လက်သန်းကြွယ်ထက်မှာ ရှိနေသော လက်စွပ်လေးအား ကြည့်ရင်း ဝန်ဘင်းပြုံးမိနေတာ ဘယ်နှစ်ကြိမ်ရှိနေပြီမှန်းမသိတော့။တခြားသောစိတ်ခံစားချက်တွေထက် ကိုယ့်ရဲ့ လက်ပေါ်မှာ ဒီလက်စွပ်လေးတည်ရှိနေတာကိုက သဘောတကျဖြစ်နေမိသည်။
တစ်ဆက်တည်း သူလက်စွပ်တောင်းလိုက်သောညကအဖြစ်အပျက်များကို ပြန်တွေးမိရင်း ရှက်ရပြန်သည်။လက်စွပ်တောင်းသောည......
"ကိုကို ဘာပြောလိုက်တာ"
"လက်ထပ် လက်စွပ်လို့ပြောတာ ငါ မင်းကိုပေးထားတဲ့လက်စွပ်"
"ကိုကိုက ဘာလုပ်ဖို့လဲ"
လက်စွပ်ပါဆို လက်မှာဝတ်မှာပေါ့ မေးခွန်းတွေကများနေသေးတယ် ဒီကောင်။"ရောင်းစားမလို့ သိပြီလား"
"ခွီးးးးကိုကို တကယ်ပြောနေတာလား"
"ပေးမှာလား မပေးဘူးလားပြော"
"လာ ဒီနားလေးကိုလာ။ လာ ကျွန်တော်ပြောပြမယ်"
အနားခေါ်လိုက်တော့ လှုပ်စိလှုပ်စိ နဲ့ချန်းယောင်းထိုင်နေတဲ့အနားရောက်လာလေသည်။ရုတ်တရက်အသဲယားနေသူကို လှမ်းဆွဲလိုက်တော့ ပေါင်ပေါ်ထိုင်ရက်သားလေးရောက်လာသည်။ချန်းယောင်း ကိုကို့ခါးသေးသေးလေးကို လက်နှစ်ဖက်နဲ့ကျစ်နေအောင် သိုင်းဖက်ထားပစ်လိုက်သည်။
"မင်း လူညစ် လွှတ် လွှတ်လို့"
"ငြိမ်ငြိမ်လေးနေ ကိုကိုရဲ့ ပြောစရာရှိတယ်"
"အပိုပြောလာမပြောနဲ့ ။ မင်းတမင် အသားယူနေတာ"
"တကယ်ပြောစရာရှိတာ ။ ငြိမ်ငြိမ်လေးနားထောင်ပေး"
"ခါးကလက်ကို အရင်လွှတ်ပေး "
"မရပါဘူး ကျွန်တော်ပြောမဲ့စကားက ဒီလိုဖက်ထားပြီး ပြောရမယ့်စကား"
"သောက်ဆန်းကြီး"
"ဟားဟား ဆဲတယ်နော် အရမ်း"
"လေရှည်မနေပါနဲ့ ပြောစရာရှိတာပြော"
"ကျွန်တော်မပြောခင် မေးစရာရှိသေးတယ်။ ကိုကို အမှန်အတိုင်းဖြေနော်"
"မေး"
"ကိုကို ဘာလို့ လက်စွပ်ကို ပြန်ရချင်တာလဲ"
YOU ARE READING
Please Be My Only Star | Anbin
Fanfic"ကိုကိုက ဟိုးအရင်ကတည်းက ကျွန်တော့်ရဲ့ လမ်းပြကြယ်လေးလေ" Anton "မင်းနဲ့ငါ သက်ဆိုင်ကြောင်းပြနိုင်တာဆိုလို့ အဲ့လက်စွပ်ပဲရှိတာလေ အရူးကောင်လေးရဲ့" Wonbin