Part _5

149 30 9
                                    

တိတ်ဆိတ်သော ညအလယ်မှာအပြင်ဘက်၌ မိုးတွေကလဲသည်းထန်စွာရွာသွန်းပြီး လျှပ်စီးများကလဲ တစ်လက်လက်ထနေလေသည်။ဝန်ဘင်း မိုးကိုမုန်းပါသည်။ဒီလို လျှပ်စီးတွေထနေရင် မုန်းတာထက် ကြောက်တာဖြစ်သည်။

ပိုပြီးမုန်းနေတာက သူ့ကို ဘာအကြောင်းမှ မကြားသွားပါပဲနဲ့ ရုတ်တရက်ခရီးထွက်သွားသောသူကို။အလုပ်နဲ့သွားရမှန်း ဝန်ဘင်းသိပေမဲ့ အကျိုးသင့်အကြောင်းသင့်ပြောသွားခဲ့စေချင်တာ။

ခုတော့ အိမ်ကအ​ဒေါ်ကြီးပြောမှသိရပြီး ဝန်ဘင်းကိုလဲ ဟိုဘက်ရောက်မှ ဖုန်းဆက်အသိပေးခဲ့ခြင်း။

'ကိုကို့ အလုပ်ချိန်တွေ နှောင့်ယှက်မိမှာစိုးလို့ တမင်ဖုန်းဆက်အကြောင်းမကြားလိုက်တာပါ။အဒေါ်ကြီးကို ကျွန်တော်ပြန်ရောက်တဲ့အထိ ညဘက်တွေ အိမ်မှာနေပေးဖို့ အကူအညီတောင်းထားတယ်။ကိုကို ဘာမှမကြောက်နဲ့နော် ကျွန်တော်အလွန်ဆုံး တစ်ပတ်ပါပဲ' တဲ့။

ဖုန်းဆက်အသိမပေးတောင် မက်ဆေ့ဖြစ်ဖြစ်ချန်ထားပြီးပြောခဲ့လို့ရတာပဲလို့ ဝန်ဘင်းပြန်မပြောဖြစ်ခဲ့။ အရင်ကလဲ သွားနေကျခရီးတွေမှာ ချန်းယောင်းဘက်က အသိပေးအကြောင်းကြားခြင်းတွေ ရှိခဲ့ပေမယ့် ဝန်ဘင်းက ဂရုစိုက်ခဲ့တာမဟုတ်။

ခုမှ ထဖောက်ပြီး မပြောသွားရလေခြင်းလားဆိုပြီး စိတ်ဆိုးစိတ်ကောက်ရအောင်လဲ သူတို့ဆက်ဆံရေးက အဲ့လိုစိတ်ဆံရေးမျိုးမဟုတ်ခဲ့။

အလွန်ဆုံးတစ်ပတ်ပါပဲ ပြောပြီး 8ရက်မြောက်နေ့ရောက်လာလဲ ပြန်မလာသေးသူကြောင့် ပိုဒေါသထွက်ရသည်။ကြားထဲ ဖုန်းအဆက်အသွယ်မရပေမယ့် ချန်းယောင်းဘက်ကစာတစ်ကြောင်းနှစ်ကြောင်းလောက် မက်ဆေ့တွေ ပုံမှန်ပို့ပေးလေ့ရှိသည်။စာကလဲ 'good night ကိုကို စောစောအိပ်'ဆိုတဲ့စာကြောင်းနဲ့ မနက်တစ်ခါ 'morning ကိုကို 'ဆိုတဲ့ စာတွေပဲ နေ့တိုင်းထပ်လာသည်။ အရင်လို စာပါးစပ်လို တီတီတာတာ စကားလုံးတွေ ပြွတ်သိပ်နေအောင် မပို့လာတော့ ရင်ထဲမှာတစ်ခုခု လိုနေတာလို ခံစားလာရသည်။

အလုပ်တွေအရမ်း ရှုပ်နေလို့များလားလို့ ဖြည့်တွေးပြီး စိတ်လျှော့ရသည်။အရင်ကတောင် ဘာမှမဖြစ်ပဲ ခုမှဘာတွေထဖြစ်နေလဲ ကိုယ်တိုင်လဲမသိတော့........

Please Be My Only Star | AnbinWhere stories live. Discover now