လေးတစ်ချက်တိုက်လိုက်တာနဲ့ လွှင့်ပျံ့နေတဲ့ ချယ်ရီနုနုတွေဟာ သူ၏ ဆိုင်ကယ်မောင်းလာရှိန်ကြောင့် ကျန်ရစ်ဖြစ်ပေါ်နေတဲ့ လေပြင်းများထဲ သာမာန်ကြွေကျမှု့ထက် အလျှင်မြန်ကြွေကျနေသည့်အပြင် လမ်းပေါ်မှာ ကြွေကျနှင့်နေတဲ့ ပန်းရောင်ပွင့်ချက်လေးများကလဲ လေပေါ်သို့ ထပ်မံလွှင့်ပျံကုန်ကြသည်။
အရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေတဲ့ ဆိုင်ကယ်ဟာ လမ်းတစ်လျှောက်က လူတိုင်းရဲ့ အာရုံစူးစိုက်မှု့ကိုခံနေရတဲ့ အဓိက ဇာတ်ဆောင်တစ်ခုအနေနဲ့ ထိုမနက်ခင်းတစ်ခု... မထူးဆန်းပေမဲ့ သာမာန်မဟုတ်တဲ့အခြေအနေကြောင့် တချို့ ရွယ်တူကောင်လေးတွေကြတော့လဲ Yamahar R7 ရဲ့အရှိန်ကြောင့် လည်ပြန်ငေးကြသည်။
ထိုအကြည့်တွေကိုလဲသေချာပေါက် မြင်ဖြစ်အောင်မြင်လိုက်သေးသည်မို့ ပို၍တောင်သူ့စိတ်ထဲ ယုံကြည်မှုများပြည့်လာခဲ့သည်။အမြန်မောင်းနှင်ခဲ့တာဟာ ချိန်းထားတာနောက်ကျနေလို့ဖြစ်ပေမဲ့ လူထုရဲ့အာရုံစိုက်ခံရမှုဟာ ကံဆိုးခြင်းထဲမှ ဆုလာဘ်တစ်ခုဖြစ်သည်။
တက္ကသိုလ်စတက်သည့်ပူပူနွေးနွေးကာလမို့ အိမ်ကို မျက်လုံးလေးဝိုင်းကာ နှုတ်ခမ်းထော်ပြလိုက်တာနဲ့ ရေဆိုရေ၊ ရွှေဆိုရွှေဖြစ်နေသည်ကို ဂျောင်ဝန်းက သူ့ရဲ့ တက္ကသိုလ်ဘဝရဲ့ အကောင်းဆုံးကာလလို့တောင်သပ်မှတ်ချင်နေပြီ။
"Yoyoyo ဖြေးဖြေးပါဗျာ ကျွန်တော်ကိုလဲဝင်တိုက်မိပါဦးမယ်"
စာသင်ဆောင်ရှေ့ကြိုရောက်နေတဲ့ နီခီဟာ သူ့ကိုနောက်ပြောင်၍ကြိုဆိုနေသည်။ ရလာသည့် ပုံရိပ်ကိုမှမထောက်။
"ဆိုင်ကယ်ကတော့ မိုက်ပါရဲ့ လူကပုပြီး ဂွမ်းနေလိုက်တာ ဘာကြီးဝတ်လာတာလဲမင်းဟာကလဲ ဟူဒီခဲရောင်နဲ့၊ sweatpants ကိုအမဲနဲ့ တော်သေးတာပေါ့ sweatpants ကို ခဲရောင်မဝတ်လာလို့ မဟုတ်ရင် မင်းဘဝတော့မတွေးရဲစရာ"
အဖွဲ့ထဲမှာ အဝတ်အစားနဲ့ပတ်သက်ရင် ဆရာအကျဆုံး နီခီနဲ့ တစ်ခါတစ်လေ ဘားခေါ်ရင်တောင် boxer နဲ့လာတက်တဲ့ ဂျောင်ဝန်းတို့ နှစ်ယောက်ရဲ့ မရိုးအီနိုင်တဲ့ရန်ပွဲက အမြဲအင်္ကျီကိစ္စကြောင့်ဖြစ်သည်။
YOU ARE READING
Countless sunsets, yet haven't talked to moon
FanfictionIgnore the facts to go on, despite having accepted the situation