အပိုင်း(၉)

1.7K 47 0
                                    

မြတို့လက်ထပ်မယ့်နေ့ တောင်ရောက်လာပြီးဖစ်သည်။
လရိပ်ကတော့အပျော်ကြီး ပျော်နေပေမယ့် မြမှာတော့ စိတ်ချမ်းသာ စရာ တစ်စက်ကလေးမှမရှိပါ။ မြတို့ လက်စွပ်ဝတ်မယ့်အချိန်တွင်
"အားလုံးပဲ ရပ်လိုက်ပါ ဒီနေ့ ကျွန်တော်တို့ ဦးကျော် နိုင် ရဲ့ သမီးဖစ်သူ မလရိပ် ကိုတာဝန်အရ လာရောက်ဖမ်းဆီးတာဖစ်ပါတယ်။ ဖမ်းဆီးရတဲ့အမှု ကတော့ ဦးကျော်နိုင်ရဲ့ တရားမဝင် လုပ်ငန်းများတွင် မလရိပ်က ပူးပေါင်းပါဝင်မှု၊အမျိုးသမီးတဦးကိုအသက်အန္တရယ် ခြိမ်းခြောက်မှု ၊ အလိုမတူ ခြိမ်းခြောက် ပြီး အတင်းလက်ထပ်ခိုင်းစေမှုတို့ဖြင့်ဖမ်းဆီးလိုက်ပါသည်။"
"ဟာ ဒီနေ့က ငါ့သမီးရဲ့ လက်ထပ်ပွဲနေ့လေ မင်းတို့အဲ့လိုဖမ်းလို့ရင် ဒုက္ခရောက်သွားမယ်နော်"
"ဟုတ်တယ် ငါ့ကိုအဲ့လို လွယ်လွယ် ဖမ်းလို့မရဘူး"
"ဟုတ်ကဲ့ ကျွန်တော်တို့ကို ဒီက မမြရွှေရည်က သက်သေအထောက်အထား အပြည့်အစုံပို့ခဲ့တာကြောင့် ဖမ်းဆီးရတာဖစ်ပါတယ်။ စခန်း ကိုလိုက်ခဲ့ပေးပါခင်ဗျာ"
" မြ ဒါဘာလဲ ဘာလုပ်တာလဲ ဒီနေ့က လရိပ်တို့ တွက်ပျော်ရွင်စရာနေ့လေ "
"နင့်တစ်ယောက်ပဲပျော် ငါ့ရင်ထဲမှာခင်ပဲရှိတာ ငါ သက်သေတွေကို တစ်ပတ်လုံးမနားပဲ ရှာထားရတာ နင် ငါ့ကို အထင်သေးလွန်းတယ် ငါချစ်တဲ့ခင် ရဲ့ အသက်ကို ခြိမ်းခြောက် ပြီး ငါ့ကိုအတင်းလက်ထပ်ခိုင်းတဲ့ နင့်ကို ကြောက်ပြီး လက်ထပ်တယ်လို့နင်ထင်နေတာလား"
"နင် နင် ငါ့ကို ဘာလို့ မချစ်ရတာလဲ မရဘူး နင်က ငါ့ကိုပဲချစ်ရမယ် နင့်ကို ငါမပိုင်ဆိုင်ရရင် ဘယ်သူ့မှမပိုင်ဆိုင်စေရဘူး"
လရိပ်ကိုဖမ်းထားတဲ့ရဲ လက်ထဲက သနတ်နဲ့ လုပြီး မဂ်လာပွဲထဲကခင့်ကို လှမ်းပစ်လိုက်သည်။ ထိုချိန် တွင်
"ခင်"
အော်ပီးပြေးလာတဲ့မြ ခင့်ကိုယ်လုံးကိုကွယ်ပြီး မြက အစားဝင်ခံလိုက်သည်။ကျည်ဆံကတော့ မြရင်ဘတ်ကို ဖောက်ဝင်လေရဲ့။ရဲတွေလဲ လရိပ်ကို အသေပစ်ခတ်ဖမ်းဆီးလိုက်သည်။
မြကိုတော့လူနာတင်ယာဥ် ပေါ်ခေါ်တင်တော့ ခင်လဲ လိုက်လာမိသည်။
"မမ သတိထားပါအုန်း မမမျက်စိမမှိတ်နဲ့နော် မမ"
