"Ai mark!!!!!"

"လန့်လိုက်တှာကွာ ဘာဖြစ်လာတာတုန်း"

" Yumi နဲ့ Winnyနဲ့တွဲသွားပြီတဲ့!!!"

"ဟင် ! ဟမ် ဘယ်လိုဖြစ်တာလဲ သေချာလို့လား??"

"အေး ငါသတင်းတွေကြားလို့ ခုမနက်ကိုသူတို့ တူတူလက်တွဲပြီးကျောင်းလာကြတာတဲ့"

"သေစမ်း ဟိုကောင်satang သိရင်တော့...."

"ငါသိတော့ ဘာဖြစ်လို့လဲ?"

"အောင်းဝ် satang!!!!"
ပြိုင်တူအော်လိုက်တဲ့ mark နဲ့ forthကြောင့် satang နဂိုခေါင်းကိုက်နေတာအပြင်နားပါအူသွားလေသည်

"မင်းမေဘိုးတော်လို ငါနားမကမ်းသေးဘူး စွတ်အော်နေလိုက်တာ"

"မဟုတ်ပါဘူးကွာ ငါတို့က မင်းကျောင်းပြန်တက်တာသိပြီး ဝမ်းသာသွားလို့"

"အပိုတွေကပြောပြန်ပြီ မင်းတို့ခုနဘာပြောနေကြတာလဲ ငါသိရင်ဘာဖြစ်လဲ"

Satangအမေးကြောင့်markတစ်ယောက်မဖြေနိုင်ပဲဖြစ်နေရာ forthကဝင်ထောက်ပေးလိုက်သည်

"အော် အော် ဆရာမကprojectတွေထပ်ပေးသွားလို့ပါ အဲ့တာမင်းသိရင်တော့စိတ်ညစ်မှာပဲလို့ ပြောနေတာ"

"အေး အေးကွာ ဟုတ်တယ် မင်းစာတွေပိမှာစိုးလို့ပါ မင်းနေကောင်းသွားပြီလား"

"အေး နည်းနည်းတော့သက်သာပြီ အားတော့သိပ်မရှိသေးဘူး"

"အေးကွာ နားနားနေနေလုပ်ပေါ့ မင်းစာကူးချင်ရင်ပြောနော်"

"အေး နောက်မှကူးမယ်"

Satangကmarkနဲ့forthထူးဆန်းနေတာကိုသတိထားမိနေသော်လည်းအင်း‌အားမရှိသလိုခံစားနေရတာကြောင့် သူ့နေ့ရာသူပြန်သွားကာ ‌ခုံပေါ်၌သာမောက်အိပ်နေလိုက်သည် satang ၂ရက်လောက်ကျောင်းပျက်သွားပြီး ကျောင်းမပိတ်ခင်တစ်ရက်လောက်ကျောင်းပြန်တက်ဖို့ဆုံးဖြတ်ထားသောကြောင့် ယနေ့ satangကိုယ်တိုင်လဲအနည်းငယ်သက်သာလာသည်မို့ရောက်လာခြင်းဖြစ်သည်

ခနအကြာတွင် ဘေးနားကသူလဲရောက်လာလေသည် သို့ပေမယ့်သူခေါင်းမောမကြည့်ဖြစ်ပေ အကြောင်းမှာ သူအဖျားတက်နေစဥ်က မက်ခဲ့သော ဝိုးတဝါး အိမ်မက်တစ်ခုကြောင့်ပင်ဖြစ်သည်

ဆရာမဝင်လာသည်အထိsatangဘေးဘက်မှတစ်ဖက်လူစီကိုလုံးဝပင်လှည့်မကြည့်သည်မှာ မုန့်စားဆင်းချိန်ထိပင်

အတတ်နိုင်ဆုံး Winny ကိုမတွေ့အောင်သူရှောင်တိမ်းပြီး ပေါင်မုန့်နဲ့နို့အေးကို သောက်လိုက်သည် သို့သေည်အနည်းငယ်မူးဝေကာ
‌နုံချိလာသောသူ့ခန္ဓာကိုယ်ကြောင့် ဆေးပေးခန်းမှာသွားအိပ်ဖို့ဆုံးဖြတ်လိုက်သည်

ဆေးပေးခန်းသို့အသွား ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ရဲ့ နမ်းလုဆဲဆဲ အခြေအနေကို မတော်တဆတွေ့လိုက်ရသည် သို့သော် တစ်ဖက်မိန်းကလေးမှာsatangရဲ့ ရည်းစားဟောင်းဖြစ်နေလေသည် ထို့ပြင် ကောင်လေးသည်လဲ

Can you be mine? (Complete)Where stories live. Discover now