"အသစ်ရောက်လာမဲ့သူဆိုတာ စီနီယာလား"ဝန်ဘင်းတို့ရောက်နေတာက ကော်ဖီဆိုင်တစ်ခုတွင်ဖြစ်သည်။Bandမှာဆို လူတွေလဲရှိလို့ စကားပြော၍အဆင်မပြေတာမို့ တမင်အပြင်ဘက်ခေါ်ထုတ်ခဲ့ခြင်းသာ။
"အွန်း ဟုတ်တယ် အံ့ဩသွားတယ်မလား ။ ကိုယ်က surprise ဖြစ်သွားအောင်လို့ ဆူယွန်းကို တမင်မပြောခိုင်းလိုက်တာ"
အဲ့ဒီ စီနီယာဆူယွန်းကတော့လေ တကယ်လုပ်ချလိုက်ပြန်ပြီ။"အရင်အတိုင်းပဲလို့ထင်ခဲ့တာ ။ Binက တော်တော်ပြောင်းလဲသွားတာပဲ"
"ဟင် ဘာကိုလဲ"
"ကိုယ်ပြန်လာရင် ပျော်နေမယ်ထင်ခဲ့တာ ၊ အခုBinပုံစံက ကိုယ့်ကိုအခုမှမြင်ဖူးတွေ့ဖူးတဲ့ လူတစ်ယောက်လို ဖြစ်နေတာမို့"
စီနီယာစကားကို ဝန်ဘင်းမငြင်းပါ။ ရုတ်တရက်ကြီးတွေ့လိုက်ရတာမို့ ထိတ်လန့်ပြီး တုန်လှုပ်မိရုံပဲရှိခဲ့တာ၊ ထူးထူးခြားခြား ပြောင်းလဲသွားတာကရှိမနေ။
ပြီးတော့ စီနီယာအတွက်ခံစားချက်တွေက လွန်ခဲ့သော 3နှစ်တာ အတိတ်ကာလတွေမှာ ကျန်ထားခဲ့ပြီးသား။အခုချိန်မှာ ဝန်ဘင်းခေါင်းထဲရှိနေတာကချန်းယောင်းကို။ စီနီယာပြန်လာတာကို ကြိုများသိနေခဲ့မလား။ဒါကြောင့်ပဲ ဝန်ဘင်းကို ဖုန်းဆက်ခေါ်ပြောခဲ့လေသလား။
"အရင်အတိုင်းပါပဲ စီနီယာ....ထူးခြားပြီးပြောင်းလဲသွားတာ ရှိမနေပါဘူး"
" ဟုတ်ပါပြီ အဲ့ဒီစကားကိုယုံကြည်ပေးလိုက်ပါ့မယ် ဒါပေမဲ့ ကိုယ်..."
"မလုပ်နဲ့ စီနီယာ၊ ဒီတိုင်း သိခဲ့ကြတဲ့ စီနီယာ ဂျူနီယာ ဆက်ဆံရေးအဖြစ်နဲ့ပဲ သွားကြရအောင်"
"စိတ်ဆိုးနေခဲ့တာပဲ Bin က"
စကားကို ဘယ်လို အထအနကောက်ပြီး အဓိပ္ပာယ်ဖွင့်လိုက်လဲမသိ၊ဝန်ဘင်း စီနီယာစကားကြောင့် မယုံနိုင်အောင်ဖြစ်သွားရသည်။ 3နှစ်တာလုံး စိတ်ဆိုးကျန်နေခဲ့ရအောင် ဝန်ဘင်းက လိုချင်တာမရလို့ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ ငါးနှစ်သားအရွယ်ကလေးပေါက်စလေးလဲဟုတ်မနေ။
"ထင်ချင်သလိုထင် စီနီယာ ၊ ကျွန်တော့်ဘက်က စီနီယာကို စောင့်လဲ စောင့်မနေခဲ့သလို မျှော်လင့်ချက်လဲ မထားခဲ့ဖူးဘူး။ ကျွန်တော်တို့ရဲ့ ပက်သတ်မှုက လွန်ခဲ့တဲ့3နှစ်မှာပဲ ပြီးဆုံးသွားခဲ့ပြီ"
YOU ARE READING
Please Be My Only Star | Anbin
Fanfiction"ကိုကိုက ဟိုးအရင်ကတည်းက ကျွန်တော့်ရဲ့ လမ်းပြကြယ်လေးလေ" Anton "မင်းနဲ့ငါ သက်ဆိုင်ကြောင်းပြနိုင်တာဆိုလို့ အဲ့လက်စွပ်ပဲရှိတာလေ အရူးကောင်လေးရဲ့" Wonbin