အခန်း (၆/ ၂)

10 0 0
                                    

နှစ်ယောက်သား ဧည့်ခန်းတွင် ထိုင်စောင့်နေကြလေသည်။ တစ်နာရီခန့်ကြာပြီးသည့်နောက် အပြင်ဘက်မှ ရိုက်ပုတ်သံကြားလိုက်ရပြီး တစ်ယောက်ယောက်က အော်ဟစ်ပြောဆိုလေသည်။ "တံခါးဖွင့်စမ်း တံခါးမြန်မြန် ဖွင့်စမ်း။" ထိုအသံမှာ ရင်းနှီးကျွမ်းဝင်မှုရှိလှပြီး အဖွဲ့အတွင်းမှ တစ်စုံတစ်ယောက်ဖြစ်ပေလိမ့်မည်။

လျန်ချောင်က ချက်ချင်း တံခါးဖွင့်ပေးလိုက်ပြီး လူအတော်များများက တိုးဝှေ့ဝင်လာကြသည်။ လျန်ချောင်က လျင်မြန်စွာ တံခါးကို ပြန်ပိတ်လိုက်သည်။

ထိုလူများမှာ သိသိသာသာ ထိတ်လန့်နေကြပြီး နှင်းကြားလေကြားအတွင်း ဆိုးဝါးသည့်တစ်စုံတစ်ခု ကြုံတွေ့ခဲ့ကြရသည်မှာ ထင်ရှားသိသာလှသည်။ ရွှီရန်တုန်းက သူတို့အတွက် နို့နွေးနွေးလေး ငှဲ့ပေးလိုက်ကာ မေးမြန်းလေသည်။ "တခြားသူတွေကရော။"

ဝမ်ယွမ်ဟု ခေါ်တွင်သော အမျိုးသားငယ်တစ်ဦးက ကြောက်ရွံ့စွာပြောလေသည်။ "ငါ မသိဘူး။ ငါတို့တွေ အစ်ကို ယွမ်နဲ့ လူကွဲသွားတယ်။ တစ်ခုခုက ငါတို့နောက်ကို လိုက်လို့…"

အစ်ကိုယွမ်ဆိုသည်မှာ ယွမ်ရွှယ်မင်ကို ရည်ရွယ်ပေသည်။ သူ့ထံတွင် သံလိုက်အိမ်မြှောင်ရှိနေပါသည့်တိုင် သူတို့နောက်တွင် သရဲတစ္ဆေတစ်ကောင်က လိုက်နေသည့်အတွက် ဦးတည်ရာလမ်းကြောင်းအား စစ်ဆေးနေဖို့ရန် သူ့တွင် အချိန်မရှိပါချေ။ သူတို့တွေအနေဖြင့် သစ်သားတဲအိမ်ကလေးဆီသို့ မပြန်နိုင်ခင် ထိုသရဲတစ္ဆေကောင်ထံမှ လွတ်မြောက်ဖို့ရန်သာ ကြိုးပမ်းနိုင်ပေသည်။

ဆန့်ကျင်ဘက်အားဖြင့် လျန်ချောင်မှာမူ တစ်လမ်းလုံး မျက်ရည်များ၊ နှပ်ရည်များတရွှဲရွှဲနှင့် သရဲတစ္ဆေလက်မှထွက်ပြေးကာ သစ်သားတဲအိမ်ကလေးဆီသို့ အရောက်ပြန်လာနိုင်ခဲ့ပေသည်။ ထို့အပြင် သူတို့မှာ စိတ်အတွင်းတွင် မြေပုံရှိနေသည့်အလား အရင်ဦးဆုံး ပြန်လာနိုင်ခဲ့သူများလည်း ဖြစ်ကြသေးသည်။ လျန်ချောင်မှာ အမှန်တကယ်ပင် မတော်တဆ ကံကောင်းသွားခဲ့ခြင်းပေလော…သို့မဟုတ်…။

ရွှီရန်တုန်းမှာ သူ့စိတ်အတွင်း မသက်မသက်ခံစားချက်က ထပ်မံရရှိလာပြန်သည်။ သူသည် မနေနိုင်စွာ လျန်ချောင်ကိုကြည့်လိုက်မိရာ ထိုသူမှာ ပြတင်းတံခါးအပြင်ဘက်ရှိ နှင်းလူရုပ်ကို ငေးကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။ သူ၏အမူအယာမှာ အနည်းငယ် တည်ငြိမ်နေလေသည်။

You've reached the end of published parts.

⏰ Last updated: Aug 22 ⏰

Add this story to your Library to get notified about new parts!

မရဏ စက်ဝန်းသံသရာ (မြန်မာဘာသာပြန်)Where stories live. Discover now