အခန်း ၁ မှ ၅

910 83 1
                                    

အခန်း (၁)

ညနေခင်းအချိန်တွင် အစိမ်းရောင်ဖြင့် ဖုံးလွှမ်းထားသော လှည်းတစ်စီးက ရှည်လျားသောလမ်းမထဲ မောင်းနှင်လာပြီးနောက် စံအိမ်တစ်အိမ်၏ အရှေ့၌ ရပ်တန့်သွားသည်။ တံခါးစောင့်နှစ်ယောက်က စကားပြောနေကြပြီး သူတို့တွေက လှုပ်ရှားသံကြားတဲ့အခါ လှည့်ကြည့်ကြတော့ အလျင်စလိုဖြင့် ပြောလာလေသည်။

"သူတို့ ရောက်လာပြီ"

"ဘယ်မှာလဲ" တစ်ဖက်လူက စိတ်အားထက်သန်စွာဖြင့် မတ်တပ်ရပ်ပြီးနောက် ခါးထောက်ကာ ဂိတ်ပေါက်အပြင်ဘက်ကို ကြည့်လိုက်လေသည်။

"ဟေး ‌ရောက်လာတဲ့သူက လောင်လျူပဲ"

မြင်းလှည်းမောင်းနှင်သူက ‌ဆင်းလာပြီးနောက် နှုတ်ဆက်လာလေ၏။ ထို့နောက် အစေခံဟောင်း တစ်ယောက်လည်း ဆင်းလာလေသည်။ ထိုစဉ် သူ့အနောက်တွင်ပါလာသော ကောင်မလေးတစ်ယောက်မှာ သူမ၏ အထုပ်အား တင်းကျပ်စွာဖက်ထားလျက် စိုးရိမ်စွာဖြင့် ပတ်၀န်းကျင်အား ကြည့်နေလေ၏။

ဒီမှာရှိနေတဲ့ အရာအားလုံးက သူမအတွက် စိမ်းသက်နေလေသည်။ ရှည်လျားသော အိမ်အပေါက်၀၊ ရွှေကမ္ပည်းပြား၊ ဂိတ်ပေါက်၀တွင် ရှိနေသော သွား၊ အစွယ်များနှင့် ကျောက်ခြင်္သေ့ ထိုအရာများက လီကျီကျီကို အလွန်အမင်း လန့်‌သွားစေ၏။

"သခင်မလေး အထဲအမြန်၀င်သွားပါ သခင်နဲ့ သခင်မက စောင့်နေလိမ့်မယ်"

အ‌စေခံဟောင်းက ပြောလာသောအခါ၌ လီကျီကျီလည်း တိတ်တဆိတ် သဘောတူလိုက်ပြီးနောက် သူမ၏ အနောက်မှ ခမ်းနားလှသော စံအိမ်ထဲသို့ လိုက်၀င်သွားလိုက်လေသည်။ အိမ်က တကယ်ကိုကြီးမားပြီး နေရာတိုင်းတွင် အသေးစိတ်ကအစ လှပ‌နေ‌ကာ ဟင်္သာပြဒါးဖြင့်ပြုလုပ်ထားသော ကျောက်တိုင်များ၊ ထွင်းထုထားသော ကျောက်လက်ရန်းများ၊ ကြမ်းပြင်၏ ကြွေပြားများကိုတောင် ပုံစံများဖြင့် ထွင်းထုထားသေး၏။ ထိုသို့သောနေရာမျိုးတွင် သူမ၏ဖုန်ထူသော အထည်ကြမ်းဖိနပ်တွေများဖြင့် အပေါ်ကနင်းလိုက်သောအခါ၌ လီကျီကျီသည် 'ဒီနေရာနဲ့မလိုက်ဖက်ဘူး' ဟု ခံစားလိုက်ရလေသည်။

အိမ်ထဲမှာ အစေခံများစွာရှိပြီး သူတို့အကြည့်က သိချင်စိတ်အပြည့်ဖြင့် စေ့စေ့စပ်စပ်ကြည့်နေကြတာကြောင့် သူမ အဆင်မပြေလှပါ။ လီကျီကျီသည် ခေါင်းငုံ့ထားလျက် ထိုလူတွေရဲ့ အကြည့်အား ရှောင်ရှားလိုက်ရင်း အစေခံဟောင်းနောက်ကနေ ခန်းမထဲသို့ လိုက်သွားလိုက်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးရင်းက လက်ဖက်စိမ်းမပဲလုပ်တော့မယ်Where stories live. Discover now