အပိုင်း(၃)

1.6K 38 0
                                    

ခင် မမမြတို့အိမ်ရောက်တာ ၁နှစ်တောင်ရှိပြီး

မမမြကနောက်နှစ်လနေလို့  သီတင်ကျွတ်ကျရင်လက်ထက်မယ်ဆိုပြီး ခင့်ကို ခေါ်ပြောတယ် ။ခင် မမမြ အိမ်မှာနေပြီး အလုပ်လုပ်နေတာနဲ့ ပိုက်ဆံအတောလေးစုမိ လာပြီးမို့ ထွက်ပြေးမယ့်အစီအစဥ် လုပ်ရတော့မယ် ကြာရင် သံယောဇဉ် တွယ်ပြီး ချစ်မိသွားမှဖြင့်။

ခင် အရင်ဆုံး မမမြ တို့မြို့နဲ့ ဝေးတဲ့တနေရာမှာ နေဖို့ အိမ် ရှာရမယ် ၊ ပြီးရင် အလုပ်ရှာရမယ် နေလို့အဆင်ပြေရင် ရပြီး မမမြ အနားက ထွက်သွားလို့ရရင်ရပြီး

မမမြတို့ Sweet Lady ကုမ္ပဏီ က ပိုနာမည်ကြီးလာခဲ့တယ် ကုမ္ပဏီ ရုံးခွဲ တွေလဲရှိလာတဲ့အပြင် မမမြနာမည်လဲပိုကြီးလာတယ်/ဆုတွေ ရလာသလို မနာလိုတဲ့သူတွေလဲများလာပြီးလုပ်ကြံတာကြောင့်ဘောဒီဂတ်ပါ ငှားရတဲ့အထိဖစ်လာခဲ့တယ်
ပို အောင်မြင်လာတာနဲ့အမျှ အလုပ်တွေရှုပ်လာတာ မို့ ရှယ်ယာရှင်တွေနဲ့တွေ့ပြီး တခါတလေ မမမြ အိမ်ကိုမပြန်လာတာ မျိုးလဲရှိတယ်။
ခင်က ဒီနေ့ ရုံးပိတ်ရက် မမမြကတော့ရုံးပိတ်ရက်လဲ ရှယ်ယာရှင်နဲ့တွေ့စရာရှိလို့ဆိုပြီးထွက်သွားတယ်။

ခင် ပြေဦးလွင်ဘက်ခြမ်းကို ပြေးဖို့စဥ်းစားထားတယ် အဲ့မှာ ဂေဟာကနေခင်ခဲ့တဲ့သူငယ်ချင်းတံစဥ် ရှိနေတာမို့ သွားနေမှာ

"သမီးခင် "
"ရှင် ကြီးမေ"
"လာပါအုံး ကြီးမေကိုလာကူအုံး"
"ဟုတ် လာပြီးကြီးမေ"
တွေးနေရင်းကြီးမေခေါ်သည်မို့အပြေးသွားရသည်။
"လာပါပြီးရှင် ကြီးမေ ဘာခိုင်းဖို့လဲ"
"ကြီးမေကို ချဥ်ပေါင်ရွက် ချွေ ပေးပါအုံး ကြီးမေ စျေးကနေ ဝယ်စရာမေ့သွားလို့ ငကျော်နဲ့စျေးခနပြန်သွားရမယ် "

"အဲ့တာဆိုရင် ခင့်တွက် စတော်ဘယ်ရီ သီးလေးပါဝယ်ခဲ့ပေးခင်စားချင်လို့ဝယ်ခဲ့ပေးနော်"

"အင်းအင်း ဝယ်ခဲ့ပေးမယ်"

