Unicode
"Your Majesty..."
ဘုရင်က သူ့အား Attentionမပေး
ရဲတိုက်အောက်သို့ကြည့်ရင်းခပ်ဖွဖွပြုံးနေသည်"ဘာတွေများပြုံးနေတာပါလဲ"
အိုဝမ်(Owen)အသံသည်အရှင့်နားထဲသို့မတိုးသဖြင့် တရားခံအားစူးစမ်းလိုစိတ်ဖြင့်အနားသို့သွားကြည့်လိုက်လျှင် လာဗင်ဒါပန်းခြံထဲ၌စာအုပ်ဖတ်နေသည့်ကြောပြင်တစ်ခုအားတွေ့လေသည်၊
'အရှင်ကအဲ့ကြောပြင်ကြောင့်အရူးလိုပြုံးနေတာပေါ့?'
"ဟိုမုဆိုးလေး...?"
မုဆိုးလေးဆိုမှအက်ဒဝပ် အိုဝမ်အားသတိထားမိသွားကာ ပြုံးနေရာမှချက်ချင်းမျက်ခုံးတွေတွန့်ကျိုးသွားတော့သည်။
"ကျစ်!"
အက်ဒဝပ်စိတ်ပျက်သွားမှန်းသိတော့ အိုဝမ်ချက်ချင်းမျက်နှာချိုးသွင်းလိုက်ရင်း
"တောမထွက်ဘူးဆိုလို့ အံ့ဩသွားတာ ဘယ်ဟုတ်မလဲမုဆိုးလေးအလှမှာကျရှုံးနေတာကို..."
အက်ဒဝပ်မျက်နှာကိုကြည့်တော့ဘာအမူအရာမှမပြ ရဲတိုက်အောက်ကိုသာငုံကြည့်နေသည်။
"လျှာမပြတ်ချင်ရင် ပါးစပ်ပိတ်လိုက်တော့မြို့စား"
အိုဝမ်ပါးစပ်လေးပိတ်သွားရရင်း ရဲတိုက်အောက်က လာဗင်ဒါပန်းခြံထဲမှာ စာဖတ်နေသည့်အလှလေးကိုသာအက်ဒဝပ်နှင့်အတူရှုစားနေမိသည်
"အရှင်သူ့ကိုဘာလို့ခေါ်ထားတာလည်း"
အက်ဒဝပ် အိုဝမ့်ကိုစိတ်မရှည်သလိုတစ်ချက်ကြည့်လိုက်ရင်း ရဲတိုက်အောက်ကိုပြန်ကြည့်တော့ထယ်ထယ်က ထထွက်သွားလေပြီ။ထိုမှအက်ဒဝပ်ရဲတိုက်အောက်ကအကြည့်ခွာကာအိုဝမ့်အား Attentionပေးသည်။
"ငါမင်းကို ဝင်းဆောရဲတိုက်ဘေးကလွတ်နေတဲ့မြေကွက်မှာနှင်းဆီပျိုးဖို့အမိန့်ပေးတယ် "
"အမိန့်အတိုင်းပါအရှင် နှင်းဆီဆိုတော့ဘယ်သူ့အတွက်ပါလဲ"
"အင်္ဂလန်နိုင်ငံရဲ့ ဧကရီဖြစ်လာမယ့်သူအတွက်..."
အက်ဒဝပ်အဓိပ္ပာယ်ပါပါပြုံးရင်း ရဲတိုက်အောက်သို့ဆင်းသွားသည်။မြို့စားကြီးအိုဝမ်မှာတော့အရိုအသေပေးကာ ခေါင်းကုတ်၍ကျန်တော့သည်။သူအရှင်နဲ့ပေါင်းသင်းလာတာဆယ်စုနှစ်ချီကြာလေပြီ အရှင်အခုလိုပြုံးနေတာဒါပထမဆုံးမြင်ဖူးတာပင်။

YOU ARE READING
𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥
Fiksi Penggemar"𝖸𝗈𝗎𝗋 𝖬𝖺𝗃𝖾𝗌𝗍𝗒 𝖼𝖺𝗆𝖾 𝗍𝗈 𝗆𝖾 𝗐𝗂𝗍𝗁 𝖺 𝗌𝗆𝖺𝗅𝗅 𝖻𝗋𝖾𝖾𝗓𝖾." 𝖩𝖾𝗈𝗇 𝖤𝖽𝗐𝖺𝗋𝖽 (𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄) 𝖫𝗈𝗍𝗁𝖺𝗋𝗂𝗈 𝖳𝖺𝖾 𝖳𝖺𝖾 (𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀)