အခန်းတံခါးထုသံက အိပ်ရေးဆက်တဲ့သူ့အတွက် အနှောက်အယှက်အဖြစ်လွယ်ပြီး နိုးကြားစေခဲ့သည်။ နာရီကြည့်လိုက်တော့ မနက် ၆ နာရီဝန်းကျင်သာရှိသေးသည်။ အလျှိုလျှိုဝင်သွားတဲ့ နေဝင်ချိန်တွေက ဒီနေ့မပါလျှင် ၂၀ ရက်၊ ဒီနေ့လဲ ထို ၂၀ရက်အတိုင်းဆို ၂၁ အရက် ၃ ပတ်။
"ဆူရာ... အစောကြီးဘာလာလုပ်တာလဲ"
အပေါ်ယံအပြုအမူဇာတ်ကောင်ထဲ နီခီပျော်မွေ့နေခဲ့တာတော့ ၂ ပတ်ပဲရှိသေးပေမဲ့ ပထမဆုံးစတင်လိုက်တဲ့ သူ့ရဲ့သားကောင်ဟာ ကျားသစ်မလှလှလေးမို့ အခြေအနေတွေတော့ တော်တော်ရောက်နေခဲ့ကြပြီ။ ကျားသစ်မလေးက လှည့်စားလိုက်၊ ပြေးလာလိုက်နဲ့မို့ နီခီပင်ပင်ပန်းပန်းတော့ လှုပ်ရှားစရာမလို။ ထောင်ချောက်အဖမ်းခံရသူဟာ နီခီပေမဲ့ ပို၍မောပန်းသူဟာ ဆူရာ။
"မနက်စောစော မူရာအတွက်မနက်စာလာလုပ်ပေးတာ မူရာ့ကိုစားစေချင်လို့"
လက်ထဲမှ စားစရာတချို့ကို လှမ်းပြရင်း သူ့ကိုအနဲငယ်တွန်းရင်း အိမ်ထဲဝင်သွားသည်။ ဒီအလျှင်နဲ့ကျားသစ်မကို သူဘယ်လိုတားရပါ့မလဲ။ ဒီရေစီးနဲ့လိုက်သွားဖို့ပဲ အစီစဉ်ချထားသည့် ရေမှော်ပင်သူ့အတွက်တော့ လှပတဲ့နေဝင်ဆည်းဆာကိုတွေ့ဆုံရင်း ညဘက်အလင်းရောင်ဘုရားသခင် လမင်းကိုတော့ စကားပြောဖို့ကံမကြုံသေးဘူး။
"အင်း... ဆူရာ ကိုယ်တစ်ခုပြောပါရစေ နောက်ခါတွေ ဒီလိုမလာပါနဲ့ ကိုယ်က ညဘက်သိပ်မအိပ်တက်တဲ့လူမို့"
"မူရာ ညအိပ်လို့မပျော်ဘူးလား ကြိုပြောမှပေါ့ မူရာရယ် အဲ့လိုမှန်းသိရင် ဆူရာ လာဖြစ်ရင်တောင် မူရာ့အတွက်ဆေးလေးဘာလေးဝယ်လာလို့ရတာပေါ့ မဟုတ်လဲ နေ့လည်မှလာတာပေါ့ အခုက မူရာအံ့ဩသွားအောင်လာလိုက်တာ"
အိမ်ထဲဖြင့်ရောက်နေပြီ ခြေမှ ဒေါင်ဖိနပ်ကို မချွတ်ပဲ သူ့မီးဖိုထဲမှာ အစားစာတွေကိုနွှေးရင်း ဂရုတစိုက်စကားလုံးလေးတွေပြောနေတဲ့ ကျားသစ်မဟာ သူ့ကိုတကယ်ပဲ နစ်မွန်းနေသလို။
"မူရာကို အရေးကြီးပေးစရာရှိလို့လေ.. မင်ဂျီကိုပေးရမှာဆိုပေမဲ့ မူရာ့ကိုအပ်ချင်လို့"
YOU ARE READING
Countless sunsets, yet haven't talked to moon
FanfictionIgnore the facts to go on, despite having accepted the situation