Part(3)

283 0 0
                                    

"Hello ကိုဓနု ! ရောက်ပြီလား"

"အင်းညီ ကိုယ်ရောက်ပြီ
ကားပါကင် ထိုးပြီးတက်လာခဲ့မယ်"

"အိုကေ အကို ကျွန်တော်တို့reception မှာစောင့်နေပါမယ်ဗျ"

"ဟုတ်ပီ ညီ"

ဖုန်းချပြီးသည်နှင့် ရှေ့ မှ နေရာလွတ် တစ်ခုတွင်
ကားအားထိုးရပ်လိုက်ပြီး အပေါ်ထပ် သို့ တက်လာခဲ့လိုက်လေသည်။

ပြီးခဲ့တဲ့အပတ်က team mates တွေနဲ့ saunaသွားဖို့အစီစဉ်က နေ spa ဘဲသွားကြဖို့ ပြောင်းလိုက်ရလေသည်။ အချိန် အများစုဟာ ကွန်ပျူတာရှေ့ ဘဲ ထိုင်ကာအလုပ်လုပ်ရသည်မို့ ကိုယ်ခန္ဓာ ညောင်းညာပြေရန်ဖို့သာ ဦးတည်ပြီး spaသာ ရွေးချယ်လိုက်ခြင်း
ဖြစ်သည်။
လက်ကနာရီက်ုငုံ့ကြည့်တာ အားလုံးနဲ့ချိန်းထား
တဲ့ချိန်ထက်5မိန်စ်စွန်းစွန်းပင်နောက်ကျနေသည်
မို့ စုတ်တစ်ချက်သက်၍ ခြေလှမ်း တို့သာ မြန်လိုက်လေသည်။
ဓနုဟာအချိန်ကိုအင်မတန်လေးစားသူတစ်ယောက်
ဖြစ်လင့်ကစား တစ်ဖက်သူကနောက်ကျတာမျိုး
မလိုလားသလို ကိုယ်တိုင် ကလည်း ပြောသည့်
ချိန် အ ရောက်လာတတ်သူပင်။
ယနေ့ရုံးပိတ် ရက်လည်းဖြစ်ပြီး ညနေခင်း ဆိုသည့်
တွက်ကြောင့်လမ်းမှာ ကားပိတ် နေသောကြောင့်
နောက်ကျသွားရခြင်းပင်။

"ကိုဓနု ဒီဘက်"

ရှိုင်းလက် ရမ်းပြရာ reception နားတွင်အားလုံးသူကရောက်နှင့်နေပြီ

"ဆောရီဗျာ ကား နည်းနည်းပိတ်နေလို့ နောက်ကျသွားတယ်"

"ရပါတယ်ဓနုရာ အများကြီးလည်းနောက်မကျပါဘူး"

"ဒါဆို ကျွန်တော်တို့ ဆက်ရှင်ဖြတ်လိုက်ကြရအောင်"

"အိုကေ"

အသီးသီးအခန်းယူပြီး​မှ နောက်ဆုံးဓနုအလှည့် ရောက်သည့်အခါ

"ဟို..စိတ်မရှိပါနဲ့ခင်ဗျာ ဒီကလူကြီးမင်းရွေးချယ် ထားတဲ့ single room ကမရှိတော့ ပါဘူး ခင်ဗျာ
လူ ကြီး မင်း အနေ နဲ့နောက်ထက်ကျန်တဲ့ ရွေးချယ်စရာ Duo roomနဲ့ Couple room  ရှိပါတယ်ဗျ။
ဘယ် roomအမျိုးစားထဲက အဆင်ပြေမလဲမသိဘူးခင်ဗျာ"

မတတ်နိုင် ရှိတာဘဲယူတာပေါ့

"ဒါဆို ကိုယ့်ကိုDuo room ဘဲ ပေးလိုက် ညီ"

"ဟုတ်ကဲ့ခင်ဗျာ"

ထို့ေ နာက် card နဲ့ သာငွေရှင်းလိုက်ပြီး

"ဧည့်သည် ရှင့် ဒီဘက်ကို လိုက်လာ ပေးပါ ရှင့်"

ခေါင်းတစ်ချက်ငြိမ့် ကာ ရှေ့ မှ ခေါ် ဆောင်ရာ တိုင်းသာ လိုက် လာခဲ့လိုက် သည်
ပုံမှန် တစ်ယောက်ခန်းဘဲယူနေကျမို့ ခုလိုနှစ်ယောက်
ခန်း လည်း ထင်သလောက် မဆိုး လှ ။

နှစ်ယောက်ခန်းဆိုပင်မဲ့ အလယ်မှ ခြားထားသော
သစ်မွေးကာတိန်း ကြောင့် safety privacy က
ပြေါစရာမလို။
ယောက်ျားလေးဆိုတော့လည်းသိပ်ပြီးကိစ္စမရှိ ။

အခန်း တွင်း မျက်စိအားဝေ့ရမ်းကစားကြည့်တော့
ဘေးတစ်ဖက်တွင် လူရှိ နေ သည်ထင်၏။
ထို့နောက်တွင် ဘာမျှစဉ်းစား
မနေ တော့ဘဲ အပန်းပြေ အနားယူ ရန်သာ
အာရုံစိုက်လိုက် တော့သည်။

ဝတ်ထားသော bathrobe အား ချွတ်ကာ
နေရာတစ်ကျ မှောက်ခုန် ပုံစံနေရာယူလိုက်သည်
နှိပ်ပေးမဲ့သူတော့ဝင်မလာသေး

"ဂျက်!"

"အခန်းထဲသို့ လူဝင်လာပုံ ထောက်
နှိပ်ပေးမည့်သူလာပြီ ထင် တယ်

ထို့နောက် တွင်တော့ ဓနုတစ်ယောက်မျက်စိ မှိတ်ဇိမ်ခံဖို့ သာစောင့်နေလိုက်တော့ သည်။

တခနအကြာတွင်
ခံစား လိုက်ရသော ခပ်နွေးနွေး အထိအတွေ့ ။
မှောက်လျှပ် နှင့် ပင် ကျောပေါ်မှထိတွေ့လာသော
ခပ်ဖြည်းဖြည်းအထိအတွေ့တွေဟာ
သူ၏စိတ် အာရုံခံစား နိုင် မှု အလုပ်စုံ အား စုပ်ယူ
သွား လေ သည်။
ယောက်ျားတစ်ယောက်၏ လက်မှန်း အတတ် ပြော
နိုင်သည့် တိုင်အောင် နှိပ်နှယ်လာသော
အားဟာ သေးတော့မသေးလှပါ
တစ်ချိန်တည်းမှာဘဲ သက်သောက်သက်သာခံစားနေရပြန်သောကြောင့် ဒီ အနေအထားက သူ့အတွက်တော့ အဆင်ပြေသည်။အရမ်း နူးညံ့ လွန်းကာ သိမ်မွေ့စွာနှိပ် နေ ဖြင့် သူ၏ ပင်ပန်းညောင်းညာမှုနဲ့တော့ ထိရောက်မှာ မဟုတ်

ထို့နောက်နှိပ်နှယ်နေသောလက်တွေဟာ ကျော မှတစ်ဆင့်
တစ်ဖြည်းဖြည်းခါးစပ်နားဆီသို့ ဆင်းလာေ လ သည်။
ဇိမ် ယူ ရင်း တစ်ဖြည်းဖြည်း ငိုက်မြီး ကာ မှိန်း
နေ ဆဲ မှာဘဲ

"အ့!"

-----

OmbraFuoco Where stories live. Discover now