'ကျွီ'
တံခါးဖွင့်သံကြားတာကြောင့် ရိပေါ်အလျင်အမြန်အကြည့်အား ပို့လိုက်ပေမဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေ၏ ။
"အန်တီပါ ရှောင်းကျန့်မားမား "
အပြုံးဖြင့်ပြောလာတဲ့ အန်တီဟာ ဆယ်နှစ်ကြာသွားပေမဲ့ လှပနေတုန်းပင်။ 'သား သူ့ကို သိပ်ချစ်တာပဲ 'ဆိုတဲ့ သားရဲ့စကားကိုပြန်ကြားယောင်မိတော့ ထိုသို့လုပ်ရက်တဲ့ သူမယောကျာ်းအား မကျေမနပ်ဖြစ်လာပြန်၏။ လီဆူးက သူမယောကျာ်းအား မျက်စောင်းထိုးလိုက်ပြီး..
"နေရတာ အဆင်ပြေလား ရိပေါ် "
"ဟုတ်ကဲ့ "
"အန်တီ "
"ပြောလေ ရိပေါ် "
"ရှောင်းကျန့်နဲ့ ဖုန်းပြောချင်လို့ "
ရိပေါ်က ရှောင်းကျန့်မားကိုပဲ ခွင့်တောင်းလိုက်တယ်။ ရှောင်းသခင်ကြီးကို နားလည်ပေးချင်ပေမဲ့ ဒီလောက်အထိ လုပ်ရက်နိုင်တာကို အံ့ဩပြီး အကူအညီလဲမတောင်းချင်တော့ပေ။ ဆုံးဖြတ်ထားတဲ့အတိုင်း သူနိုးလာခဲ့ပြီမို့ ဘယ်သူတားတား ရိပေါ်ဂရုစိုက်တော့မည်မဟုတ် ။
"အန်တီခေါ်ပေးမယ် "
လီဆူးက ရှောင်းကျန့်ကို ဖုန်းခေါ်ပေးပေမဲ့ ဖုန်းထဲမှ မိန်းကလေးက စက်ပိတ်ထားပါတယ်ချည်းပဲ ပြောလာ၏ ။ ဖုန်းက စပီကာဖွင့်ထားတာမို့ အခန်းထဲက လူအကုန်ကြားနေရတယ် ။
"လေယာဉ်ပေါ်ရောက်နေပြီ နေမှာပေါ့ မင်းသားက ။ခုနက ဝမ်ရိပေါ်အသံကိုကြားလိုက်ရတာနဲ့တင် ဘာတစ်ခုမှ စဉ်းစားနေမှာမဟုတ်ဘူး ပြန်လာနေလောက်ပြီ "
ရှောင်းသခင်ကြီးက မျက်နှာပျက်နေတဲ့ ဝမ်ရိပေါ်ကြောင့် သူ့ဇနီးကိုပြောသလိုလိုဖြင့် ပြောလိုက်၏ ။
လီဆူးက သူမယောကျာ်းရဲ့စကားကိုကြားပြီး အသာအယာပြုံးတယ် ။နောက်မကြာခင်မှာပဲ သူမသားရောက်လာတော့မှာဖြစ်တယ် ။
"ရှောင်းကျန့်နဲ့ဖုန်းပြောသေးတယ်လား"
"ဟုတ်ကဲ့...စကားနှစ်ခွန်းပဲပြောရသေးတယ် ။ကျွန်တော့်ဖုန်း ဘက်ထရီကကုန်သွားတယ် "
YOU ARE READING
Happy Ending
Short Storyကိုယ့်နှလုံးသားတွေ အေးခဲသွားခဲ့ရင်တောင် မင်းတစ်ယောက်ထဲကိုပဲ ချစ်နေပါ့မယ် ။ ဝမ်ရိပေါ်