12.12.2017
**ဘုတ်**
-အ!
ကျောင်းကပြန်လာတဲ့လမ်းမှာ ခေါင်းကိုလာမှန်တဲ့ ဘောလုံးကြောင့် နာသွားတဲ့ကိုယ့်ခေါင်းကိုသာ အသာထိပြီး အိမ်ဆီသွားတဲ့ခြေလှမ်းတွေကတော့ ရပ်မသွား.အရှိန်ပြင်းပြင်းနဲ့လာမှန်တဲ့ဘောလုံးကြောင့် တခြားသူတွေသာဆို ရန်လုပ်နေကြမှာဆိုပေမယ့် Yoon Jeonghanကတော့ ဘောလုံးပိုင်ရှင်ဘသူမှန်းသိလို့ ကိုယ့်လမ်းကိုသာ ဆက်လျှောက်ခဲ့တယ်.
-ဟိတ်ကောင် အခြောက်...ဘောလုံးပြန်လာပေးလှည့်.
အခြောက်လို့ခေါ်သံနဲ့အတူ Jeonghanခြေလှမ်းတွေရပ်တန့်သွားခဲ့တယ်.ခေါ်လိုက်တဲ့သူက
သူ့အတန်းထဲက ဒုအတန်းခေါင်းဆောင်
Kim Min Seok.ဒုအတန်းခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့မညီတဲ့ အတန်းခေါင်းဆောင်ပေါ့.အခြောက်တဲ့...
အဲ့အခြောက်ဆိုတဲ့စကားကိုသိပ်မုန်းသည်.
သူတို့လိုကျားကျားယားယားသန်သန်မာမာမဟုတ်တာနဲ့ပဲအခြောက်တဲ့လား.သူတို့လို လူတိုင်းကိုလိုက်အနိုင့်ကျင့်နေတဲ့သူမဟုတ်လို့အခြောက်လို့သတ်မှတ်တာလား.မုန်းတယ်.အဲ့စကားကိုသိပ်မုန်းတယ်.ဘောလုံးကိုယူပြီး Min Seokဆီပေးလိုက်ရင်း
-ငါ အခြောက်မဟုတ်ဖူး.-အေးပေါ့ကွာ.အခြောက်ကတော့ ဟုတ်ပါတယ် အခြောက်ပါလို့တော့ ကြေငြာနေပါ့မလား.သူခိုးက ခိုးတယ်လို့မပြောသလိုပေါ့ကွာ.
ဟုတ်တယ်မလား ဟေ့ကောင်တွေ ဟားဟားဟား....-ဟုတ်တာပေါ့ကွာ.အခြောက်က သူ့ကိုယ်သူဟုတ်ပါတယ်လို့ဝန်ခံရင် ရာဇဝင်ရိုင်းသွားမှာပေါ့ကွာ.
ဘေးကနေထောက်ခံလာတဲ့ Min Seokရဲ့ သူငယ်ချင်းတွေ.သူငယ်ချင်းလို့မသုံးနှုန်းဘဲ လက်ပါးစေလို့များ သုံးနှုန်းရမလားဘဲ.
ကျောင်းကသူတိုင်း သူတို့အဖွဲ့ကိုကြောက်ရသည်.ဒုအတန်းခေါင်းဆောင်ရဲ့အဖေက ဒီSeoulမြို့ရဲ့ မြို့တော်ဝန်လို့တော့တစွန်းတစ Jeonghanကြားဖူးသည် သို့ပေမယ့် သေချာတော့မသိ.
မြို့တော်ဝန်သားဆိုတော့ ကျောင်းကလည်းမျက်နှာကြီးရာဟင်းဖတ်ပါပြီး ဒီတိုင်းလွှတ်ထားကြတာပါပဲ.-ဟေ့ကောင်တွေ မင်းတို့ ကိုယ့်ဘာသာ ဘောလုံးကန်မှာဖြင့်ကန်ကွာ.လျှောက်ပြောမနေကြနဲ့.
YOU ARE READING
Yes, I'm Yoon Jeonghan
Fanfiction-ငါ မင်းကိုမချစ်ဖူး. -ကိုယ်ကတော့ ကိုယ့်Hannieလေးကို သိပ်ချစ်တယ်.