3

330 54 6
                                    

မျက်လုံးတည့်တည့်ကို ထိုးနေတဲ့ နေရောင်စူးစူးကြောင့် ရစ်ခီ အိပ်နေရင်းမှ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဆက်တည်းမှာ သတိထားမိလိုက်သည်က ယခင်မနက်ခင်းများနဲ့ တူမနေသည့် ခံစားချက်။ ထိုးကိုက်နေသည့်နားထင်ကြောများက ယမကာသောက်ခြင်းရဲ့ အကျိုးဆက်ဖြစ်သော်လည်း နီးကပ်နေတဲ့ အပူငွေ့တစ်ချို့သည် မည်သည့်နေရာက လာလေသနည်း။

" Sh*t! "

မျက်လုံးတွေကို ဖွင့်ပစ်လိုက်ချိန် မြင်လိုက်ရတဲ့ မြင်ကွင်းသည် ရစ်ခီ့ပါးစပ်မှ အဆဲစကားလုံးများကို တန်းစီထွက်လာစေနိုင်သည်။ မျက်နှာကြက်နှင့် အခန်းအပြင်အဆင်များအရ ထိုနေရာသည် သူ၏ဟိုတယ်ခန်း အမှန်ဖြစ်သော်လည်း သူ့လက်မောင်းတစ်ဖက်ကို ခေါင်းတင်လျက် အသာအယာအိပ်စက်နေသူမှာ အမှန်ပင် ဆော့မက်သရူးဖြစ်လို့နေပါ၏။

ရစ်ခီမှာ ချက်ချင်းလက်ငင်း ဆတ်ခနဲ ကောက်ထပစ်ရန်လိုအပ်နေသော်လည်း ပူထူနေတဲ့သူ့စိတ်ထက်ပင် ပို၍ပူကျစ်နေဟန်ရှိသည့် ရင်ခွင်ထဲကလူရဲ့ကိုယ်ငွေ့ကို သတိထားလိုက်မိသည်။

" အစ်ကို... မက်သရူး "

" အင်း..."

ပုခုံးမှအသာလှုပ်၍ နှိုးပါသော်လည်း အဖျားတက်နေသူက မျက်လုံးပင်မပွင့်ပါပေ။ အနည်းငယ်ပွေ့ယူလိုက်သည်မို့ ယခင်က လည်ပင်းတစ်ဝိုက်ထိ ဖုံးအုပ်ထားသော စောင်အဖြူလေး လျှောကျသွားသည့်နောက်ကို အကြည့်ရောက်သွားမိသည်။

ယခင်က အပေါ်တွင် ထပ်ဝတ်ထားသည့် ရှပ်လက်ရှည်လေးသည် ဘယ်ဆီရောက်မှန်းမသိရသဖြင့် လက်တိုအနက်လေးသာရှိသည့် ကြည်လင်နေတဲ့အသားအရည်ပေါ်တွင် ဖြူလွလွလည်တိုင်အောက်က ညှပ်ရိုးများမှာ ထင်းလင်းနေသည်။

ရစ်ခီ အကြည့်ပြန်လွှဲလိုက်ရင်း နဖူးပေါ်လက်တင်၍ စမ်းကြည့်သည့်အခါ အမှန်ပင်ပူကျစ်နေသည်မို့ ကျစ်ခနဲစုတ်သပ်ပစ်မိသည်။ ဒီလူ ဖျားနေပြီဖြစ်သည်။ တံခါးဖွင့်ထားသည့် ဝရန်တာဘက်မှ တိုက်နေသည့် လေအေးများသည် တရားခံဖြစ်ပုံပေါ်သည်။

တစ်ဆက်တည်းမှာ ဦးနှောက်ထဲ အချိန်ကိုက် စုပြုံဝင်ရောက်လာသည့် မှတ်ဥာဏ်များက ဟိုတစ်စ သည်တစ်စ။ မနေ့ညက သူတို့ အသောက်လွန်သွားသဖြင့် ရိုင်ယန်က သူ့ဟိုတယ်ခန်းကို လိုက်ပို့ခဲ့ပုံရသည်။ ပြီးတော့ သူနဲ့ဒီလူတို့ တွေ့တဲ့နေရာမှာပဲ ဖြစ်သလို အိပ်ပစ်ကြသည့်ပုံ။

High-class ShotWhere stories live. Discover now