အပိုင်း (၆)

105 3 0
                                    

         ကျွန်တော် မူးမူးနဲ့ပြန်ထတဲ့အချိန်မှာကျွန်တော့်ရှေ့မှာ လူ‌တစ်ယောက်ခါးထောက်ပြီး ကျွန်တော့်ကိုငုံကြည့်နေတယ်လို့ ခံစားရတယ် ကျွန်တော်လည်း ဖိနပ်ကိုမြင်တော့ ထင်တဲ့အတိုင်းပဲ သူဖြစ်နေတယ် ကျွန်တော်လည်း ဘားမဖြစ်သလိုဟန်ဆောင်ပြီး  ထကာ ပြုံးပြလိုက်သည်။

"မင်း က ငါဘောလုံးကန်တာကိုလာကြည့်တာလား"

"အားအားယားယား ဖြစ်စရာလား"

"ဒါဆိုဘာလာလုပ်တာလဲ "

"နေ့လည်ကအိမ်လာသွားတယ်မဟုတ်လား ကျွန်တော်က အိမ်ခဏပြန်သွားတာလေ အဲ့တာ အဒေါ့်ကိုပေးပြောထားခိုင်းတာ ‌အကိုကျွန်တော့်ကို စိတ်ဆိုးနေမှာကြောက်လို့
အဲ့တာလာတောင်းပန်တာ"

"မဆိုးပါဘူး"

ကျွန်တော်တို့ကြားခဏတာတိတ်ဆိတ်သွားပြီး ဘောလုံးကန်နေတဲ့ ထဲကတစ်ယောက်က

"ဟျောင့် ရဲထွဋ်"

"ဝေ့ "

"လာလေ မင်းအဲ့မှာဘာလုပ်နေတာ"

"အေးကွာ ငါမဆော့တော့ဘူး အိမ်ပြန်တော့မလို့ နောက်ကျနေပြီး "

အိမ်နဲ့ကျောင်းက ၁၈မိနစ်လောက်လမ်းလျောက်ရတာမို့ သူစောစောပြန်မယ်လို့ပြောတာထင်သည် ကျွန်တော့်အိမ်နဲ့ကျောင်းနဲ့ဆိုရင်တော့ ၂၅မိနစ်ခန့်ကြာသည်၊ ကျွန်တော်လည်းအထာသိပြီးမို့ ဘားမပြောပဲငြိမ်နေလိုက်သည်၊ ပြီးမှ ကိုရဲထွဋ်ကကျွန်တော့်ကို ပုခုံးဖက်ပြီး

"ကဲ ပြန်မယ် ထ"

"ဟုတ်ဟုတ်"

ကျွန်တော်တို့ နှစ်ယောက်လုံး ပွဲကြည့်စင်မှဆင်းလာပြီး ဘောလုံးကွင်း အနောက်ဘက်ကပတ်ပြန်သည် လမ်းမှာ သီချင်းလေးတကျော်ကျော်ဖွင့်ပြီး လာနေတဲ့ ရေခဲမုန့်သည်ကိုတွေ့တော့ ရဲထွဋ်အောင်က လှမ်းတားလိုက်သည် ကျွန်တော့်ကိုဝယ်ကျွေးမယ်လို့ထင်လိုက်သည်။

"ရေခဲမှုန့် သည်ခဏလေးဗျ"

ရေခဲမုန့်သည်လည်း လမ်းဘေးရှိအပင်တစ်ပင်အောက်မှာ ရပ်လိုက်သည် ပျွန်တော်တို့နှစ်ယောက်လမ်းကူးပြီး ရေခဲမုန့်သညဆီရောက်သွားသည် ၊ အဲ့တုန်းကလည်း သူကျွန်တော့်လက်ကို ဆွဲပြီးလမ်းဖြတ်ပေးခဲ့တာ မှတ်မိသေးတယ် ကျွန်တော် တချက်တော့ လန့်သွားတာပေါ့ ကျွန်တော့်စိတ်ထဲမှာတော့ ပုံမှန်သူငယ်ချင်း ညီအကိုကျောင်းသားအချင်းချင်းဒီလို လုပ်ပါ့မလားပေါ့၊ အဲ့အတွတ်လည်းကျွန်တော်ပီတိဖြစ်ရပြန်သည်။

အထက်တန်းဒိုင်ယာရီ(ဖြစ်ရပ်မှန်)Where stories live. Discover now