အပိုင်း (၂၁)

304 7 0
                                    

    "တူလေး သွားတော့မလို့လား"

"ဟုတ်ဒေါ်လေး"

"ရော့ရော့ ဒီမှာ နင့်အမေပေးလိုက်တဲ့ ပိုက်ဆံ ၁သိန်း ရှောက်ရှောက်လည်း မဝယ်နေနဲ့အုံး"

"ဟုတ်ကဲ့ပါဗျ ပြန်လာရင် ဒေါ်လေးတွတ်ဘာဝယ်ခဲ့ရမလဲ"

"အမလေး တော်ပါပြီး ဘမှမမှာတော့ပါဘူးဟယ်"

"ဟုတ်ဟုတ်"

ဒေါ်လေးကို နှုတ်ဆက်ပြီး ကျွန်တော်ခြံအပြင်သို့ အိတ်တစ်လုံးနဲ့ ထွက်လာခဲ့လိုက်သည် ၁၅မိနစ်အကြာတော့ အိမ်စီးကား တစ်စီးက ရောက်လာသည် ကားခေါင်မှာတော့
ကားသမားနဲ့ သူ့သမီး နှစ်ယောက်သာရှိသည် ကားအနောက်ဘက်မှာတော့ သူသူ ကောင်းကောင်း မြနှင်းနဲ့ ကိုထွဋ်တို့က အေးဆေးလေး နေရာချောင်ချောင်နှင့်အဆင်ပြေနေသည်။ ကျွန်တော်ကားအနောက်ဘက်ကိုသွားကာ ကားပေါ်ကိုအမြန်တတ်လိုက်သည် ဘွတ်ဖိနပ်နဲ့မို့ ဖိနပ်ချွတ်ရသည်က တချိန်ကုန်

"လာလာကိုချွတ်ပေးမယ်"

ဘာတဲ့ ကိုချွတ်ပေးမယ်တဲ့ ကျွန်တော်ကအဲ့အပြောလေးတွေကြောင့် ကိုထွဋ်ကိုပိုသဘောကျနေမိသလားမပြောတတ် ပြောပြောဆိုဆို ‌ကျွန်တော့်နားကပ်လာပြီး ဖိနပ်ကျိုးတွေကို ဖြေးဖြေးချင်းဖြေနေသည်

"သွားလို့ရပြီးဦးလေး"

သူသူရဲ့အော်သံနဲ့အတူကားကြီးကလည်း စထွက်ပါတော့သည်

"ဇွဲကဖိနပ်ကြိုးချည်တာ တော်သားပဲနော်"

"ဟုတ်"

"ဘာလဲရှက်နေတာလား"

"မဟုတ်ပါဘူး ဇွဲကို ကိုထွဋ်ဒီလိုလုပ်ပေးတာအားနာလို့ပါ"

"ရပါတယ်ကွာ မင်းကိုငါငယ်ငယ်ကတည်းက ထိန်းလာတာပါကွာ "

ဒါပေမယ့် ကျွန်တော့်အသက်က ၅နှစ်ကျော်ထိပဲအကိုနဲ့ နေခဲ့ရတာလေ ဘာလို့ဒီမဖြစ်စဘလာက်သံယောဉ်ဇဉ်ကိုခဏခဏပြောနေတာလဲဗျာ လိူ့ပြောချင်ပေမယ့် ပြောမထွက်ခဲ့ပါ

"နောက်ခါ ဖိနပ်ကြိုးချည်ရင် ပွပွချည်ရတယ် ဇွဲရဲ့"

"အဟန့်အဟန့် ငါ့ဖိနပ်ကြိုးကဘယ်ရောက်နေပါလဲမသိ"

အထက်တန်းဒိုင်ယာရီ(ဖြစ်ရပ်မှန်)Where stories live. Discover now