အခန်း (၅)

47 2 1
                                    

ရွှီရန်တုန်းက ပြောသည်။
"သံလိုက်အိမ်မြှောင်ကို ပေးတယ်... ဆိုလိုတာက..."

"အဓိကလုပ်ရမဲ့တာဝန်က မြေပုံပေါ်က နေရာအသစ်တွေကို စူးစမ်းလေ့လာဖို့ တွန်းအားပေးနေတာဘဲ" ဟူ၍ လျန်ချောင်က ပြန်ဖြေသည်။

အခြားလူများသည် သူတို့ပြောနေသည်ကိုကြားပြီးနောက် အံ့အားသင့်သွားကြပြီး သူတို့ဖော်ပြချက်က ထူးဆန်းသည်ဟု တွေးကောင်းတွေးနိုင်ကြလေ၏။ သို့သော်လည်း ယွမ်ရွှယ်မင်က ခေါင်းငြိမ့်ပြသည်။
"မင်းပြောတာကို ငါနားလည်ပါတယ်။ အစက တခြားအရာတွေရှိမရှိ အပြင်ထွက်ကြည့်ဖို့ စိတ်ကူးထားတာ ဒါပေမဲ့ အခု သံလိုက်အိမ်မြှောင်တစ်ခုရှိတော့ ပိုကောင်းသွားတာပေါ့"

လက်တွေ့ကမ္ဘာတွင် မိသားစုအရုပ်တစ်ဆက်စာအတွက် အရုပ်ဘယ်နှခုပါရှိရမည်ဟူသည့် သတ်မှတ်ချက်မရှိပါ။ ပုံမှန်အားဖြင့် ငါးခုမှ တစ်ဒါဇင်အထိ ပါရှိတတ်သည်။ ယခုအခါ သူတို့၏လက်ထဲတွင် နှစ်ခုသာရှိသေးပြီး မစ်ရှင်ပြီးစီးရန် ဝေးနေသေးသည်မှာ ထင်ရှားလှသည်။ အားလုံးက ယွမ်ရွှယ်မင်၏ ဆုံးဖြတ်ချက်ကို သဘောတူကြပြီး အချိန်ထပ်မဖြုန်းကြတော့ဘဲ ဆောင်းတွင်းအဝတ်ထူထူများဝတ်၍ ယွမ်ရွှယ်မင်နှင့်အတူ စူးစမ်းရှာဖွေရေးထွက်ကြဖို့ပြင်ကြသည်။

ရွှီရန်တုန်းက လျန်ချောင်အား အင်္ကျီထူထူ လှမ်းပေးလိုက်သော်လည်း လျန်ချောင်က သူ့လက်ကို ဝှေ့ယမ်း၍ အိမ်အတွင်း၌ ဂရုတစိုက်နှင့် ထပ်မံရှာဖွေလိုကြောင်းဆို၏။ ရွှီရန်တုန်းက မေးလိုက်မိသည်။
"အားလုံးရှာပြီးပြီမဟုတ်ဘူးလား"

လျန်ချောင်ကပြန်ဖြေသည်။
"သူတို့က အတွေ့အကြုံမရှိကြဘူးဆိုတော့ တစ်ခုခုကိုလွဲချော်ပြီးကျန်ခဲ့မှာ စိုးရိမ်တယ်။ ဒါကြောင့် ထပ်စစ်ကြည့်မလို့"
ထိုသို့ပြောပြီးနောက် လျန်ချောင်က အိမ်ကိုထပ်မံ၍စစ်ဆေးရှာဖွေလေတော့သည်။

ရွှီရန်တုန်းသည် လျန်ချောင်က မထင်မရှားရှိလှသော နေရာများအား ပို၍အာရုံစိုက်ထားကြောင်း သတိထားလိုက်မိသည်။ ရေခဲသေတ္တာအနောက်ဘက်၊ ဗီရိုအောက်ဘက်နှင့် စားပွဲမျက်နှာပြင်အောက်၌ တစ်စုံတစ်ရာ ကပ်နေခြင်းရှိမရှိကို ကြည့်ရှုရန်ပင် စားပွဲအောက်ဘက်အား စစ်ဆေးသေး၏။ ရွှေ့ပြောင်းနိုင်သော ပရိဘောဂများကို အဝေးသို့ရွှေ့ပြီး တွင်းပေါက်များကိုပင် မလွတ်စေရပါချေ။

မရဏ စက်ဝန်းသံသရာ (မြန်မာဘာသာပြန်)Where stories live. Discover now