"မမ ခင့်ကို အရမ်းချစ်တယ်နော်  ပြီးတော့မမ တောင်းပန်တယ်နော် ခင့်ကိုအတင်းအကျပ်ရယူခဲ့မိလို့မပြောရလိုက်ပဲသေသွားမှာကြောက်နေတယ်"
"ဘာလို့သေရမှာလဲ မသေပါဘူး မမရယ်ဟင့် ဟင့် မမ အားတင်းထားပါနော်
"
ခင့်ရဲ့လက်ကို ဆုပ်ကိုင် ပြီး ပြန်ကျသွားကာ မြမျက်လုံး တွေလဲ မှေးစက်သွားသည်။
"မမ  မမထပါအုံး ခင်မမကိုချစ်တယ်လို့မပြောရသေးဘူးလေ ခင်ကို မထားခဲ့ပါနဲ့ ဟင့် ဟင့် မမ "
ဆေးရုံးရောက်တာနဲ့ အရေးပေါ်ခန်းထဲ ခေါ် သွားကြပြီး ခင်ကတော့ အပြင်မှာသာကျန်ခဲ့ရသည်။ မမကို အဆုံးရှုံးမခံနိုင်ပါ သွေးတွေပေကြံနေသော အကျီကိုလဲ ဂရုမစိုက်နိုင် အရေးပေါ်ခန်းရှေ့တွင်ငိုကြွေ‌ေးနမိသည်။
နောက်တော့ ကြီးမေ နဲ့ကိုကျော်ရော တံစဥ်နဲ့တံစဥ်ကောင်မလေးရောရောက်လာကြသည်။
ကြီးမေက ခင့်ကိုနှစ်သိမ့်ပေးတော့ ခင့်မှာပိုငို မိသည်။
"ဟင့် ကြီးမေ မမပြန်မနိုးလာရင်ဘယ်လိုလုပ်မလဲ မမအပေါ်အထင်လွဲတာ  မတောင်းပန်ရသေးဘူး အဟင့်အဟင့်"
"ခင်လေး ရယ် သမီးမြက ပြန်နိုးလာမှာပါ။သမီးမြက ခင်လေးကို ချစ်ရှာတာမို့ မထားခဲ့ လောက်ပါဘူး စိတ်ကိုလျော့ပါ"
ထိုနောက် ဆရာဝန်ထွက်လာတော့
"လူနာက အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိတော့ပါဘူး၊ ခနနေလူနာခန်းထဲကို ရွေ့ပြီးရင် လူနာကိုကြည့်လို့ရပါပြီးခင်ဗျာ "
"ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ် ဆရာ"
"ရပါတယ်ဗျာ  ခွင့်ပြုပါအုံး"
မမသတိရလာပါတော့နော် ခင်အရမ်းလွမ်း‌ေနေပီး
"သမီးခင် တခုခုစားပြီးနားလိုက်ပါအုံးကွယ် ဒါမှသမီးမြ နိုးလာရင်အားရှိနေမှာ ကွဲ့"
"မစားချင်ပါဘူးကြီးမေရယ် ခင်ရဲ့ ချစ်သူတစ်ယောက်လုံးလှဲနေတာ ခင်ကဘယ်လိုစားဝင်မှာလဲ"
"ဒီခလေးမနဲ့တော့ ခက်တယ်"
ထိုချိန်
"အင်း ဟင်း ခင်"
"မ မမ သတိရလာပြီးလား"
"ရေ ရေ ရေဆာတယ်"
"ရေ လား ခန တိုက်မယ် "
ဂွမ်းလေးနဲ့နှုတ်ခမ်းကိုစွတ်စွတ်ပြီးတိုက်တော့ တော်တော်ဆာနေတာထင်တယ် ဖန်ခွက်တဝက်လောက် သောက်လိုက်သည်။
"သမီးမြ သတိရလာပြီးလား"
"ဟုတ် ကြီးမေ ခင်လာပါအုံး မမနား"
"ဟင့် ကျေးဇူးတင်ပါတယ် အမြန်သတိရလာပေးလို့ မမကိုအရမ်းလွမ်းနေတာဟီးးး"
"မငိုနဲ့တော့နော် မမလဲ သတိရလာပြီးပဲကို မငိုနဲ့တော့ တိတ်တိတ်"
ကျောကုန်းလေးကို သက်ချပြီး ချော့တော့ ခင် ငိုတာရပ်သွားသည်။
ဒီလိုနဲ့ ခင်က တော့ ဆေးရုံမှာ မြနဲ့အတူ ရှိနေဖစ် တော့သည်။
"မမ ဆန်ပြုတ်လေးသောက်လိုက်နော်"
"ခင်ကလည်း နေ့တိုင်းဒါကြီးပဲသောက်နေရတာ မသောက်ချင်တော့ဘူး"
"မမကလဲ ထမင်းမှစားလို့မရသေးတာကို ဆေးရုံးမဆင်းခင်ထိတော့ ကြိတ်မှိတ်သောက်လိုက်လေနော်"
"သိဘူး သောက်ချင်ဘူး သောက်ဘူးဆို သောက်ဘူးပဲ"
"မမကလည်းကွာ ဘာလို့ခလေးလိုဆိုးနေတာလဲ ဆေးရုံးကဆင်းရင် စားချင်တာကျွေးမယ်ကွာ ခုတော့ဆန်ပြုတ်လေးပဲသောက်လိုက်လေနော် လိမ်မာပါတယ်"
"မသောက်ဘူးလို့ဆိုနေမှ မသောက်ဘူး"
"ကဲ ဒေါ်မြရွှေရည် အခု ဆန်းပြုတ်သောက်မလား မသောက်ဘူးလား"
"ဟာ။ခင်နော် စိတ်မရှည်တဲ့အသံကြီးနဲ့ မသောက်ဘူး၊ တနေကုန်ဘာမှမစားဘူးဟွန့်"
"ရတယ်လေ ဆေးရုံက ဆင်းတာနဲ့ညစာငတ် ချင်ရင်မသောက်နဲ့ပေါ့"
"ဟီး ခင်ကလည်း မမကချစ်လို့ စတာကိုစိတ်ကြီးပဲ"
"အစကတည်းကသောက်လိုက်ရင်ပြီးနေပြီးကို သမီးမြရယ် နိုင်တာလဲမဟုတ်ပဲနဲ့"
"မနိုင်တာမဟုတ်ဘူးကြီးမေရဲ့ ချစ်လို့အလျော့ပေးလိုက်တာ"
"မိုးလဲချုပ်နေပြီးဆိုတော့ ကြီးမေပြန်လိုက်အုံးမယ်"
"ဟုတ် ကြီးမေ "
ကြီးမေ ထွက်သွားတာနဲ့ မြ လဲနောက်လိုက်ပြီး တံခါးကိုလော့ချလိုက်ပြီးကုတင်ဆီပြန်လာကာ  ခင့်နှုတ်ခမ်းတွေကို အတင်းစုပ်နမ်းပြီး အကျီနဲ့ဘော်လီကိုပါတခါထဲချွတ်လိုက်ပြီး နို့ နှစ်လုံးကိုတစ်ဖက်စီစို့ကာ နို့သီးခေါင်း ကိုလဲချေပေးနေသည်။
"အာ့ဟာ့ မမ နော်  နေကောင်းသေးတာမဟုတ်ဘူး အရမ်းမဆိုးနဲ့ "
ဆိုပြီ ခေါင်းကို တွန်းဖက်တော့ မမက မျက်နှာမဲ့ကာအကျီနဲ့ဘော်လီကိုပြန်ဝတ် ပေးပြီး ခင့်ကိုရင်ခွင်ထဲ ထည့်ကာနို့ကိုနယ်လိုက်ဖိချေလိုက်လုပ်ရင်းးးအိပ်ပျော်သွားလေသည်။
(နောက်တပိုင်း ဇာတ်သိမ်းပါမယ်)

ချစ်လို့ပါWhere stories live. Discover now