" အမလေး စိတ်ခုန်လိုက်တာနော် "
" ငါရောပဲ။ ဒါ ငါ့ရဲ့ first concert experience လေ။ မက်သရူးကို မြင်ရတော့မယ်လို့ တွေးမိတာနဲ့ လက်တွေခြေတွေပါ အေးစက်လာရော ဟူးး "
Concert Hall ထဲ နေရာယူပြီးသည်နှင့် နံဘေးမှ တတွတ်တွတ်အသံများကို ရစ်ခီ လျစ်လျူရှုပစ်လိုက်သည်။ concert ပထမဆုံးလာဖူးသည်ဆိုသည့် ဘေးခုံက ကောင်မလေးတစ်ယောက်နှင့် စကားလက်ဆုံကျနေသော ယွမ်ယွမ်မှာ သက်တမ်းရင့်စီနီယာပရိသတ်တစ်ဦးပမာ။ Standing area မပါသဖြင့် မနက်ကအထိ 'DBK entertainment' ကို မေတ္တာပို့လို့မပြီးသေးသူမှာ သူမဟုတ်သည့်အတိုင်း ပြုံးရွှင်လို့နေသည်။
မက်သရူးသည် fangirl များသာမက fanboy များလည်း များလှသဖြင့် တစ်ကိုယ်လုံးနက်စွေးနေသည့် ရစ်ခီမှာ အများအာရုံစိုက်ခံရမှုကို အနည်းအကျည်းတော့ ရှောင်ကြဉ်နိုင်၍ တော်သေးသည်။ မဟုတ်ပါက မိန်းမငယ်လေးများအကြား သူတစ်ယောက်တည်း ထီးထီးမတ်မတ်ကြီး ဖြစ်နေဦးမည်။
သို့သော် mask ကိုအကျအနတပ်ထားကာ tanktop အနက်ပေါ်တွင် suit အနက်ရောင် ထပ်ဝတ်ထားသည့် ရစ်ခီသည် ဦးထုပ်အနက်ကိုပါ ခပ်ငိုက်ငိုက်ဆောင်းထားသေးကာ ထိုင်ခုံပေါ်တွင် အေးအေးသက်သာ ခြေချိတ်၍ထိုင်နေသဖြင့် မသိလျှင် နယ်ပယ်တစ်ခုခုမှ celebrity တစ်ယောက်နှင့် ဆင်တူလှသည်။ ထို့ကြောင့် နံဘေးဝန်းကျင်မှ တစ်ချို့သော မျက်စိအစာကျွေးတတ်သူများမှာ ပုံခိုးရိုက်၍ gp chat များထဲတွင် 'fanboy အဆင်လေး' ဆိုကာ တဟိဟိဖြင့် ဆွေးနွေးနေကြသည်။ တစ်ချို့မှာမူ Idol နဲ့မဖြစ်နိုင်ရင် fanboy နဲ့ဖြစ်ရမည်ဆိုကာ စိတ်ကူးယဉ်ကမ္ဘာထဲ လက်ပစ်ကူးနေကြပြီဖြစ်သည်။
ရစ်ခီသည်တော့ ထိုလိုပတ်ဝန်းကျင်နှင့်အသားကျနေပုံရကာ သူ့အကြည့်များမှာ stage ပေါ်ရှိ LED ကို သာ စိတ်ဝင်တစား ကြည့်ရှုနေသည်။ LED ပေါ်ရှိ video မှာ မိနစ်ပိုင်းသာကြာမြင့်ပြီး ထပ်တလဲလဲပြသနေသော်လည်း ရစ်ခီမှာတော့ အကြည့်မလွှဲဖြစ်။ hall တစ်ခုလုံးတွင် LED ပေါ်က မက်သရူးလောက် သူ့အာရုံကို ဆွဲခေါ်နိုင်သည်မျိုးမှ မရှိသည်လေ။ video ထဲမှ အနီးကပ်ရိုက်ချက်များသည် နီးကပ်လွန်းသဖြင့် မက်သရူးမျက်လုံးထောင့်ဘေးဖက်မှ မှဲ့လေးကိုပင် တစ်ခါတစ်ရံ မြင်ရတတ်သည်။ ခပ်ဟဟကော်လံအောက်မှ ညှပ်ရိုးများသည်မူ လှပစွာထုဆစ်ထားသည့် အနုပညာတစ်ခုလို။
YOU ARE READING
High-class Shot
Fanfictionhere are some tips how high-class men pursue for love •digimonz