Korean basketball league (KBL) :
ဘတ်စကတ်ဘောကွင်းအတွင်း ဘောလုံးပုတ်သံများသည် စက္ကန့်မလပ်ပျံ့လွင့်လို့နေသည်။ ပွဲစဉ်နီးကပ်နေသဖြင့် ပိတ်ရက်ဖြစ်သော်လည်း ကစားသမားများမှာ အချိန်ပိုပေး၍ လေ့ကျင့်နေခြင်းဖြစ်သည်။
" 3 points shot! "
ဘောလုံးကို ခြင်းထဲသို့ သေသပ်စွာမြှောက်သွင်းလိုက်သောသူသည် board ပေါ်မှ ကိန်းဂဏန်းတွေကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်စွန်းများ ကော့တက်ရုံပြုံးသည်။ အနိုင်အရှုံးကွဲသွားပြီဖြစ်သဖြင့် လူစုခွဲကာ တစ်ဖက်က အသင်းခေါင်းဆောင်နှင့် လက်သီးချင်းတိုက်၍ peace လုပ်တော့ မျက်မှန်းတန်းမိနေပြီဖြစ်သည့် အသားညိုညိုနဲ့လူက 'skill တွေမိုက်တယ် ဘရို' ဟူ၍ ကပ်ပြောသည်။ သူ့ဘက်ကလည်း စိတ်ရင်းနဲ့ပင် ပြန်ချီးကျူးလိုက်သည်။ တကယ်ဆို သူက ဒီနေရာမှာ လူသစ်သာသာ။
ဂျာစီအင်္ကျီကို အပေါ်ဆွဲမကာ လည်ပင်းရှိချွေးစများကိုသုတ်တော့ 'ROLE MODEL' ဟူသည့် တက်တူးစာလုံးများက လည်တိုင်တစ်လျှောက်တွင် ငေးမောစရာ အနုပညာတစ်ခုလို။ အနီရောင်တောက်သော ဆံပင်များကို ခပ်သွယ်သွယ် လက်ချောင်းများဖြင့် ထိုးဖွလိုက်ရင်း ချွေးစများကို ခါလိုက်တော့ အားပေးသည့်ခုံတန်းတွေဘက်၌ အော်သံများ စီခနဲ ထွက်လာသည်။
ကျော့ရှင်းသည့် ကိုယ်ဟန်။ တည်ကြည်သည့် မျက်ဝန်းများက ပတ်ဝန်းကျင်ကို သိပ်အာရုံရှိဟန်မပေါ်သော်လည်း အော်သံများကြောင့် ခုံတန်းများဘက် လှည့်ကြည့်လာသူသည် ထိုင်နေသည့်သတင်းထောက်မလေးနှစ်ဦးကိုမြင်ခိုက် ခေါင်းကိုအသာငြိမ့်၍ နှုတ်ဆက်သည်။
" ဟဲ့ အဲဒီ့ဆံနီလေးက ဆင်လိုက်တာဟယ် ငါမြင်ဖူးသလိုရှိပေမယ့် စဉ်းစားမရဘူးဖြစ်နေတာ၊ နေစမ်းပါအုံး အဲတာ ဟိုတစ်ယောက်မလား၊ နည်းပြခေါင်းဆောင်ဆော့ကိုယ်တိုင် ခေါ်လာတယ်ဆိုတဲ့တစ်ယောက်လေ၊ နာမည်က ရှန်ချန်ဘာဆိုလား၊ တရုတ်လူမျိုးလေဟယ် "
ဆံပင်ခပ်မြင့်မြင့်စီးထားသော မျက်မှန်နှင့် သတင်းထောက်မလေး ရယ်အီသည် နီညိုရောင်ဂျာစီလက်ပြတ်ဝတ်ထားသည့် ကျောပြင်ကို တစ်ဆုံးလိုက်ကြည့်ရင်း သူမဘေးမှ အဖော်ကို မေးလိုက်သည်။ တနင်္လာနေ့အတွက် အားကစားသတင်းတစ်ခုခု ရယူရန် ရောက်လာသော သူမတို့မှာ ယခုတွင် သတင်းဘာညာကိုပင် စိတ်ထဲမရှိတော့။ ကံကောင်းထောက်မစွာဖြင့် မြင်လိုက်ရသော အနီဆင်လေးသည် မျက်စိအေးလွန်းလှသည်မဟုတ်ပါလား။
YOU ARE READING
High-class Shot
Fanfictionhere are some tips how high-class men pursue for love •digimonz