Part 4

305 49 7
                                    

Unicode

ခန်းနားကျယ်ပြောလှသည့်ဝင်းဆောရဲတိုက်ကြီး၌သာယာငြိမ့်ညောင်းသောတူရိယာသံနှင့်အတူရုံးတော်ရှိလူအ‌ပေါင်းတို့မှာလိုက်ဖက်ညီစွာကခုန်နေကြလေသည်။
...

"အရှင့်သား..."

"ငယ်လေးလို့ဘဲခေါ်ပါတော့ ကျွန်တော်လက်ခံပါတယ်"

"ဟုတ်ပါပြီ...ဝတ်စုံလဲလိုက်တော့နော်"

"ဟုတ်"

ထယ်ထယ်ကအခြားသူစကားနားမထောင်ပေမယ့်သူမစကားကိုတော့နားထောင်သည် ဘာကြောင့်ဆို သူမသည်လည်းပြင်သစ်သွေးနှောတစ်ယောက်ဖြစ်သည်ပင်၊ဒီကလေးကခေါင်းမာသည် အင်္ဂလိပ်စစ်စစ်တွေဆိုအထိတောင်မခံ အရှင့်ကိုဆိုကလန်ကဆန်လုပ်စမြဲ၊ အရှင်ကမျက်နှာသာပေးထားပေလို့သာတော်ရာကျမည် မဟုတ်ပါက ဒီကလေးလေးဘဝကမတွေးရဲစရာပင်။

"ကျွန်တော်အဆင်သင့်ဖြစ်ပြီလေဒီအန်း...ဝင်းဆောကိုသွားတော့မလား"

"..."

အစိမ်းပုပ်ရောင်ပွဲတက်ဝတ်စုံလေးနှင့်ထယ်က တကယ်ပင်ချောမောလှပပါသည် လေဒီအန်းမှာအာစေးမိသူသကဲ့သို့ ပါးစပ်ကြီးဟစိဟစိဖြင့်ဘာမှပင်မပြောထွက်တော့

"လေဒီအန်း..?"

"မင်းသားလေးလားကွယ် ချောလိုက်လေချင်း..."

လေဒီအန်း၏စကားကိုထယ်ထယ်ကသဘောကျကာရယ်သံလွင်လွင်လေးဖြင့်ရယ်သည်

"ဒီတိုင်း သာမန်မုဆိုးလေးတစ်ယောက်ပါ..လေဒီအန်း"

သူမမှာ ပြောလို့သာယုံရတော့သည် ဖြူဖွေးပြီးအဖုအပိန့်ကင်းစင်သည့်မျက်နှာလေးနှင့်အစိမ်းပုပ်ရောင်ဆံပင်တို့ကိုပိုင်ဆိုင်ထားသည့် သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကိုကြည့်ကာဘယ်လိုမျှမုဆိုးတစ်ယောက်အနေဖြင့်မမြင်နိုင်ရက်ခဲ့ သူမမျက်လုံးထဲတွင်ထယ်ထယ်လေးကမင်းသားလေးတစ်ပါးပင်။

...

အိုဝမ့်မှာ ပုလ္လင်ပေါ်မှာအေးဆေးမထိုင်နိုင်ဘဲ ထင်လိုက်ထလိုက်ဖြစ်နေသည့်အရှင့်ကြောင့် ကပွဲကိုပင်အေးဆေးမကြည့်နိုင်

"Your majesty..."

"အင်း မြို့စား ထယ်ထယ့်ကိုသွားခေါ်ပေးအုံး သိပ်မကြာခင်သန်းခေါင်ရောက်တော့မယ် ငါစိတ်ပူလာပြီ"

𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥Where stories live. Discover now