အခန်း ၁၆ မှ ၂၀

531 57 3
                                    

အခန်း (၁၆)

လီကျီကျီသည် သူမ၏ စားပွဲဆီ ပြန်လာပြီးနောက် အချိန်အား စစ်ဆေးကြည့်လိုက်သည်။ ဝူက မကြာခင် စာသင်တော့မှာဖြစ်၏။ သူမ ခေါင်းမော့ကြည့်လိုက်တဲ့အခါ စုတန်ယုက ကျန်းကျီယုအား အပြင်ကနေ အခန်းထဲသို့ ဆွဲခေါ်လာနေတာကို တွေ့လိုက်ရသည်။ ကျန်းကျီယု၏ မျက်၀န်းများက နီရဲနေပြီး သူမမျက်နှာပေါ်က မိတ်ကပ်တစ်ချို့ဖျက်ထားပုံရကာ သူမ အလွန်ငိုထားမှန်း ပြသနေ၏။

လီကျီကျီသည် သူမကို မြင်ရတော့ အတိတ်ဘ၀က သူမကိုယ်တိုင်ကို မြင်လိုက်ရသလိုပင်ဖြစ်သွားလေ၏။သူမမှာ ထိုကဲ့သို့ လှောင်ပြောင်၊ ရယ်မောခံခဲ့ရသည်။ အရင်ကဆို သူမမှာ ကူညီပေးရန် စုတန်ယု မရှိတာကြောင့် အခု ကျန်းကျီယုက ကံကောင်းလှ၏။

ပြီးနောက် လီကျီကျီ၏ အတွေးထဲတွင် အတွေးတစ်ချို့ဖြစ်ပေါ်လာသည်။ ဒီနေ့အခြေအနေအရဆိုလျှင် ရှောင်မန်နှင့် သူမ၏ သူငယ်ချင်းနှစ်ယောက်က ကျန်းကျီယုအား သဘောမကျပုံရပြီး သူတို့က ပဋိပက္ခတွေတောင် ရှိခဲ့နိုင်သည်။ ဒါဆို ဘာကြောင့်‌ နောက်ပိုင်းမှာ ကျန်းကျီယုက သူတို့နဲ့အတူရှိသွားရတာလဲ။

လီကျီကျီမှာ သူမ၏အရင်ဘ၀က စုတန်ယုနှင့်ပတ်သက်ပြီး တွေးတောကြည့်ပေမယ့်လည်း ဘာမှ စဉ်းစားလို့မရပါ။ သူမက တခြားလူများနှင့် အဆက်အဆံလုပ်တာ ရှားပါးတာကြောင့် နောက်ပိုင်း စုတန်ယုတွင် ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိပါချေ။

စုတန်ယုသည် ကျန်းကျီယုအား နှစ်သိမ့်ပေးပြီးနောက် သူမ၏ စားပွဲဆီ ပြန်လာပြီး လီကျီကျီအား ဒေါသထွက်နေသော အရိပ်အယောင်ဖြင့် ပြောသည်။

"အဲဒီလူတွေက သူတို့ရဲ့အဆင့်အတန်းကြောင့် မောက်မာနေကြတာ ပြီးတော့ သူတို့ပြောလိုက်တဲ့ စကားတွေကလည်း အငြိုးအတေးတွေနဲ့ ..ငါ့အမြင်အရဆို သူတို့တွေသိပ်မကြာခင် ထိပ်တိုက်တွေ့လိမ့်မယ်"

သူမ စကားပြောပြီးနောက် လီစု၀မ်က လီကျီကျီ၏ ၀မ်းကွဲအစ်မ ဖြစ်နေတာကို သတိရသွားတော့ သူမ နောင်တရမိ၏။ သူမ လီကျီကျီအား အားနာစွာဖြင့်ကြည့်ပြီး တစ်ခုခုဖြည့်စွက်ပြောရန် ရည်ရွယ်လိုက်သော်လည်း လီကျီကျီက သတိထားမိပုံမရဘဲ စိုးရိမ်စွာဖြင့်မေး၏။

You've reached the end of published parts.

⏰ Last updated: Oct 13 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးရင်းက လက်ဖက်စိမ်းမပဲလုပ်တော့မယ်Where stories live. Discover now