"မောင်...လွမ်းတယ် "
နူတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာနဲ့ ပါးပြင်ပေါ်သို့ မျက်ရည်တို့က မထိန်းနိုင်ပဲ တဖြည်းဖြည်းလိမ့်ကျလာ၏ ။
ဝမ်ရိပေါ်နှင့် ရှောင်းကျန့် တွဲကာစက ။
"မောင်လို့ခေါ် "
"မခေါ်ချင်ဘူး "
"ခေါ်ပါဆိုကွာ "
"မခေါ်ချင်ဘူး ငါရှက်တယ် ရိပေါ် "
ရှက်ဝဲဝဲနဲ့ပြောလာသူကို ရိပေါ်က ကန်တင်းထဲမှာ အတင်းဖိနမ်း၏ ။ ရိပေါ်က သိပ်ဆိုးပါသည်။
"ခေါ်မယ် ခေါ်မယ်လို့ "
"အဟက်.."
ရိပေါ်က အဲ့သလိုမျိုး ။လိုချင်ရင် ရအောင်လုပ်တတ်သည်။
"အမြဲတမ်းတော့မခေါ်ချင်ဘူး ..တခါတလေမှ နော် "
"ရတယ် မင်းသဘော "
ရှောင်းကျန့်က ရိပေါ်ရဲ့ကျောပြင်ကိုသိုင်းဖက်လိုက်ပြီး မျက်နှာကလေးအား ရိပေါ် ပုခုံးပေါ်မှောက်ချလိုက်ကာ အသံတိုးတိုးလေးဖြင့်..
"မင်း သိပ်မဆိုးပါနဲ့ မောင်"တဲ့။
အချစ်လွန်ပြီး အတင်းတိုးဖက်တော့ ရှောင်းကျန့်ဆီက အာ့ခနဲတောင်ဖြစ်၏ ။ ထိုအခါ ရိပေါ်က တသောသောရယ်ပြီး မချင့်မရဲဖြစ်ခဲ့ရသည်။
အတိတ်တို့အား တွေးမိပြန်တော့ အငိုမျက်လုံးအပြုံးမျက်နှာဖြစ်ရပြန်သည်။
ဖန်လုံအိမ်ထဲက လူကို တိုက်ရိုက်မထိတွေ့နိုင်တာကြောင့် မှန်ပြင်ကနေသာ မျက်နှာလေးပေါ် မှန်းပြီး တင်ထားရတဲ့လက်တွေဟာ တဆတ်ဆတ် တုန်နေကြ၏ ။
ပြာနှမ်းနေတဲ့ ရိပေါ်မျက်နှာအရောင်ကလုံးဝမကောင်း ။ ရိပေါ်ရှိနေတာ ရေခဲတိုက်ဆိုတဲ့အသိကြောင့် အေးများအေးနေမလား? ဆိုတဲ့ မဟုတ်မဟတ်အတွေးတွေလဲ ခနခနဝင်ရသည်။ သတိတောင်မကပ်တဲ့သူကို အေးတာကိုရော သိပါ့မလား? ရူးချင်တယ်..ရိပေါ်..ငါတကယ်ရူးလိုက်ချင်တယ် ။
နှစ်တွေကြာသော်လဲ သူ့စိတ်တွေက အဲ့ဒီအချိန်တုန်းကလိုပဲ ပျက်စီးယို ယွင်းနေတုန်း ။ ဆောက်တည်ရာမရဖြစ်နေတုန်းပဲ။
YOU ARE READING
Happy Ending
Short Storyကိုယ့်နှလုံးသားတွေ အေးခဲသွားခဲ့ရင်တောင် မင်းတစ်ယောက်ထဲကိုပဲ ချစ်နေပါ့မယ် ။ ဝမ်ရိပေါ်