3

68 7 0
                                    

           (၁၀)နှစ်ကြာပြီးနောက်... 

X Flowerထဲသို့ လက်ကိုင်အိတ်တစ်ခုဖြင့် စမတ်ကျကျဝင်လာသူရဲ့ မတိုမရှည်ဆံပင်တို့ဟာ ရှေ့နဖူးပေါ် အလယ်မရောက်တရောက်ကနေ ဝှိုက်ဝှိုက်ကလေးခွဲသွားသည်။ မျက်ခုံးနက်နက်ဟာ လှလှပပ‌ကလေးရှိနေပြီး နှာတံကလေးဟာ သွယ်ဆင်းနေသည် ။ အရင်က ပါးပြည့်ပြည့်ကလေးဟာ အခုတော့ သိပ်မပြည့်တော့ပေမဲ့ ထိုလူရဲ့ ချောမောမှုကိုတော့ မနှောင့်ယှက်ထားနိုင်ဘူး ။နူတ်ခမ်းပါးတို့ဟာ  မရယ်မပြုံးဘဲရှိ‌နေတာတောင် လှလွန်းနေတယ်လေ ။ မှဲ့နက်ကလေးနဲ့လူဟာ တည်တည်တန့်တန့်နဲ့ကို လှလွန်းနေတာ မဟုတ်ပါလား ။

အဆစ်အနေဖြင့် လေးထောင့်မျက်မှန်ကာရံထားတာတောင် မျက်လုံးကြည်ကြည်တို့က လုံးဝအရောင်ရော့မသွားတာပဲ။ မျက်မှန်နဲ့လဲ သိပ်လိုက်တဲ့သူပါလေ။ အပေါ်အောက် အနက်ရောင်ဝတ်ဆင်ထားပြီး ဒူးအထိရောက်တဲ့ လောင်းကုတ်အဖြူရောင်ဖြင့် ထိုလူဟာ သူ့ရဲ့ရှည်တံရှည်တွေရဲ့ အကူအညီဖြင့် လွှားခနဲ လွှားခနဲ ဖြတ်သွားရင်ဖြင့် အိန်ဂျယ်နတ်သားငယ်လေးလိုပဲ ။

သူကတော့ တခြားသူမဟုတ် X Flowerရဲ့ CEOဖြစ်သူ ရှောင်းကျန့်ဖြစ်သည်။ CEOဟာ အမြဲရုပ်တည်နေတတ်ပြီး သူ့အပြုံးကိုမြင်ဖူးတဲ့သူ မည်သူမျှရှိမည်မထင်။ CEOက သူတို့အမြင်မှာ တစ်ယောက်ယောက်ကို စောင့် ဆိုင်းနေသလိုလို ၊အထီးကျန်သလိုလိုနဲ့ ‌ငမ်းချင်လို့ ကြာကြာကြည့်မိရင်တောင် သူတို့ပါမွန်းကြပ်လာသလို ခံစားရစေတာမျိုး ။ 

လွန်ခဲ့တဲ့ (၁၀)နှစ်ကတည်းက ရှောင်းကျန့်ဟာ စက်ရုပ်ခန္ဓာ ၊ စက်ရုပ်နှလုံးသားနဲ့ လူဖြစ်ခဲ့ပြီလေ။

လုပ်စရာရှိတာကို လုပ်ပြီး မသေရုံတမယ်စားတယ် ။ ဒီလိုနည်းလမ်းနဲ့ အသက်ရှင်သန်ရပ်တည်နေသည် ။

ပါးနဲ့လဲ အမြဲတကျက်ကျက်ဖြစ်နေလို့ အရင်ရိပေါ်နဲ့အတူနေတဲ့အိမ်မှာပဲနေဖြစ်တယ်။ ရိပေါ်အငွေ့အသက်တို့ရှိတဲ့နေရာက ရှောင်းကျန့်အတွက် သက်တောင့်သက်သာ ဖြစ်စေတယ်။

ဟန်ဆောင်မျက်နှာဖုံးတပ်ရတာကိုလဲမကြိုက်ဘူး ။ပါးစီစဉ်သမျှ Datingတိုင်းကိုလဲ လူအယောင်သာပြပြီး ဘာမှဖြစ်မြောက်အောင်မလုပ်ခဲ့။ လုပ်စရာလဲ မလိုဟုထင်သည်။ သူချစ်တာ ရိပေါ်တစ်ယောက်ထဲရှိမှန်း သိသိရက်နဲ့ ဒီလိုလုပ်ရပ်မျိုးစီစဉ်နေတဲ့ ပါးတို့အမှားပဲလေ။

Happy Ending Where stories live. Discover now