အခင်းဖြစ်ပွားသည့်နေရာတွင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံပြည်သူအချို့ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ စိတ်မကောင်းကြသည့်သူများရှိသလို ထိတ်လန့်နေကြသူများလည်းရှိပြီး ထိုထဲ မှ အရာရာစူးစမ်းလိုစိတ်လွန်ကဲသည့် လူအချို့လည်း ရှိကြရာ ထိုသူတွေကတော့ မိမိတို့ ဟန်းဖုန်း ဖြင့် တားမြစ်နေသည့်ကြား အဝေးမှ တဖျက်ဖျက် ပုံလှမ်း ရိုက်နေကြလေသည်။"ဘယ်လိုလဲ ဆက်သွယ်လို့ရလား"
"ဟုတ်ကဲ့ဆရာ၊ လာ နေပြီလို့ ပြော.....
ဟော ..! ဟိုမှာ လာ ပြီ ဗျ"ချက်ချင်းဆိုသလို အခင်းဖြစ်ရာ နေရာသို့ ထိုးရပ်လာ သောကားနက်တစ်စီး။
အရှိန်ဖြင့် မောင်းနှင်လာသည်မှာ အနောက်ဘက်မှ
အလုံးရင်းလိုက် ထကြွလာသောဖုန် မှုန့်များကသက်သေ။"ဂျောက်!"
ကားတံခါးဖွင့်သံနှင့်အတူ အနက်ရောင် leather boot ဆီးထားသော ခြေတံရှည်တစ်ဖက်အားတပါးတည်းမြင်လိုက်ရလသေည်။
ယောက်ျားချင်းပင်ခေါင်းအနည်းငယ်မှော်ကြည့်ရလောက်သည်ထိရှည်တဲ့အရပ်တွေဟာဧကန်၆ပေ ကျော်မည်က မလွဲ။
လူအုပ်ရှိရာဘက်သို့ဦးတည်ကာလျှောက်လာနေသော ခြေလှမ်းတွေဟာ လျှင်မြန်ကာမာန်ပါနေပြီး
အနည်းငယ်တွန့်နေသော မျက်ခုံးတန်း တွေအောက်
မှ အညိုရောင်တောက်တောက်ကြား ကရွှေရောင် ဝေ့ဝဲနေသည့် မျက်လုံး အိမ် တွေ။ရှေ့သို့ကျနေသော ဆံပင်ခပ်နက်နက်ပင် ထိုအကြည့်စူးစူးတွေအားအလုံးဆုံမဖုံးကွယ် နိုင်။အကြည့်တစ်ချက်နဲ့career တစ်ခုလုံးအားဖော်ဆောင်နိုင်နေသည်ကတော့မဆန်းပါ။ ထိုအ ကြည့်တစ်ချက်တိုင်းဟာ လျှို့ ဝှက်ဆန်းကျယ်သလို စုံထောက်တို့ဗီဇဆိုသည့်တိုင်း သံသရ များစွာတို့ပျော်ဝင်နေသည်။
"ဖယ် ကြ ဖယ်ကြ ! စုံထောက်ကြီးလာနေပြီ
ဟိုကလေးမ ..ညည်းရှေ့ကဖယ်စမ်း""အာ့ ! အဖွားး"
ဖွေးဖွေးစွပ်ဖြူနေပြီဖြစ်သောဆံနွယ်တို့ဟာ ပါးလွန်း
နေပြီဖြစ်သောကြောင့် ဦးရေ ပြားများပြင်မြင်ရနေ
လေပြီ ။ အရွယ်ကျ ကာ အရေပြားများတွန့် နေပြီ
ဖြစ်သော်လည်း ထိုအဖွားအိုဟာ သန်သန် မာမာ နှင့် ပင်။ သူ(မ)နဘေး မှ ကလေးမလေးကိုခေါင်း
ခေါက်အသိပေး လိုက် သည် မှာ လျှပ် ခနဲ။
အတော်သန်ပြီးအတော်မြန် တဲ့အဖွားRose ပင်။