိတ်ဆန္ဒတစ်ခုဟာ နီခီရဲ့ခြေလှမ်းတွေကိုပို၍ အသက်ဝင်ကုာသွက်လပ်စေခဲ့သည်။ ဆုတောင်းမှုလဲမရှိသလို၊ မျှော်လင့်မှုလဲမရှိတဲ့ သိရရင် ရပြီဆိုတဲ့ စိတ်တစ်ခုတည်းနှင့်သာ ခြေလှမ်းတွေက ဒီလောက်ဆို အားစိုက်ထုပ်မိသွားပြီး ရလဒ်ကိုသာ ရင်ဆိုင်းမဲ့အခြေအနေတွေဆို နီခီသူ့ဘဝကိုအဲ့လိုမမြင်နိုင်တော့ဘူး။
YOU ARE READING
Countless sunsets, yet haven't talked to moon
FanfictionIgnore the facts to go on, despite having accepted the situation