Part _ 1

176 23 1
                                    

"အားးးးးး ဒီအစုတ်ပလုတ်ကောင် အီချန်းယောင်း။ ဘာလို့ဖုန်းကိုမကိုင်ရတာလဲ"

"အေး မင်းပဲနေနိုင်သလား ။ ငါကပဲခေါ်နိုင်မလား ကြည့်ကြသေးတာပေါ့လေ"

အိပ်ယာနိုးလာကတည်းက မကြည်သောစိတ်များက ခုမှပိုပေါက်ကွဲထွက်လာသလိုလို။ တရားခံကတော့ အီချန်းယောင်း ဆိုတဲ့ သူ၏အမည်ခံသပ်သပ် ခင်ပွန်းဆိုသူပင်။

မည်သူ့ကြောင့်ပင် စိတ်အနှောက်အယှက် ဖြစ်စေကာမူ နောက်ဆုံး ရမယ်ရှာသူကတော့ အီချန်းယောင်းကိုပဲဖြစ်သည်။
ဒါဟာ ကိုယ့်အပေါ် သူလုပ်ခဲ့သော ရလဒ်အတွက် ခံစားရမည်ပဲလေ။ အီချန်းယောင်းကိုယ်တိုင် သူဆိုတဲ့ ပတ်ဝန်ဘင်း ကိုမှရွေးချယ်ခဲ့တဲ့ အပြစ်ဒဏ်ပဲကို ။ ကျေကျေနပ်နပ်ကြီး ခံစားလိုက်စမ်းပါ။
*****************
ဗွီ..ဗွီ...ဗွီ....

ခဏ ခဏထမြည်နေတဲ့ ဖုန်းသံကြောင့် ချန်းယောင်း စိတ်ကတိုလာရသည်။ခေါ်ဆိုနေသူကိုလဲ သိသည်။ သူ့ရဲ့တစ်ဦးတည်းသော ဒုက္ခအိုးလေးဆိုတာ။ Meeting ချိန်ကြောင့်မို့သာ တော်တော်သည်းခံထားရတာပင်။ ခေါ်ဆိုနေတာလဲ အခါ50လောက်ရှိနေပြီ။ တော်တော်စိတ်ဆိုးနေတော့မည်ဆိုတာလဲ သူခန့်မှန်းမိပါ၏။

သို့သော် Meeting က ရပ်၍မရ ။ အရေးကြီးပရော့ဂျက်အတွက် ပြင်ဆင်နေသည်မို့ အချိန်ထပ်ဆွဲနေလို့ကလဲ မရချေ။နောက်ပြီး ဒီပရော့ဂျက်အတွက် အရေးပါဆုံးလူတွေကတောင် သူတို့ရဲ့Schedule တွေပါဖျက်ပြီး လာခဲ့ရတာမို့ အားနာမိရသည်။

"ဟို...ဥက္ကဌလီ အရေးကြီးဖုန်းမို့ထင်တယ် ။ ကိုင်လိုက်ပါဗျာ"

"မဟုတ်တာဗျာ။ အရေးမပါတဲ့ဖုန်းပါ ကျွန်တော်တို့ ပြန်ဆက်ကြတာပေါ့"

"အိုခေဗျာ ...ဥက္ကဌလီ အဆင်ပြေတယ်ဆိုလဲ "

"ဟုတ်ကဲ့ ....ဒါဆို ...."

ဗွီ....ဗွီ...ဗွီ.....

"ဟားးး ကိုင်လိုက်ပါတော့ဗျာ တော်တော်အရေးကြီးနေမှာပါ.။ ကျန်တာ နောက်ရက်မှ ဆက်ကြတာပေါ့ "

"အာ.....ဟုတ်ကဲ့ ဒါဆို ကျွန်တော် အားနာနာနဲ့ပဲ meeting ကိုအဆုံးသတ်လိုက်ပါရစေ"

ရုတ်တရက်ထပွင့်လာသော ဖုန်းscreenကြောင့် ကြည့်မိလိုက်တော့ 'ဒုက္ခ လှလှလေး'ဆိုတဲ့ သူရဲ့ တစ်ဦးတည်းသော ကိုကိုဆီကပင်။
မြန်မြန်ဖွင့်ကြည့်မိလိုက်တော့ ပို့ထားသော စာကြောင့် လူကခေါင်းမီးတောက်သွားရသည်။

Please Be My Only Star | AnbinWhere stories live. Discover now