'အူဝဲ..အူဝဲ'ဆိုပြီး အော်ငိုတတ်တဲ့ အရွယ်ကတည်းက ရိပေါ်က မိဘမဲ့ဂေဟာမှာ နေခဲ့ရသည် ။ တီတီတာတာ စကားပြောတတ်စမှာ ပထမဆုံးပြောတဲ့စကားက တခြားအချစ်ခံကလေးတွေလို 'အမေ'ဆိုတာမျိုးမဟုတ် ။ ရိပေါ်ကို ယုယုယယကြင်နာပေးတဲ့'မာတာ'သာဖြစ်ခဲ့သည်။
ရိပေါ်ဟာ ချို့ချို့တဲ့တဲ့ကလေးနဲ့ ကျောင်းတက်ခဲ့ရသည်။ အလဲအလှယ် နှစ်စုံသာရှိတဲ့ အရောင် ညစ်ညစ်ပတ်ပတ် ကျောင်းဝတ်စုံကလေးဖြင့် ရိပေါ်ဟာ မူကြိုတန်းကို တက်ခဲ့သည် ။ တခြားကလေးတွေ ကစားချိန် ရိပေါ်ဟာ တစ်ယောက်ထဲ အဝေးကိုငေးနေတတ်သည် ။ ဘာကိုငေးနေမှန်းတော့ ကိုယ်တိုင်ပင်မသိ။ တခြားကလေးတွေ မုန့်စားဆင်းချိန် ကန်စွန်းရွက်ကြော်ကလေးနဲ့ ထုတ်လာတဲ့ ထမင်းချိုင့်ကို ဖွင့်ကာ တစ်ယောက်ထဲ တိတ်တဆိတ်ထိုင်စားနေတတ်သည်။ အဲ့အချိန်ကတည်းက ရိပေါ်ဟာ အနေအေးပြီး စကားနည်းတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့သည်။
ဒီအခြေအနေလေးနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ်ဖြင့် ရိပေါ် အသက် (၁၈)ပြည့်တဲ့အခါ ဂေဟာက ထွက်လာခဲ့သည်။ ဂေဟာကထွက်လာသည့်တိုင် ငယ်ငယ်ကတည်းက ရောင့်ရဲနိုင်အောင် လေ့ကျင့်ပေးခံလာရတဲ့ သူမို့ ဘယ်အရာကိုမဆို တပ်မက်စိတ်၊ လိုချင်စိတ်တို့ မထားဘဲ နေထိုင်လာခဲ့ပြီးမှ...
ရှောင်းကျန့် တဲ့ ။ရိပေါ်ရှာတွေ့ခဲ့တဲ့ တပ်မက်မှုလေး။
ရိပေါ်က တက္ကသိုလ် ပထမနှစ်..။ သူက တက္ကသိုလ် ဒုတိယနှစ်။ ရိပေါ်ရဲ့ စီနီယာပေါ့။
သူတို့ရဲ့ အဆင့်အတန်းက သိပ်တော့မကွာပါဘူး။ မသကာ နတ်ဘုံ နှင့် လူ့ဘုံလောက်ပေါ့လေ။
စွဲလန်းမှုမဖြစ်ဖူးတဲ့ ရိပေါ်က ရှောင်းကျန့်ကိုစွဲလန်းလာတယ်။ သူဟာ ရှောင်းကျန့်အတွက် လေလိုဖြစ်တည်မှုမျိုး ။သူ့ဘက်ကသာ စားမဝင်အိပ်မပျော်စွဲလန်းနေပေမဲ့ ရှောင်းကျန့်ဘက်ကတော့ သူ့ကိုသိတောင်မသိ။
မှဲ့နက်ကလေးနဲ့ သိပ်လှတဲ့ ရှောင်းကျန့်ကို သူစွဲလန်းခဲ့တာ အပြစ်တစ်ခုရယ်တော့မဆိုသာချေ ။ သူ့ကို စွဲလန်းစေတဲ့ အကြောင်းပြချက်အခိုင်အမာကလဲ ရှောင်းကျန့်ဆီမှာရှိနေတာကို ။
YOU ARE READING
Happy Ending
Short Storyကိုယ့်နှလုံးသားတွေ အေးခဲသွားခဲ့ရင်တောင် မင်းတစ်ယောက်ထဲကိုပဲ ချစ်နေပါ့မယ် ။ ဝမ်ရိပေါ်