" P Winny ဘယ်သွားမလို့လဲ!"
"Tang နောက်ကိုလိုက်သွားမလို့"
"ဘာလဲ P က yumiတို့သဘောတူထားတာကိုမေ့လိုက်ပြီလား?"
"အဲ့သဘောတူမှုက မင်းတစ်ယောက်ထဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်နေရုံပဲ ငါ့အတွက် satang ကလွဲပြီး ဘယ်သူကမှအရေးပါမနေဘူး"
"ရတယ်လေ အဲ့တာဆိုလဲ P တို့ နှစ်ယောက်အတန်းထဲမှာ နမ်းခဲ့တယ်ဆိုတာကိုတစ်ကျောင်းလုံးကိုလျှောက်ပြောလိုက်..."
Yumiရဲ့စကားလုံးတွေကိုပြတ်တောက်သွားအောင် Winnyက သူမကို ဖုန်းထဲမှ video တစ်ပုဒ်အားဖွင့်ပြလိုက်လေသည်
"ငါ့မှာကမင်းထက်သက်သေပြလို့ရတဲ့အရာတွေအများကြီးရှိတယ်ဆိုတာ မင်းသိထားသင့်တယ်"
"မ မဖြစ်နိုင်ဘူး အဲ့ video ကို P ဘယ်ကရတာလဲ!!"
"ငါပေးလိုက်တာ"
ထိုစဥ်သူတို့စကားဝိုင်းထဲသို့ကောင်မလေးတစ်ယောက်ထပ်မံရောက်ရှိလာလေသည်
"P Winny လိုက်သွားလို့ရပြီနော်"
ထိုကောင်မလေး၏စကားကို Winny က ခေါင်းတစ်ချက်ဆတ်ပြ၍ satangနောက်ကို လိုက်သွားလေသည်
"P P Winny ဘယ်သွားမှာလဲ!!"
"ရပ်လိုက်တော့ Yumi!"
"နင်နဲ့မဆိုင်တာ ဝင်မပါချင်စမ်းနဲ့ Nay"
"ဘာလဲ တမ်းတမ်းစွဲဖြစ်နေတာလဲ ယောကျ်ားတွေနဲ့ ပွတ်သီးပွတ်သပ် မလုပ်ရရင်နေမထိထိုင်မသာဖြစ်နေတာလား?"
"နင် စကားကိုဆင်ခြင်ပြော !!"
"ဘာလို့လဲငါပြောတာမှားလို့လား!"
"အေး နင်မမှားဘူး ငါကတမ်းတမ်းစွဲနေဖြစ်နေတာ ဒါပေမယ့် ယောက်ျားတွေကိုပဲ ငါကမိန်းကလေးတွေမကြိုက်ဘူး"
"အေး မကြိုက်နဲ့လေ နင့်ကိုဘယ်သူကကြိုက်ခိုင်းလို့လဲ"
"ဒါပေမယ့် ..."
"ဒါပေမယ့်ဖြစ်လဲ နင်နဲ့ငါနဲ့ နမ်းမိသွားတယ်ဆိုတာမတော်တဆပဲလေ ငါကကော နင့်ကိုကြိုက်တယ်ပြောမိလို့လား?"
"ဒါပေမယ့် video ကြီးက...."
"ငါဖျက်ခိုင်းလိုက်ပြီ P winnyဆီမှာရှိတာ နင့်ကိုပြပြီးတာနဲ့ဖျက်ဖို့ပြောထားတယ် တင်ထားတဲ့သူတွေကိုပဲ ငွေပေးပြီးဖျက်ခိုင်းလိုက်ပြီ"
ထိုနောက်Yumiဟာ Nayကိုဖက်ပြီးငိုတော့သည်
"ငါတောင်းပန်းပါတယ် ဟီးအီးးး ငါတို့သူငယ်ချင်းဖြစ်နေတုန်းပဲမလား ငါမကောင်းတာတွေမလုပ်တော့ပါဘူးးး"
Nayဟာ ဘာမှမပြောပဲ Yumiခေါင်းကိုခပ်ဖွဖွပုတ်ကာ သိပ်ပြင်းချကာ သူဒုက္ခခံရဦးမှာလားဟုတွေးကာပူနေရတော့သည်
ဆေးပေးခန်းတွင်>>>
အငိုမရပ်သောကလေးတစ်ယောက်ကို Winny ဖက်ပြီးနှစ်သိမ့်နေရာမှ သူ့အားလဲတင်းတင်းကျပ်ကျပ်ပြန်ဖက်လာသည်မလို့ နာကျင်မှုတွေ စိုးရိမ်မှုတွေအလုံးစုံပျောက်စုံးသွားရလေသည်
YOU ARE READING
Can you be mine? (Complete)
Fanfiction"Satang မင်းပဲဖြစ်ရမယ် မင်းတစ်ယောက်ကပဲ ကိုယ့်အပိုင်ဖြစ်ပေးပါ အဲ့တာဆိုငါ့အတွက်လုံလောက်ပြီ" just random delulu fic for winnysatang