Chapter 147

1.5K 168 0
                                    

Unicode

ထိုစကားများကို ကုမျန်ကြားသည့်အခါ သူမ အံ့ဩသွားရသည်။

ဒါက... လော့ချယ်ရဲ့ဖွင့်ဟဝန်ခံချက်လား။

"သူတို့က မင်းကို သဘောကျရင်တောင် မင်းကို သဘောအကျဆုံးက ကိုယ်ပဲ" ဆိုသည့်စကားက နည်းနည်းချိုမြိန်၏။

သူမ နားလည်တာများမှားသွားသည်လား၊ သို့မဟုတ် လော့ချယ်က ဤအတိုင်းဆိုလိုလိုက်သည်လား။

ကံကောင်းထောက်မစွာဖြင့် သူမ လော့ချယ်ကို ပြန်လည်တုံ့ပြန်ရန် မလိုအပ်ချေ။
ကုမျန်သည် Weibo ကို အချိန်အတော်ကြာအောင် ပွတ်ဆွဲနေပြီးနောက် ဖုန်းကို ချထားလိုက်တော့သည်။

လော့ချယ်သည် သူမ၏ချစ်သူကောင်လေးဆိုသည့် ဇာတ်ကောင်ကို ပို၍အသုံးပြုလာခဲ့သည်။

သူမကရော?

ကုမျန် သူမကိုယ်သူမ စိတ်ထဲမှ မေးလိုက်သော်ငြား မည်သည့်ရလဒ်တစ်ခုမှ မရခဲ့ပါချေ။

ခံစားချက်တွေက တကယ်ကိုဒုက္ခပေးတာပဲ။

သူမသည် လူအိုကြီးနောက်လိုက်ပြီး တောင်နှင့်မြောက်သွားရသည့်ခရီးကို နေ့တိုင်း ပြေးလွှားရင်း အလုပ်များလွန်းလှ၍ ခံစားချက်များနှင့်ထိတွေ့ရန် အချိန်လုံး၀မရှိခဲ့ပေ။

မထင်မှတ်ဘဲ၊ သူမ ကူးပြောင်းပြီးသည်နှင့် သူမတွင် ချစ်သူကောင်လေးရှိလာ၏။ သူမ၏ချစ်သူ ကောင်လေးသည်လည်း ယခုမူ ဤဆက်ဆံရေးအား ပို၍အလေးအနက် ထားလာပြီပင်။

လော့ချယ်၏လက်ရှိသဘောထားကို ကြည့်လိုက်ပါက နောက်လမ်းခွဲမှုနှစ်ခုကို မည်သို့အောင်မြင်နိုင်မည်နည်း။

ကုမျန် တွေးနေဆဲမှာပင် လော့ချယ်သည် စတီယာရင်ကို လှည့်လိုက်ပြီး ကားကို အခြားလမ်းပေါ်သို့ တိုက်ရိုက်မောင်းနှင်လိုက်သည်။ ၎င်းက သူမ၏အိမ်သို့သွားသည့်လမ်း မဟုတ်ပေ။

ကုမျန်က "ရှင် ကျွန်မကို ဘယ်ကိုခေါ်သွားနေတာလဲ"

"မြို့အနောက်ဘက်မှာ အချိုပွဲဆိုင်အသစ် ဖွင့်ထားတယ် အရသာရှိတဲ့ အစားအသောက်တွေ ရှိတယ်လို့ ပြောကြတာပဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Onde histórias criam vida. Descubra agora