4🖇

88 16 2
                                    

plotအဆင်မပြေတာတွေ့ရင် ဒါမှမဟုတ် မကြိုက်ခဲ့ရင် သိတဲ့လူတွေကအော်သာ့cbမှာလာပြောလို့ရပါတယ်ရှင့်။ comမှာလည်းပြောသွားလို့ရပါတယ်။ သာသာလည်း စမ်းအပ်နေတာမလို့ပါရှင့်။










behind story of me
----------------------------------

- မနက်ရှစ်နာရီမထိုးခင်ပြေးလွှားနေဆဲ သစ်လွင်တဲ့စိတ်နဲ့ကျောင်းသား၊ ကျောင်းသူများ။ ဝင်ပေါက်ဝကဆရာမဆီမှာ အဆူမခံရဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားရင်း ကျောင်းထဲဝင်လာကြသည်။ -

" ကျောင်းသူဖြစ်ပြီး မိတ်ကပ်ကဘာလဲ။ ဒီဆံပင်ပုံနဲ့ အရောင်တွေကရောဘာဖြစ်တာလဲ။ "

" ဒီတစ်လောtrendဖြစ်နေတဲ့ဟာတွေပါ ဆရာမကလည်း... "

" ပြန်ခံပြောနေပြန်ပြီ။ ဟိုကောင်တွေ လက်သေချာမြှောက်ထားကြ။ "

- ဆရာမက တစ်ယောက်တစ်ချက်ဆီခေါင်းကိုရိုက်ပြီး ထွက်သွားခဲ့သည်။ -

" ဟန်ထယ်ဆန်းကြောင့်ဖြစ်ရတာ။ အဲဒီကောင်ကိုမှတ်လောက်သားလောက်အောင်ဆုံးမရမယ်။ "

" ဟုတ်တယ်။ အာ ချီးပဲ။ ပြောရင်းတောင်ဒေါသထွက်လာပြီ။ "

" မိသားစုကချမ်းသာတယ်ဆိုပြီး မာန်လာတက်ပြနေတာပဲ။ "

" ငါ့ကိုနေ့ခင်းကျရင် အချိန်ပေးလိုက်ပါ။ ငါအဲဒီကောင်ကို ပညာပြရမယ်။ "

" အိုကေ ယောန်ရှစ်။ ငါကမှတ်တမ်းတင်ပေးထားမယ်။ "

- ယောန်ရှစ်ဆိုတဲ့ကောင်လေးပြောတာကို နိုအာဟုခေါ်သောကောင်မလေးကထောက်ခံလိုက်သည်။ -

.
.
.

- အဲဒီတုန်းက သူတို့ဟာ ပျော်စရာကောင်းပြီး လူငယ်ဘဝလို့အမွှန်းတင်ခံထားရတဲ့ ၁၈နှစ်ဆိုတဲ့အရွယ်။ သူကလည်း လွတ်လပ်ပြီးပျော်ရွှင်တတ်တဲ့ အရွက်စိမ်းလေး။ -

" ထယ်ဆန်း! ဒီနေ့ ဝက်သားကြော်ပါတယ်လို့ကြားတယ်။ မြန်မြန်သွားကြရအောင်။ "

Right person, Wrong time ( ongoing )Where stories live. Discover now