" Cheers! "
မျက်နှာချင်းဆိုင်ကလူနဲ့ ခွက်ချင်းတစ်ချက်တိုက်ပြီးနောက် လက်ထဲက Whiskey ကို ဇိမ်ခံ၍ တစ်ကျိုက်မော့လိုက်သည့် အမျိုးသားသည် ကလပ်ထဲရှိလူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ ဖန်ခွက်ကို ကိုင်ထားသည့် လက်ချောင်းရှည်သွယ်သွယ်တို့တွင် ပလက်တီနမ်လက်စွပ်တစ်ကွင်းက လက်ညှိုးထက်နေရာယူနေကာ လက်ကောက်ဝတ်တွင်တော့ အနက်ရောင် branded နာရီတစ်လုံးကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ အသက်ဝင်နေတဲ့ မီးရောင်ပြိုးပျက်ပျက်တို့ကတောင် ဆွဲငင်အားအပြည့်နဲ့ ထိုအမျိုးသားရဲ့မျက်လုံးတွေကို သက်ရောက်နိုင်စွမ်း ကင်းမဲ့နေဟန်။
ရောက်စကတည်းက ဘယ်လိုလူတစ်ဦး တစ်ယောက်ကိုမှ အကြည့်တစ်ချက်မပေးသေးသည်မို့ ချဉ်းကပ်ချင်သူများမှာလည်း အခွင့်အရေးရှာမရပါပေ။ ထို့ပြင် ထိုအမျိုးသားရဲ့ မျက်နှာချင်းဆိုင်တွင် ရှိနေသည်က ကလပ်ပိုင်ရှင် ရိုင်ယန် ဖြစ်သည်မို့ ခပ်မြင့်မြင့် အဆင့်အတန်းထဲက အထက်တန်းလွှာတစ်ဦးမှန်း သိသာလှသည် မဟုတ်ပါလား။
ရိုင်ယန်မှာမူ ပတ်ဝန်းကျင်ကအကြည့်တွေကို မခံစားမိသည့်အလား သို့မဟုတ် နေသားကျနေသည့်အလား အမူအယာမပျက် ထိုင်နေသည့် ရစ်ခီကိုကြည့်ကာ တစ်ချက်ရယ်ချပစ်မိသည်။ အချစ်ရေးနှင့်ပတ်သက်လျှင် အေးစက်လွန်း အရှုပ်အရှင်းကင်းလွန်းတဲ့ အနှီကျောင်းနေဖက်ဂျူနီယာလေးအကြောင်းကို သူမသိဘဲမနေ။ သူတို့နှစ်ရဲ့ ကျောင်းမြက်ကလေးများလို့ တင်စားရမည့် ရှန်ချွမ်ရွေ့
ရစ်ခီနှင့် ကင်မ်ဂယူဘင်းတို့ သူငယ်ချင်းနှစ်ဦးတွင် ကင်မ်ဂယူဘင်းက ပွေရှုပ်သလောက်
ရှန်ရစ်ခီကတော့ ထွက်ရပေါက်ရနေသည့် လူလိုပင်ဖြစ်ခဲ့သည်မဟုတ်ပါလား။" ဒါနဲ့ ပြိုင်ပွဲအတွက် Congratulations နော် ဂျူနီယာလေး "
" ကျေးဇူး ဘရို "
ရစ်ခီက ရိုင်ယန့်စကားတွင် ဖန်ခွက်ချင်း တစ်ချက်တိုက်၍ Whiskey ကို ခပ်ဖြည်းဖြည်း မော့သောက်သည်။ မကြာသေးခင်က ကနေဒါတွင် ပြုလုပ်သည့် နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခုတွင် ရစ်ခီတို့အသင်းက အနိုင်ရခဲ့သည်။ ပြိုင်ပွဲပြီးတော့ အဖော်များက အလျှိုလျှိုပြန်သွားကြသော်လည်း ကနေဒါလေထုကို ခံစားချင်သေးတဲ့ ရစ်ခီက နေရစ်ခဲ့သည်။ ဒီနေ့တွင်တော့ ရိုင်ယန်၏ချိန်းဆိုမှုကြောင့် 'Dark Souls' ကို ခြေဦးလည့်လာတာဖြစ်သည်။
YOU ARE READING
High-class Shot
Fanfictionhere are some tips how high-class men pursue for love •digimonz