အပိုင်း - ၅၉ ( အရုဏ်ဦးအား စိုးထိတ်၏ )ကျောက်ရှန်းကော သန်မာလှသည်။ သို့သော်လည်း ကြင်နာနူးညံ့မှု မရှိသည်တော့ မဟုတ်ပါ။
ထိုသူမှာ ချန်ဝမ်အတွက် မီးရှူးမီးပန်းများစွာ ဖန်တီးပေးနေသည်။
၎င်းတို့မှာ ဗစ်တိုးရီးယားဆိပ်ကမ်းမှ မီးရှူးမီးပန်းများထက် ပို၍လှပြီး ပိုတောက်ပ၏။ သူ့တစ်သက်တာတွင် ဤသို့သော် ထည်ဝါခမ်းနားသည့် ပျော်ရွှင်မှုညချမ်းအား ဤတစ်ကြိမ်တည်းသာ ဖြတ်သန်းရမည့်အလား၊ ချန်ဝမ် လွန်စွာမှ တန်ဖိုးထားမိသည်။
ဤမီးပွားများ ပျောက်ကွယ်ပြီးသွားလျှင် နောက်ထပ် မရှိနိုင်တော့ပါ။
ချန်ဝမ်မှာ သူ၏ ကောက်ရိုးတစ်မျှင်အား ဆွဲမိဆွဲရာ ဆွဲဆုပ်ထားသည်။ အသက်ကိုလည်း မြန်ဆန်စွာ ရှိုက်ရှူလျက် ၊ မြောက်များလှစွာသော ပုံရိပ်နှင့် ဖြစ်ရပ်များက သူ့မှတ်ဉာဏ်ထဲ တစ်ချပ်ချင်းစီ ပြန်ပေါ်လာလို့။
သင်္ဘောကုန်းပတ်ပေါ်မှ မြင်ရသော အပြာရင့်ရင် ညဉ့်ပင်လယ်။
Rugby ကွင်း။
ယင်းဟွာေကျာင်းဝန်းထဲက ရေကူးကန်။
Kadoorie တောင်ပေါ်က ပိုးစုန်းကြူးများ။
ရှောင်လန်စန်း၏ တံတိုင်းနံရံ....
အချိန်များ ရောထွေးကုန်၏။ သို့သော် အဆုံးသတ်မှာတော့ ကျောက်ရှန်းကော ရှိနေမြဲ။
မီးစကို ထွန်းညှိခဲ့သော ထိုယောက်ျားမှာ သူ၏ လည်တိုင်ကို ကိုင်ထားရင်း ၊ ရင်ခွင်ကျယ်ကလည်း နိမ့်ချည်မြင့်ချည် မြင့်တက်နေလျက်၊ ဩရှသော အသံဖြင့် မေးလာ၏။
"ချန်ဝမ်၊ မင်း ဘာလို့ ကိုယ့်ကို အမြင့်ပေါ်မှာချည်း တင်ထားတာလဲ။ ကိုယ်က အလှဆင်ပစ္စည်းလား"
ချန်ဝမ်မှာ ကျောက်ရှန်းကော၏ မျက်နှာအား မျက်လုံးအဝိုင်းသား ကြည့်လာ၏။
"အင်း၊ သိပါပြီ။ ခင်ဗျား အဲ့လို မဟုတ်ရပါဘူး"
ကျောက်ရှန်းကောမှာ အစစ်အမှန်တည်ရှိသူဖြစ်ကာ ထိတွေ့ကိုင်တွယ်၍လည်း ရသည်။ ကျောက်ရှန်းကော၏မျက်နှာ တည်ငြိမ်သွားကာ ပိုပြီး တွန်းအားပေးလာသည်။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romance"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"