မနေ့က နှိုင်းရဲ့(Acc)လေး followers 400 ပြည့်သွားခဲ့တယ်။လူအယောက် ၄၀၀ပြည့်တယ်ပေါ့။ဒါက တစ်ခြားသောအောင်မြင်နေတဲ့သူတွေအတွက် ရီစရာပမာဏဖြစ်နေပေမယ့် နှိုင်းအတွက်တော့ အရမ်းကိုတန်ဖိုးကြီးလွန်းပါတယ်။
နှိုင်းက သိပ်မကြာသေးခင်ကမှ ဒါတွေကို အစကနေပြန်စနေရတဲ့သူလေ။
ဟုတ်တယ်....နှိုင်းရဲ့ အကောင့်အဟောင်းပျက်သွားခဲ့တာမို့လို့ အခုလိုအသစ်ဖွင့်ပြီး ကြိုးစားရုန်းကန်နေရတာလေ။အဲ့ဒီအချိန်မှာ.....သိပ်မကြာသေးတဲ့အခုလိုအချိန်မှာ....ဒီပရိတ်သတ်ပမာဏက နှိုင်းအတွက်တော့ တန်ဖိုးကြီးပါတယ်။
အရင်က အကောင့်အဟောင်းပျက်သွားတော့ နှိုင်းရဲ့စာတွေ အစအဆုံးအသစ်က ပြန်ရေးရတယ်။နှိုင်းကို သိတဲ့လူလည်းမရှိတော့ဘူး။နှိုင်း စာရေးရတာ အားငယ်တယ်ပေါ့။လူတစ်ချို့ရဲ့စိတ်ထဲမှာလည်း နှိုင်းရဲ့စာတွေဖတ်တဲ့လူမရှိဘူးလို့ထင်ခဲ့တာမျိုး.....နှိုင်းရဲ့(2018)လောက်ကတည်းက သုံးခဲ့တဲ့အကောင့်လေးပျက်သွားတော့ တစ်ခြားအရာထက် ရေးထားတဲ့စာတွေ အစအဆုံးပြန်ယူဖို့၊ပြန်ရေးဖို့ကြိုးစားရတာ..ခက်ခဲခဲ့တယ်လေ။အဲ့ဒီအကောင့်ဟောင်းက တစ်စုံတစ်ရာရဲ့ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားခဲ့ရတာ။
အဲ့ဒါကို ပြန်စဉ်းစားလိုက်ရင် ဆုံးရှုံးမှုအတွက် နာကျင်ရပေမယ့် ပြန်ရလိုက်တဲ့ တန်ဖိုးအကြီးဆုံးအရာလေးတစ်ခုအတွက် နှိုင်း ကျေနပ်ပျော်ရွှင်နေရတယ်။အဲ့ဒီ ဆုံးရှုံးမှုကို ကြံဖန်ပြီးကျေးဇူးတင်မိပြန်တယ်။
တကယ်ပါ....အရာရာအတွက်ကျေးဇူးတင်ပါတယ်။အတိတ်ကဖြစ်ခဲ့သမျှကို ကျေးဇူးတင်ပါတယ်။နှိုင်းအတွက်တန်ဖိုးအကြီးဆုံးလက်ဆောင်လေးတစ်ခုကို အဲ့ဒီနာကျင်ဆုံးရှုံးမှုတွေကြားထဲက ပိုင်ဆိုင်ရရှိခဲ့တာမို့လို့ ကျေးဇူးတင်ပါတယ်။
အခုလေ နှိုင်းရဲ့စာတွေကိုဖတ်ပေးပြီး နှိုင်းနဲ့အတူတူရှိပေးကြတဲ့ စာဖတ်ပရိတ်သတ်လေးတွေတစ်ယောက်ချင်းစီတိုင်း ကျေးဇူးအများကြီး...အများကြီးတင်ပါတယ်။
နှိုင်းရဲ့ဖြစ်တည်မှုတွေအားလုံးက ဒီစာဖတ်ပရိတ်သတ်တွေကြောင့်ပါပဲ။ဒီနေ့အထိ ရပ်တည်နေနိုင်တာ ဒီစာဖတ်ပရိတ်သတ်တွေရဲ့ကျေးဇူးကြောင့်ပါပဲ။
စာဖတ်ပရိတ်သတ်လေးတွေပေးလာတဲ့(Vote),(Comment)...တွေက နှိုင်းအတွက်ရှေ့ဆက်ဖို့အင်အားတစ်ခုပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။
နှိုင်းကလည်း ဆက်လက်ပြီး ကြိုးစားသွားဦးမှာမို့လို့ ရှင်တို့ရှိနေပေးကြပါဦးနော်။နောက်ရက်တွေတိုင်းမှာလည်း နှိုင်းရဲ့စာတွေကို ဖတ်ရှုပေးပါ။အားပေးပါ။နှိုင်းနဲ့အတူတူရပ်တည်ပေးပါရှင့်။
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ရှင့်စာရေးသူ-အေဗရီရင့်ဟန်

YOU ARE READING
Thank you guys....!!
Acakဒီနေရာမှာ နှိုင်းရဲ့ဒါဒါလေးတွေကို ကျေးဇူးတင်စကားပြောမယ်။ နှိုင်းပြောချင်တဲ့အကြောင်းအရာလေးတစ်ချို့ရှိရင်လည်း လာပြောမယ်။ အင်း......ဘာပဲဖြစ်ဖြစ် ဒီနေရာလေးမှာနှိုင်းရဲ့ဒါဒါလေးတွေကိုကျေးဇူးတင်စကားပြောဖို့ရည်ရွယ်သလို......ဒါဒါလေးတွေဘက်ကလည်း ပြောချင်တာရှိရ...