3🖇

68 18 0
                                    

The best side of me
---------------------------------

- ထယ်ဆန်းနဲ့အတူ ဒီနယ်​​မြို့လေးထဲကိုပြောင်းလာတာ လအနည်းငယ်ကျော်ကြာပြီဖြစ်သည်။ ထယ်ဆန်းက သူ့အပေါ်မှာ အရမ်းဂရုစိုက်တတ်တယ်။ ထယ်ဆန်းက ဆရာဝန်တစ်ယောက်ဖြစ်တော့ အခုသူတို့ပြောင်းလာတဲ့နယ်မှာပဲ ရွာသားတွေကိုဆေးကုပေးရင်း အေးအေးချမ်းချမ်းပဲနေနေကြတယ်။ သူတို့ထွက်ပြေးလာပြီးတော့ မေမေတို့ကလိုက်ရှာသလို ဖေဖေဆိုရင် သူ့ကိုလူပျောက်ပါ တိုင်ထားသေးတယ်လို့ ဆူဂျင်းပြောတယ်။ -

" အီဟန်! ဘာလုပ်နေတာလဲ "

" စာလုပ်နေတာပေါ့ဗျာ..."

- သူအဖြစ်ချင်ခဲ့ဆုံး အမှုစစ်တစ်ယောက်ဖြစ်အောင် သူလုပ်နေခဲ့သည်။ ဒါကသူလိုချင်လို့သူရွေးတဲ့လမ်း။ ဘာတွေဖြစ်လာဖြစ်လာသူကျေနပ်တယ်။ -

" နားပြီးတော့လည်းလုပ်ပါ အီဟန်ရယ်။ အီဟန်ပင်ပန်းရင်ဘယ်လိုလုပ်မလဲ။ "

" ပင်ပန်းရင် မင်းအနားကပ်နေမှာပေါ့။ လာပါဦး ငါ့ရဲ့ခွန်အားလေး။ "

- သူကလက်ကိုဆန့်တန်းပေးတော့ ထယ်ဆန်းကသူဆီလာပြီးတော့ဖက်ထားပေးခဲ့သည်။ -

" အီဟန် ကိုယ့်ကိုထားသွားမှာလားဟင် "

- မိုးရာသီမလို့ ခေါင်ပေါ်ကတစက်စက်စီးကျနေတဲ့​ရေသံနဲ့အတူ ထယ်ဆန်းဆီက စကားသံကလေးလေးပင်ပင်။ -

" မထားသွားပါဘူး ထယ်ဆန်းရယ်။ ငါကမင်းကိုထားခဲ့ပြီးဘယ်သွားရမှာလဲ။ "

" မင်း ကိုယ်အမှားလုပ်မိခဲ့ရင် အပြစ်ပြောမှာလား။ "

" လူတိုင်းမှားနိုင်ကြတာပဲ ထယ်ဆန်းရ။ မှားတိုင်းသာအပြစ်ပြောနေရရင် ဒီလောကကကြီးမှာမှန်တဲ့လူတစ်ယောက်မှကိုရှိမှာမဟုတ်ဘူး။ "

" တကယ်နော်...."

" အွန်းပေါ့။ "

" ကိုယ်မင်းရဲ့အကြိုက်ဆုံးကော်ဖီခွက်လေးကိုခွဲလိုက်မိတယ်။ "

" ဘာ!!! "

- မျက်နှာငယ်လေးနဲ့ထယ်ဆန်းက အီဟန်အော်တော့လန့်သွားခဲ့သည်။ -

" စိတ်ဆိုးသွားတာလား "

" မဟုတ်ပါဘူး။ မဟုတ်ဘူး။ ဟင်းဟင်း။ အဲဒီလိုလည်းရှိနိုင်တာပဲလေ။ အဆင်ပြေတယ် "

Right person, Wrong time ( ongoing )Where stories live. Discover now