• Safe Zone •
----------------------- သူ့ကိုအဖေခေါ်နေတယ်လို့ အဖေ့တပည့်ကလာပြောသည်။ ဒါကြောင့်စာဖတ်ခန်းဆီကိုသူဦးတည်လာသည်။ -
" ခေါ်တယ်ဆိုလို့ "
" လေသံကဘာဖြစ်နေတာလဲ။ မင်းအချိုးတွေပြင်ထား။ "
" အဲဒါပြောချင်တာလား။ ဒါများmessageပို့လိုက်ရင်ရနေပြီကို... "
" မင်း!!! မင်းကမင်းအမေနဲ့သိပ်တူတယ်။ ပြောမရဆိုမရတွေ။ အခုတစ်လော မင်းရဲ့ငါမသိတဲ့သူငယ်ချင်းအကြောင်းပြောပြပါဦး။ "
" ကျွန်တော်သူငယ်ချင်းအကြောင်းကို အဖေ့ဆီပါတင်ပြရဦးမှာလား။ "
" လျှောက်ပြောမနေပဲ ငါမေးတာပဲဖြေ။ မဟုတ်ရင် မင်းသူနဲ့ထပ်မတွေ့ရဘူး။ "
" ဒီအကွက်ကြီးပဲ..."
- အီဟန်တိတ်တဆိတ်ရေရွတ်လိုက်သည်။ -
" အဲဒီကောင်လေးကဘယ်ကလဲ။ ဘယ်သူလဲ။ မင်းနဲ့ဘယ်လိုသိတာလဲ။ "
" ကျွန်တော့်သူငယ်ချင်းလို့ပြောတယ်မလား။ ဆူဂျင်းနဲ့မုန့်စားဖို့သွားရင်းခင်လာတာ။ ရပြီလား။ "
" အဲဒီနေ့က သူဘယ်လိုရောက်လာတာလဲ "
" ဆူဂျင်းရော ကျွန်တော်ရောဖိတ်ထားခဲ့လို့။ မယုံရင်ဆူဂျင်းကိုမေးလို့ရတယ်။ ဒါပဲမလား။ ကျွန်တော်သွားတော့မယ်။ "
- အီဟန်ထွက်သွားဖို့ပြင်နေတုန်း အဖေက သူ့ကိုစိတ်ပျော်တာ မမြင်ချင်ဘူးထင်ရလောက်အောင် သတိပေးစကားဆိုလိုက်သည်။ -
" မင်းသိတယ်မလား။ မင်းဒီလိုဆက်လုပ်နေရင် မင်းမလုပ်ချင်တာကိုလုပ်ရမှာအနှေးနဲ့အမြန်ပဲ။ ဆင်ခြင်ပါ။ "
.
.
.- စိတ်တိုလွန်းလို့ အခန်းထဲက ဟူဒီကိုယူကာအပြင်သို့ထွက်လာခဲ့သည်။ -
- အပြင်ဘက်ကရာသီဥတုကတော့ သူနဲ့ခြာနားစွာပဲ နေရောင်တောက်နေခဲ့ပြီး သာယာနေပြန်သည်။ အေးစိမ့်စိမ့်ခံစားချက်လေးလည်း တစ်ချက်တစ်ချက်ရနေတာကြောင့် လက်ကိုအိတ်ကပ်ထဲသို့ထည့်လိုက်သည်။ -
YOU ARE READING
Right person, Wrong time ( ongoing )
Fanfictionမင်းသိလား ထယ်ဆန်း။ မင်းကိုငါချစ်မိသွားခဲ့ပေမဲ့ ငါတို့ကမှားယွင်းတဲ့တွေ့ဆုံမှုတစ်ခုပဲ။ GONGFOURZ (Taesan X Leehan) 23.9.2024 ~