Unicode
"Your Majesty..."
(အရှင်မင်းကြီး)မိန်းမပျိုအချို့၏ပုံတူပန်းချီများကိုကြည့်နေရာမှ ခေါ်သံလာရာသို့တစ်ချက်မော့ကြည့်ရင်း
"အကြံပေးအမတ်ကြီး ငါတစ်ယောက်မှသဘောမကျဘူး..."
"ဒါက Londonနဲ့Yorkshireရဲ့အလှဆုံးတွေဖြစ်ပြီးအကုန်လုံးဟာ အဆင့်အတန်းမြင့်မြို့စားသမီးတော်တွေပါ အရှင်"
အက်ဒဝပ် ခပ်ဟဟရယ်လိုက်မိသည် Londonနဲ့Yorkshire ကအလှပဂေးလေးများဟာသူ့ရင်ကိုတုန်လှုပ်အောင်နည်းနည်းမျှမကြိုးပမ်းနိုင်ခဲ့။
"ဒါဖြင့် ငါအိမ်ထောင်ပြုဖို့နောက်ရွေ့ဦးမယ် Sirသောမက်စ်"
"Yes,your majesty"
သောမက်စ် အရိုအသေပေးကာထွက်သွားကာမှ အက်ဒဝပ်ထရပ်လိုက်ကာအကြောအချဉ်တွေဆန့်လိုက်ရင်း စားပွဲပေါ်အကြည့်ရောက်မိတော့စာတစ်စောင်ကိုတွေ့လေ၏၊ခနမျှဖတ်ကြည့်လိုက်ကာ ပြီးနောက် တောထွက်အမဲလိုက်ရန် ထထွက်လိုက်လေသည်။
"တောခြောက်သမားတွေ! စားလို့ရသမျှအကုန်ခြောက်စမ်း!"
ဟိန်းထွက်လာသည့်အော်သံအဆုံး တောခြောက်သမားတို့မှာခွေးကြီးတွေအားကြိုးဖြင့်ဆွဲပြေးရင်းတောခြောက်ကြရတော့သည်။
ဩဇာအပြည့်နှင့်အသံပိုင်ရှင်မှာ အင်္ဂလန်နိုင်ငံ၏ဘုရင်မင်းမြတ် ဂျွန်အက်ဒဝပ်(Jeon Edward)သာဖြစ်ပေသည်။
သူသည်ငယ်ရွယ်သည့်ဘုရင်တစ်ပါးဖြစ်လင့်ကာ အမဲလိုက်ခြင်း ကခုန်ရခြင်းတို့အားခုံမင်ပါသည်။
ခွေးကြီးတွေ၏ခြောက်လန့်မှုကြောင့်သမင်ငယ်တစ်ကောင်သည် ခြုံထဲမှပြေးထွက်လာတော့၏၊ အက်ဒဝပ်လက်ထဲမှမြှားဖြင့်သမင်၏ဦးခေါင်းသို့ချိန်ပြစ်လိုက်သော်လည်း အရှိန်ဖြင့်ပြေးနေသဖြင့်သမင်ငယ်ရဲ့ခြေထောက်သို့သာထိမှန်သည် သမင်သည်လဲကျသွားသော်လည်းမသေသေးပေ။
"ကျစ်!"
စုပ်တစ်ချက်သပ်ရင်းမြင်းအညိုကြီးပေါ်မှဆင်းကာ သမင်လဲကျရာအနီးသို့လျှောက်သွားလိုက်ရင်းခါးမှာချိတ်ဆွဲထားသည့်ဓားအိတ်ထဲမှ ဓားကိုဆွဲထုတ်လိုက်ကာ ထိုးသတ်မည်အပြု

YOU ARE READING
𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥
أدب الهواة"𝖸𝗈𝗎𝗋 𝖬𝖺𝗃𝖾𝗌𝗍𝗒 𝖼𝖺𝗆𝖾 𝗍𝗈 𝗆𝖾 𝗐𝗂𝗍𝗁 𝖺 𝗌𝗆𝖺𝗅𝗅 𝖻𝗋𝖾𝖾𝗓𝖾." 𝖩𝖾𝗈𝗇 𝖤𝖽𝗐𝖺𝗋𝖽 (𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄) 𝖫𝗈𝗍𝗁𝖺𝗋𝗂𝗈 𝖳𝖺𝖾 𝖳𝖺𝖾 (𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀)