Part(8)Unicode

554 9 3
                                    

အပိုင်း(၇)အဆက်

စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားသည့် အဖြစ်အပျက်တွေကြောင့် မကိုဋ်စိတ်ကိုအစိုးမရခဲ့ ။ ကားသော့ဆွဲ မောင်းနှင် လာ တာ တရကြမ်း ပေမို့ ဘယ်လိုအရှိန်နဲ့များအခင်းဖြစ်ပွားသည့် နေရာကို ရောက်ခဲ့သလဲဆိုတာကံယာကံရှင်တောင်သိလိုက်မည်မဟုတ် ပါ။

စိတ်ဝင်စားဖို့လည်းမအား။ ရှေ့က စုတ် ပျက် နေသော ကားနှစ် စီးကိုကြည့်၍မှင်သေနေမည့်သည်က ဘေးမှ မှုခင်းလက်ထောက်တစ်ယောက် ရောက် လာသည့် အချိန်ထိ။

"စစ်ဆေးချက်အရ တိုက်လိုက်တဲ့ တစ်ယောက်က ထွက်ပြေးသွားပြီး အပြင်းအထန်ဒဏ်ရာရသွားခဲ့သူ၂ယောက် ကိုတော့ အချိန်မှီ လာခေါ်သွား ခဲ့ပါတယ်"

"မဟုတ်ဘူး!"

"ဗျာ"

"တိုက်တဲ့သူက၂ယောက် "

ထိုမှုခင်းလက်ထောက်လေးကနည်းနည်းတော့ကြောင်သွားရသည်။

*စုံထောက်ကြီးက တိုက်တဲ့သူ၂ယောက်မှန်းဘလိုသိတာလဲ *

ဆေးရုံကား၊ရဲကား တွေ နဲ့ သူတို့ မှုခင်းအဖွဲ့ တွေ ရှေ့ ဆင့် နောက် ဆင့် ရောက်သွားကြချိန် ဒဏ်ရာ ရလူနာ နှစ် ဦး နှင့် ကား အပျက် အစီးကိုသာ တွေ့လေသည်။ ကံဆိုးတာက ဒီအနီး တစ်ဝိုက် မှာ ကင် မရာ တပ်ဆင်ထား ခြင်း မရှိသည့်အတွက်ကြောင့် သူတို့ စစ်ဆေးဘက် တရားခံ ရှာ ဖို့ ကို ပိုလို့ အကြံအိုက် စေ သည် ပင်။
အဆိုးတည်းကအကောင်းလို့ ဆိုရမလား တွဲကား ကိုယ် ထည်က မြင့် သည့် အတွက် တိုက် မိတဲ့ ကားခေါင်း ရဲ့ အောက် ပိုင်းကအတော် အထိ နာပြီး အပေါ်မှန် ပိုင်းတွေတော့ သိပ် ပြီး မစိုးရွားလှ ။

ထို့ကြောင့် တွဲကား ရဲ့ အရှေ့ဘက် မှာတပ်ဆင် ထားသောကင်မရာ ဟာပျက်စီးမသွားခဲ့တာ။ ထိုကင်မရာကိုစစ်ဆေးကြည့်အပြီးမှာ အဖြေထွက်လာတာက ဤတွဲကားဟာရှေမှရပ်ထားသော BMWကို ဝင်တိုက်လိုက်ခြင်းပင်။ ဒီလို လမ်းမ အလယ် ခေါင်မှာ ကားရပ်ထား တာဟာ တစ်ဖက်က အမှား မလို့ တွဲ ကား မောင်း တဲ့ သူဘက်ကကြည့်ရင် သူ့အပြစ်ချည်းဘဲ မဟုတ်။

ဒါပေမဲ့ ခက်တာက တိုက်မိပြီး လျှင် ဖြေ ရှင်း ရ မည့် အစား ထွက်ပြေးသွားတာပင်။
BMWကတော့ အဖက်ဆယ်မရအောင်ကိုပျက်စီးသွားကာ ရှေ့ ၊နောက် ကင် မရာ ၂ ခု လုံး က လုံးဝ အသုံးပြု လို့ မရတော့ ။

OmbraFuoco Where stories live. Discover now