စျေးခြမ်းတောင်း အမြန်ဆွဲပြီးထွက်သွားတဲ့ကြီးမေကိုကြည့်ရင်းဝမ်းနည်းမိသည်။မကြာခင် ခွဲရတော့မှာဆိုတော့
ခင်လဲ ကြီးမေခိုင်းတာတွေလုပ်ပေးပြီးပြီး ကြီးမေကပြန်မလာသေးတာမို့ ခြံထဲ ဆင်းရင်း နှင်းဆီပန်းတပွင့်ခူးပြီး ထုံးထားတဲ့ဆံထုံးထဲ ရိုးတံကိုထိုးထည့်ပြီးနှင်းဆီပန်း ပန်လိုက်သည်။
ပွမ်း ပွမ်း ပွမ်း
ကားဟွန်သံကြားလို့ လန့် ကာပခုံး တွန့်မိသွားသည်။ ကြည့်လိုက်တော့မမမြ ကား မမမြကအောင်မြင်လာပြီးဆိုတော့ ကားသစ်နဲ့ ဘောဒီဂတ်နဲ့
ကားမောင်သူဘေးထိုင်ခုံက ဘောဒီဂတ်က ဆင်းပြီးမမမြ ထိုင်တဲ့တံခါးဘက်ခြမ်းကို တံခါးဖွင့်ပေးတော့ မမမြဆင်းလာသည်။ မမမြနဲ့ခုတလော စကားမပြောဖစ် မမမြအလုပ်ရှုပ်နေတာကြောင့်လဲပါမယ်
"ခင် ခြံထဲ ဆင်းလာတာလား ကြီးမေရော "
"ကြီးမေ စျေးသွားတယ်မမမြ ဝယ်စရာတခုကျန်ခဲ့လို့တဲ့"
"ဟုတ်လား။ ညနေ လေကအေးတယ် ခင် အပေါ်တက်ရအောင်"
"ဟုတ် မမမြ"
မမမြက ခင့်လက်ကို ဆွဲ ပြီး အပေါ်ကိုတူတူတက်လာတာ မမမြအခန်းရှေ့ရောက်တော့
"ကဲ ခင်လဲနားတော့"
ဆိုပြီး ခင့် နှာဖူးကို တချက်နမ်းတယ်၊ ပန်းပန်ထားတဲ့ နေရာကို တချက်နမ်းပြီး အခန်းထဲဝင်သွားသည်။
ခင်လဲ ခင့်အခန်းဆီသွားပြီး ဘယ်နေ့ထွက်ပြေးရမလဲ ပြက္ခဒိန် ကိုကြည့်တော့ နောက်လ ၃ရက်နေ့က မမမြ ရဲ့မွေးနေ့ ဆိုတော့ အဲ့နေ့ ပြေးရမလား ဟုတ်တယ် အဲ့နေ့က လူတွေလာများတော့မမမြ လဲ ရှုပ်နေမှာ ခင့်ကိုအာရုံစိုက်နိုင်မှာမဟုတ်ဘူး ထွက်ပြေးဖို့အချိန်ရလောက်တယ်။
ခင်လဲရေမိုးချိုး ထမင်းစားပြီးတော့ ဖုန်းလာတာနဲ့ ကိုင်လိုက်တာ တံစဥ်ဖစ်နေတယ်
ခင် နဲ့တံစဥ်က ဂေဟာက မထွက်ခင် ဖုန်းနံပါတ်အပြန်အလှန်ပေးခဲ့တာ ခင့်ကိုမမမြခေါ်လာတုံးကလဲ သူ့ကိုဖုန်းဆက်ပြီးပြောပြထားဖူးတယ်၊ခင်မှာသူငယ်ချင်းဆိုလိုသူပဲရှိ။ခု သူ့ဆီလာနေမယ်ဆိုတော့လဲ သူကဝမ်းသာ နေတာ အမြဲတမ်း welcome ပါတဲ့ လေ
"ဟယ်လို ခင်"
"ဟယ်လို တံစဥ်"
"အင်း ခင် တံစဥ်ဆီလာနေမယ်ဟုတ် ဒီမှာအလုပ်လုပ်ဖို့အလုပ်ကိစ္စ တံစဥ်ပြောထားတာရှိတယ် အဲ့တာလျှောက်ကြည့်ပါလား"
"ဘာအလုပ်လဲတံစဥ်"
"ပန်းချီဆွဲသင်ပေးတဲ့ဆရာမ လုပ်ရမှာ"
"ဟင် ဖစ်ပါ့မလားတံစဥ် ခင်က "
"ဖစ်မှာပါ ခင်‌ေဂေဟာမှာကတည်းက ခင့်ဆွဲ တဲ့ပုံကို တံစဥ်လဲတွေ့ ဖူးတာပဲကို အရမ်းလှတဲ့ဟာ "
"ခင် ဆွဲတက်တာကဟုတ်တယ်လေ ဆွဲတာကိုပြန်သင်ရမှာကျ ခင့်နဲ့အဆင်ပြေပါ့မလား"
"ခင့်နဲ့ဆို ကွတ်တိပါပဲ ခင်ရယ် အရင်လုပ်ကြည့်ကြည့် အဆက်မပြေရင် တခြားအလုပ်လျှောက်လိုက်ပေါ့"
"အင်း အရင် လုပ်ကြည့်ကြည့်လိုက်မယ် နောက်လ ၃ရက်နေ့ ညကျရင် ခင် ပြေဦးလွင်ကို လာခဲ့မယ် နေသဘန်ခါ ၅ရက်နေ့ဆို အလုပ်သွားလျှောက်ရင် အဆင်ပြေမလား"
"ပြေတယ်ခင် ပြေတယ် အလုပ်ပိုင်ရှင်က တံစဥ်ကောင်မလေးအဖေပဲဆိုတော့  Sweet Ladyရေမွှေးကုမ္ပဏီရဲ့ထုတ်ကုန်အသစ်ရေမွှေးဘူးပေါ်ကပန်းချီကို ခင်ဆွဲထားတာလို့တံစဥ်ပြောပြထားတယ် အန်ကယ်က သဘောကောင်းတယ် ခင်ကြောက်စရာမလိုဘူး ကောင်မလေးဖုန်းခေါ်လာလို့ဒါပဲနော်ခင် "
"အင်းအင်း ဘိုင့်"
ခင်ဘာကိုမှမကြောက်ပါဘူး ခင် က မမမြကိုပဲကြောက်တာ ခင်ထွက်ပြေးမယ့်ကိစ္စမမမြသိရင် ခင့်ကို တခုခု လုပ်မှာကြောက်တာ၊ မမမြ စိတ်တိုလာရင် ကြောက်ဖို့ကောင်းတာ တအိမ်လုံးသိတယ်။

ချစ်လို့ပါWhere stories live. Discover now