Unicode
"Your majesty...လေဒီအန်းပါ"
ထယ့်အတွက်ခန့်ထားတဲ့ မောင်းမ လေဒီအန်း(Lady Anne)မှတွေ့ခွင့်တောင်းနေတာမို့ လန့်သွားရသည် ထယ်ကရုံးတော်စရောက်ကတည်းကတစ်နေ့တစ်မျိုးပြဿနာတွေရှာနေခဲ့တာပင် အခုလည်းဘာဖြစ်ပြန်ပြီလည်းမသိ၊အက်ဒဝပ်သည်လည်းယော့ခ်ရှား ရောက်နေရတာမို့ထယ်ကိုအကျဥ်းချထားတယ့်နာဟီရာရဲတိုက်ကြီးသို့မသွားဖြစ်ပေ အကျဉ်းချထားသည်ဆိုပေမယ့်ရဲတိုက်လည်းပေးထားသလိုမောင်းမအများအပြားလည်းထားပေးကာမင်းသားတစ်ပါးလိုဆက်ဆံခိုင်းထားတာဖြစ်သည်၊ဒါကြောင့်လည်းသူအလိုလိုက်မှန်းသိလို့ထယ်ကဆိုးနေတာ
"အရှင့်သား 'အစား'မစားတာ၃ရက်ရှိပါပြီအရှင်.."
ထိုစကားကြားတော့အက်ဒဝပ်မျက်ခုံးတွေတွန့်ကျိုးသွားရင်း တစ်ဖက်နှင့်တစ်ဖက်ထိလုမတက်စုကြုံ့ထားသည်။
"၃ရက်တောင်လားဒါဆိုငါယော့ခ်ရှားသွားကတည်းကပေါ့ ဟာကွာ!နဂိုတည်းကသေးသေးလေးပါဆို! နောက်ဆိုအစာဝင်အောင်ကြွေးဖို့ကိုအထူးတင်းကြပ်၊ငါအမိန့်ပေးတယ် ငါခနနေလာခဲ့မယ် 'ညစာ'စားဖို့ပြင်ထား"
"ဟုတ်..ဟုတ်ကဲ့ အရှင်"
လေဒီအန်းလည်းကြောက်တာမို့အရှင့်အားအရိုအသေပေးကာ အမြန်ပင်ညစာအတွက်ပြင်ဆင်ရန်နာဟီရာသို့ကူးရတော့သည် နာဟီရာရဲတိုက်သည်ဝင်းဆောရဲတိုက်၏အနောက်ဘက်မှာရှိတာမို့သိပ်တော့မဝေးလှ ကြားတွင်ရေကန်တစ်ကန်သာခြားလေသည်။
"အရှင့်သား..."
"ဘာလည်း မစားဘူး..."
ထမင်းစားဖို့ဘဲပြောနေတာမို့ဒီတစ်ခါလည်းထမင်းစားဖို့ခေါ်သည်ထင်ကာပြောလိုက်ပေမယ့်
"အရှင် ခနနေညစာလာစားမယ်လို့မှာလိုက်ပါတယ်အရှင့်သား..."
"အဲ့ဘိုးတော်အက်ဒဝပ်ကဘာလာလုပ်ပြန်တာလည်း ဟင့်သေချင်တယ်...ရုံးတင်စစ်ဆေးမယ်ဆိုလည်းအမြန်စစ်ပါတော့"
လေဒီအန်းမှာထယ့်အစားခေါင်းပင်ကြိမ်းလာရသည့် ဘုရင်ကိုရိုသေမှုမရှိခြင်းသည် သေဒဏ်ပင်ပေးလို့ရသည်၊သူမလည်း အရှင့်သားနဲ့ကြာရင်အသက်တိုမည်ပင်

YOU ARE READING
𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥
Fanfiction"𝖸𝗈𝗎𝗋 𝖬𝖺𝗃𝖾𝗌𝗍𝗒 𝖼𝖺𝗆𝖾 𝗍𝗈 𝗆𝖾 𝗐𝗂𝗍𝗁 𝖺 𝗌𝗆𝖺𝗅𝗅 𝖻𝗋𝖾𝖾𝗓𝖾." 𝖩𝖾𝗈𝗇 𝖤𝖽𝗐𝖺𝗋𝖽 (𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄) 𝖫𝗈𝗍𝗁𝖺𝗋𝗂𝗈 𝖳𝖺𝖾 𝖳𝖺𝖾 (𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀)