အိမ်ကိုရောက်တော့ မမမြကို ကိုကျော်ကတဖက် ခင်ကတဖက် တွဲပြီ အခန်းထဲ ထည့်ပြီးကိုကျော် ပြန်ထွက်သွားတော့။ ခင်က မမမြ အခန်း air con ကို နဲနဲ မြင့် လိုက်ပြီး အခန်းထဲကအထွက် မမမြ ကခင့်လက်ကိုလှမ်းဆွဲလိုက်တာကြောင့် ခင် မမမြအပေါ်ကို အုပ်မိုးသလိုဖစ်သွားသည်။
"ချစ်တယ် ခင်"
ပြောပြီး ခင့်နှုတ်ခမ်းကိုနမ်းနေသည်။ ခင်က တွန်းထုတ်လိုက်ပြီး အခန်းထဲက ထွက်ခဲ့သည်။
ခင် နေတဲ့အခန်းထဲရောက်တော့
"မမမြ ရယ် မိန်းခလေးချင်းမဖစ်နိုင်ပါဘူး"
ခင်မှာ အဲ့တညလုံး မအိပ်လိုက်ရ မနက်ဖြန်ရုံးပိတ်ရက်မို့တော်သေးတယ်။မဟုတ်ရင်မာကင်ရာတွေကြောင့် ရုံးကလူတွေ အတင်းတုပ်နေကြအုံးမှာခင်နိုးတော့ မနက် ၈နာရီတောင်ရှိနေပြီး
"ကြီးမေ မနက်စာ ဘာလဲဟင်"
မေးလိုက်ပေမယ့် ထမင်းစားဝိုင်းမှာထိုင်နေတဲ့မမမြကို တွေ့တော့ ခင် ညကအကြောင်းပြန်သတိရသွား
"ခင် မမမြနားလာထိုင် ကြီးမေ က မမမြအတွက် အမူးပြေ စွတ်ပြုတ် လုပ်ပေးထားတာ လာသောက်ကြည့်"(ဒီနားမှာ ကိုးရီးယား drama လိုလုပ်ထားတာမို့ )
ပြောပြီး ခွံပေးတော့ ခင်မှာ မသောက်လို့ကမရ တာမို့ သောက်လိုက်ရပြန်သည်။
"ကောင်းတယ်မလား ခင် "
"ဟုတ် ကောင်းတယ်မမမြ ကြီးမေ ကဘာချက်ချက်ကောင်းနေတာပဲ"
"အမလေး ချွဲပါပီး ကျမကို ရှင်တို့ နှစ်ယောက်က အချိုသတ်နေတာမလား"
"ဟုတ်ပါဘူး ကြီးမေလက်ရာက ကောင်းလို့ကောင်းတယ်ပြောတာကို ကြီးမေကလဲ"
ပြောလဲပြော ကြီးမေကိုခင်အနောက်ကနေဖက်လိုက်သည်။ကြီးမေက ခင့်အတွက် မနက်စာ ထည့်ပေးပြီးမမမြနားချပေးတော့ မမမြနားပြန်ထိုင်ရပြန်
"ခင် စားပြီးရင် ပြင်ဆင်ထား မမမြ ခင့်တွက်အကျီလိုက်ဝယ်ပေးဖို့"
"ခင့်မှာအကျီ ရှိတယ်လေမမမြ"
ခင်ငြင်းရင် မမမြကမကြိုက်
"ပေးတာကို ယူလိုက်ခင် ပြန်မပြောနဲ့"
ပြောပြီး အပေါ်တက်သွားတော့ ခင့်မှာကြောင်တောင်တောင်ဖစ်ပြီးကျန်ခဲ့ ရသည်။ မမမြကတခါတလေ ချိုသာပြီး တခါတလေ အမိန့်သံ နဲ့ဖစ်တာကြောင့် ခင်လဲ မမမြစိတ်ကို မသိတော့ဘူး
ညက ကိစ္စကို မသိချင်ယောင်ဆောင်ပြီးပုံမှန်လိုလုပ်နေတာကို မြမကြိုက်ဘူး မြ မူးနေပေမယ့် ချစ်တယ်ဆိုတာ တကယ်ပါခင်ရယ် မြရဲ့ခံစားချက်ကို မသိချင်ယောင်ဆောင် လို့အသံမာမာနဲ့ပြောမိလိုက်သည်။
"ခင် ပြင်ပြီးရင်ဆင်းခဲ့တော့လေ နောက်ကျနေပီး"
"ဟုတ် မမမြ ပြီးပြီး"
မြန်မာဝမ်းဆက်ကိုမှနံသာရောင် အကျီလက်ပြက်နဲ့ ထဘီက ချည်ထိုးလေးတွေနဲ့ ကျစ်ဆံမြီး ကို ဘေးတစောင်းကျစ် ထားတဲ့ ခင့်ကို ငေးရပြန်ပါပီးလေ
"လှလိုက်တာ"
"ရှင် မမမြ ဘာပြောလိုက်တာလဲ"
ခင် ဖိနပ်စီးနေတုံး ပြောတာမို့မကြားတကြားဖစ်နေသည် လှလိုက်တာ လို့ပြောတာလား မဖစ်နိုင်။
"ဘာမဟုတ်ဘူး လာမြန်မြန်"
ဆိုင်ပြီးကားမောင်းသမားထိုင်ခုံပေါ်တက်လိုက်တာကြောင့်
"ဒီနေ့ ကိုကျော် လိုက်မပို့ဘူးလား"
"ကိုကျော်မိန်းမ နေမကောင်းလို့ ခွင့်ပေးထားတယ် ၂ရက် "
"အော် "
ဆိုပြီးအနောက်ခုံမှာထိုင်မယ်အလုပ်
"မြက ခင့်ရဲ့ယာဥ်မောင်းမဟုတ်ဘူးနော် အရှေ့မှာလာထိုင်"
"ရှင် ဟုတ်မမမြ"
ရွှေတဂုံစေတီကို ရောက်တော့
"ရောက်ပြီး ဆင်းရအောင်"
"ဟုတ် မမမြ"
ရွှေတိဂုံစေတီကိုဖူးရင်း မိဘတွေနဲ့ပြန်တွေ့ဖို့ ခင့်မှာ ဆုတောင်းမိပြန်တယ်
မမမြတော့ဘာတွေဆုတောင်းလဲမသိ ခင့်ထက်ပိုကြာနေတော့ ခင်လဲ ဘုရားတပတ် ပတ်ပြီး ပြန်လာ မမမြ လဲ ပြီး အတော်ပဲ
"အကျီသွားဝယ် မယ် ခင် "
"ခင့်မှာ အကျီ"
"အကျီရှိတာသိတယ် ဝယ်ပေးချင်လို့ဝယ်ပေးတာ ယူကိုယူရမယ်"
ပြောပြီးကားဆီသွားတော့ ခင်လဲအနောက်ကလိုက်လာတာရတော့သည်။
ဘယ်လိုလူလဲနော် ပေးချင်ရင်လဲအတင်းပေး ယူချင်ရင်လဲအတင်းယူ ပဲ ။
အကျီတွေဝယ်ရင်း ခင် ခြေထောက်တွေညောင်းနေပြီး ခြေတလုံးကိုနှိပ်နေတာကိုမမမြကတွေ့သွားတယ်ထင်တယ်
"ခင် ဗိုက်ဆာနေပြီးလား ဟိုဆိုင်မှာသွားစားရအောင်"
ဆိုပြီးခေါ်တော့သူကအထုတ်နှစ်ထုတ်ပဲဆွဲပြီး ခင်မှာတော့ အထုတ်တွေ လက်နှစ်ဖက်အပြည့်နဲ့လိုက်ရသည်။
ဆိုင်ရောက်တာနဲ့သူစားချင်တာမှာပြီး ခင့်ကို menu ပေးတော့ ခင်လဲ ခင်စားချင်တာမှာလိုက်သည်။
မှာထားတာတွေ ရောက်လာတော့ စားသောက်ပြီးတာနဲ့ရုပ်ရှင်ကြည့်ရပြန်၊ ခင်က ရုံးပိတ်ရက်ကိုအိမ်မှာအေးအေးဆေးဆေးနားချင်ပေမယ့် မမမြက လိုက်လည်ဖို့ခေါ်တော့ မငြင်းနိုင်ပဲလိုက်ခဲ့ရပေမယ့် ခင်အိမ်ပဲပြန်ချင်နေမိတယ်။
ရုပ်ရှင်ကြည့်ပြီးအိမ်ပြန်ရောက်တော့ ခင့်အထုတ်တွေကို အိမ်ကကောင်မလေးတွေကဝိုင်းဆွဲပြီးအခန်းထဲပို့ပေးလေသည်။ခင်လဲ ပင်ပန်းတာနဲ့ပြန်ရောက်ရောက်ချင်းရေမိုးချိုးပြီး ညစာတောင် ထွက်မစားနိုင်တော့တဲ့ထိပင်ပန်းပီး အိပ်ပျော်သွားမိသည်။
YOU ARE READING
ချစ်လို့ပါ
Romanceစိတ်ကူးယဥ်ပါပဲ ကိုယ်လိုချင်တဲ့ ပုံစံလေးမျိုးလျှောက်ရေးထားတာမို့ ဖတ်ရအဆင်မပြေရင် စာဆက်မရေး တော့ပါဘူး