အပိုင်း(၄)

175 2 2
                                    

            "ဗြန်းးးး အာ့"
ကျွန်တော့်အတွေးတွေမမှားဘူးလို့ ကျွန်တော်ထင်သွားတယ် မရဲတရဲစိတ်ဖြင့်ကျွန်တော်အနောက်ကိုလှည့်ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက် ဆိုင်ကယ်စလစ်ဖြစ်ပြီးလဲကျသွားသည်။ ကျွန်တော်လည်းကူညီဖို့သွားခဲ့ရာ လူတွေလည်းတဖြည်းဖြည့်းအုံလာသည် ကူညီဖို့မဟုတ် စက်စုရန်သာဖြစ်သည် မြန်မာသဘာဝပေါ့ ကျွန်တော်လည်းလူတွေအုံလာပြီးမို့ လက်ထဲကငရုပ်သီးမှုန့်ထုပ်ကို ပြန်သတိရသွားကအိမ်ဆက်ပြန်ဖို့လုပ်နေရင်း ရုတ်တရက်ဆိုသလို ကျွန်တော့်အရှေ့မှာ ဆိုင်ကယ်တစ်စီးကထိုးရပ်လေသည်။ ထိုသူသည်အခြားသူမဟုတ်။ရဲထွဋ်အောင်သာဖြစ်သည်။

"ကဲဘယ်ကလာတာလဲ ဘယ်ကိုကြွမလို့လဲ"

"ဘယ်မသွားပါဘူးဈေးဝယ်ပြီးပြန်လာတာ"

"ဒီနေ့ကျောင်းမှာ ဘာဖြစ်လို့အပြစ်ပေးခံရတာလည်း စာမရလို့လား"

"ကျွန်တော့်ဘာသာဘာပဲဖြစ်ဖြစ်ပကို့အပူပါလား ဖယ်စမ်းပါ "

ခပ်စွာစွာလေသံဖြင့် ကျွန်တော်ပြောပြီး ဆိုင်ကယ်ရှေ့မှာထွက်ကာ အိမ်သို့ပြန်လာလိုက်သည် ။ ကျွန်တော်လည်းရှက်ကိုးရှက်ကန်းနှင့် အိမ်ထဲဝင်ကာ အဒေါ့ကိုပစ္စည်းပေးပြီး ရေမိုးချိုးပြီး စာလုပ်ဖို့စာပွဲခုံရှေ့မှာ နေရာယူလိုက်သည်  ကျွန်တော်မရတဲ့ အလီ ပေါင်းချုပ်ကိုမရမက အော်ကျတ်လိုက် အလွတ်ရေးလိုက်ဖြင့် လုပ်နေသည် ညလည်း ၈နာရီခွဲပြီးဆိုတော့ ကျွန်တော် အိပ်ယာပြင်ပြီးအိပ်ရန်လုပ်သည် အဒေါ့်အိမ်သည် နှစ်ထပ်ဖြစ်သည် ကျွန်တော်နေတဲ့အခန်းက အိမ်ရဲ့ အပေါ်ထပ်အနောက်ခြမ်းကျသည် အခန်းကရေချိုးခန်းနဲ့ အိမ်သာတွဲရက်ရှိသည် တံခါး နှစ်ပေါက်မှာ တစ်ပေါက်က မှန်အကျယ်ကြီးဖြင့်ကာထားပြီး လိုက်ကာ ခဲရောင်ကိုချထားသည် ကျန်တစ်ပေါက်ကတော့ စာရေးစပွဲနားမှာဖြစ်သည်  ကုတင်နဲ့သက်သောက်သက်သာ အိပ်ရတယ်ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ စိတ်အလိုမကျမှု့တွေ သောကတွေ ပူပန်းမှု့တွေနဲ့သာများနေသည်
ဒီလိုနှက့်အိပ်မပျော်တော့ကာ မနေ့ကလှလို့ဆိုပီ့းဝယ်ခဲ့တဲ့ စာအုပ်အညိုလေးကိုထုပ်ပြီး စိတ်ထဲရှိသမျှကျွန်တော်ချ‌ေးမိတော့သည်။

အထက်တန်းဒိုင်ယာရီ(ဖြစ်ရပ်မှန်)Where stories live. Discover now