Part - 5

53 10 0
                                    

22.12.2017

-အဲ့ဒါဆို မင်းဆေးလိပ်မဟုတ်ဘဲ ဘလိုလုပ်မင်းလွယ်အိတ်ထဲရောက်နေရတာလဲ Yoon Jeonghan!!!

အတန်းပိုင်ရဲ့အသံကျယ်ကျယ်ကြားမှာ Jeonghan ခေါင်းမဖော်နိုင်.

ပြသနာအစကတော့ နေ့လယ်စာစားချိန်အပြီး အတန်းထဲပြန်ဝင်တဲ့အချိန် အတန်းပိုင်က လွယ်အိတ်တွေလိုက်စစ်ရာကနေ Jeonghanလွယ်အိတ်ထဲက ဆေးလိပ်တွေ့ရာက စဖြစ်ခြင်းပင်.

-တကယ် သားဆေးလိပ်တွေမဟုတ်ပါဖူး.သား ဝယ်လည်းမဝယ်ဖူးဖူး.သောက်လည်းမသောက်တတ်ပါဖူး ဆရာမရယ်.သားကိုယုံပေးပါနော်.

-တော်ပြီ တိတ်!ငါဘာမှထပ်မကြားချင်ဖူး.Yoon Jeonghanတို့က အတတ်ကောင်းတွေတတ်နေတယ်ထင်တယ်. နက်ဖြန်မိဘခေါ်ခဲ့!!!

မိဘခေါ်ခဲ့ဆိုတဲ့စကားအဆုံးမှာ Yoon Jeonghan ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်သေးရဲ့လားတောင်သေချာမသိတော့.
ဒီကိစ္စနဲ့မိဘခေါ်ခံရရင် အဖေကသတ်မှာအသေအချာပင်.မိထွေးနဲ့သူ့သားကရော ဘာထူးလဲ.မြေနိမ့်ရာ လှံစိုက်ကြမယ့်သူတွေ.
------------------------------♡-----------------------------
-အား! နာတယ်အမေရဲ့!

-ဒီထက်တောင်နာရအုန်းမှာ!Choi Tae Joon!မင်း
ဒီကိစ္စကိုကျောင်းစစ်နဲ့မိသွားရင်ဘလိုလုပ်မလဲ ဟမ်!

-မိမှမမိဘဲဗျာ အမေကလည်း.အမေပြောလို့ Yoon Jeonghanလွယ်အိတ်ထဲထည့်လိုက်တာပဲလေ.အမေကလည်း အတော်အညှိုးကြီးတယ်နော်.Yoon Jeonghan မိထွေးနဲ့စကားများထားတာနဲ့တင် Yoon Jeonghanဆီတခါတည်းအပြစ်ပုံချလိုက်တာပဲနော်.အမေ တော်တယ်!

-ငါခေါင်းခေါက်လိုက်ရ!

ဒီကျောင်းက ကလေးတွေ စီနီယာတွေကနေတဆင့် ဆေးလိပ်ပြန်ဝယ်သောက်နေတယ်ဆိုတဲ့သတင်းက ကျောင်းစစ်တွေဆီရောက်သွားလို့ အတန်းပိုင်တွေကိုအရင်အသိပေးရာကနေ အတန်းပိုင်Na Soo Jinတယောက် ကိုယ့်သားအကြောင်းကိုယ်သိလို့ ဆေးလိပ်ရှိမရှိသွားမေးပြီး Yoon Jeonghanလွယ်အိတ်ထဲသွားထည့်ထားလိုက်ခိုင်းလိုက်ရာကနေ ဒီလိုတွေဖြစ်သွားခြင်းဖြစ်သည်.
တကယ့်တရားခံကတော့ Choi Tae Joon.
အပြစ်မရှိဘဲအပြစ်ခံရသည့်သူကတော့ Yoon Jeonghanဖြစ်သွားလေသည်.
------------------------------♡-----------------------------
Jeonghan ကျောင်းသွားချင်စိတ်ကိုမရှိတော့.
ဆေးလိပ်ကိစ္စနဲ့ မိဘခေါ်ခံလိုက်ရပြီး အဖေ့ဆီကသေအောင်အရိုက်ခံထားရသလို မိထွေးလက်ကလည်းမလွတ်ခဲ့.
ဆောင်းရာသီမို့သာတော်တော့သည်.မဟုတ်ရင်
အရှိုးရာတွေကိုဖုံးဖို့ လက်ရှည် အမြဲဝတ်ထားနိုင်မှာမဟုတ်ချေ.

Yes, I'm Yoon JeonghanWhere stories live. Discover now