" သား ဒီမှာမနေနိုင်ဘူး အဖိုး "

" မင်း!! "
" သား! "

တစ်ပြိုင်နက်ထဲထွက်လာခဲ့တဲ့ သူ့ရဲ့မာမီနဲ့ဒယ်ဒီရဲ့စကားတွေကို  Winny ဟာ လှစ်လျူရှုလိုက်သည်

" သားမှာ သားချစ်ရတဲ့သူရှိနေပြီ "

အဖိုးဟာ Winnyအားတစ်ချက်ပြုံးကာကြည့်သည်

" ငါ့မြေးနဲ့ ငါစကားပြောမယ် "

Winnyဟာ မိဘတွေထွက်သွားတဲ့အခါ ကုလားထိုင်ပေါ်၌ထိုင်နေသော အဖိုးအနားသို့သွားကာ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်သည်

" အဲ့တာဆို လွန်ခဲ့တဲ့ ၃ နှစ်က သား မေးတဲ့ မေခွန်းက အဲ့ကောင်လေးကြောင့်ပေါ့ "

Winnyဟာ သူမျက်လုံးများမှေးသည်အထိပြုံးပြီး ရှက်ရှင်ဖြင့် ခေါင်းငြိမ့်ပြသည်

" သား ဘာဆက်လုပ်ရမလဲဆိုတာ သိတယ်မလား "

" ဟုတ် အဖိုး "

ထိုအခါ အဖိုးဟာ သူမြေးဖြစ်သူအား ခေါင်းလေးကိုဖွဖွပုတ်၍ ခပ်ဖွဖွရီလေသည်

' မင်းကတကယ့်ကောင်ပဲ ' ဟု ရေရွတ်ကာ အဖိုးဟာ ထိုင်းသို့အမြန်ဆုံး ပြန်နိုင်ရန်စီစဉ်ပေးလေသည်

အဖိုးအား ကန်တော့၍ Winny ဟာကတိတစ်ခုကိုလဲ သူချစ်ရသူအတွက်ပေးခဲ့လေသည်

လုပ်ငန်းများကို ဦးစီပေးရန်ကတိအား အဖိုးကိုပေး၍ ချစ်ရသူအား အနားမှာထားရန် အလဲအလှယ်လုပ်ခဲ့ရခြင်းဖြစ်သည်

လွန်ခဲ့သော ၃ နှစ်တုန်းက အဖိုးကို Winny က ' အဖိုး အချစ်ဆိုတာ ဘယ်လိုအရာလဲ ' ဟုမေးခွန်းထုတ်ဖူးလေသည် ထိုအခါ အဖိုးက    ' အရာအားလုံးကိုစွန်လွှတ်နိုင်စေတဲ့အထိ စွမ်းအားရှိတဲ့အရာကွ ' ဟု သဘောတကျရီရင်းဖြေလာဖူးသည်

ထိုအဖြေကြောင့်ပင် ကျောင်းပြန်တက်ရချိန်တွင် satang အပေါ်ထားရှိသည့် သူ့ရဲ့ချစ်ခြင်းဟာ ပို၍ ပိုလွင်လာသည်ကို Winnyကိုယ်တိုင်သတိထားမိလာခဲ့သည်

အဲ့တာကြောင့် သူဘဝရဲ့ဘယ်အရာမဆို ထိုသူအတွက် သူစွန်လွှတ်နိုင်သည်မှာ မကြွင်းမဲ့ပင် ' Satang မင်းပဲဖြစ်ရမယ် မင်းတစ်ယောက်ကပဲ ကိုယ့်အပိုင်ဖြစ်ပေးပါ အဲ့တာဆိုငါ့အတွက်လုံလောက်ပြီ '

ဖုန်းစခရင်ပေါ်က ' ငါလဲမင်းကိုချစ်တယ် ပြန်လာခဲ့ပါ ' ဟူသော စာတစ်ကြောင်းနဲ့တင် satang ရှေ့ကို ချက်ချင်းအရောက်သွားနိုင်ဖို့ ငါ့ရဲ့ လွှတ်လပ်မှုကိုဆုံးရှုံးခံလိုက်တာ အဲ့လောက်ထိသူကငါ့ရဲ့အရေးပါတဲ့သူပဲ

Tea's work ☕


" မင်း!! "
" သား! "









" ဟုတ် အဖိုး "









Tea's work ☕

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: 5 days ago ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Can you be mine? (Complete)Dove le storie prendono vita. Scoprilo ora