1🖇

134 22 4
                                    

I don't want to be...
-----------------------------------

- Lovely family လို့ခေါင်းစဥ်တပ်တဲ့အခါ အဲဒီအထဲက​နေ သူ့ကိုဖယ်ထုတ်ပေးလို့ရမလား။ အမေကသူ့နည်းလမ်းနဲ့သူပျော်နေသလို အဖေကလည်းအဲဒီလိုပဲ။ ဟျောင်းကသူ့ကိုထားခဲ့ပြီး USကိုတစ်ယောက်တည်း ကိုယ်လွတ်ရုန်းသွားပြီ။ သူတို့ကမခေါ်ကြပါဘူး။ ဒါပေမဲ့ အများရှေ့မှာကျ ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသလိုမျိုးပြောနေကြပြန်တယ်။ သူက အဲဒီအထဲကတစ်ဦးတည်းသော ကြိုးဆွဲရာလေး။ သူလုံးဝမပျော်ဘူး။ သူပုန်ကန်ချင်တာတောင်ပုန်ကန်လို့မရဘူးလေ။ -

" pianoတီးတာအရမ်းတော်တာပဲ အီဟန်"

" အမေ့ဆီကအမွေရထားတာနေမှာဖြစ်ရမယ်။ "

" သားငယ်က ငယ်ငယ်လေးကတည်းက pianoတီးရတာသဘောကျတယ်လေ။ ပါရမီလည်းပါတယ်"

- သူကဘာကိုပါရမီပါရမှာလဲ။ ရှစ်နှစ်သားအရွယ်ကလေးတစ်ယောက်က လက်ထိပ်တွေ ထုံကျင်ပြီးတော့တုန်တဲ့အထိ အမှားမရှိအောင် pianoကိုလေ့ကျင့်ခဲ့ရတာ။ ဒါမှအိပ်နိုင်မှာမလို့လေ။ -

" ကျွန်တော် အိမ်ထဲခဏလောက်သွားခွင့်ပြုပါဦး။ "

" အီဟန်!! ဆူဂျင်းနီးလာနေပြီ။ သွားနှုတ်ဆက်ပြီး စကားပြောလိုက်ဦး။ "

" အာ ဟုတ်ကဲ့ "

- အီဟန်သက်ပြင်းချလိုက်ပြီး သိပ်လှတဲ့အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားတဲ့ မိန်းကလေးဆီသို့လျှောက်သွားလိုက်သည်။ -

" အင်ဆူဂျင်း! လာပြီလား "

" အွန်း။ အထဲမှာစကားပြောကြရအောင်။ "

" အွန်း "

- ဆူဂျင်းက အီဟန်လက်ကိုချိတ်ကာ စံအိမ်ထဲကိုဝင်သွားခဲ့သည်။ ကျက်သရေရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အနက်ရောင်ဆံနွယ်ရှည်တွေက သူမ၏မဟာဆန်တဲ့အလှကို ပေါ်လွင်စေသည်။ -

" ရပြီ အင်ဆူ။ ဒီအခန်းထဲကို ဘယ်သူမှမဝင်လာနိုင်ဘူး။ ငါtoiletခဏသွားဦးမယ်။ "

" အိုကေ "

- အင်ဆူဂျင်းလို့ခေါ်တဲ့ ကျက်သရေရှိတဲ့မိန်းကလေးဟာ အခန်းထဲရောက်ပြီးတာနဲ့ တခြားလူတစ်ယောက်လိုပုံစံပြောင်းသွားခဲ့သည်။ -

Right person, Wrong time ( ongoing )Where stories live. Discover now