နိုးစက်သံမတိုင်ခင်နိုးနေသော သူဟာ မနေ့ကဖြစ်ခဲ့သောရင်ခုန်စရာအဖြစ်အပျက်များကို တွေးလျက်ရှက်သွေးဖြာကာ အိပ်ယာထဲလူးလိမ့်နေလေသည်

"အားးးးး ရှက်လိုက်တာ"

ထိုနောက်ပုံမှန်လုပ်နေကျအတိုင်းကျောင်းသွားဖို့ပြင်ရာ လည်ပင်းနားစပ်ဖြင်းဖြင်းခံစားရ၍ မှန်သို့ကြည့်လိုက်ရာ

"Ai Winny ခွေးကောင်!!"

ဆဲရေးပြီးနောက်မှာတော့ satang ဟာ ဆေးကပ်ခွာကြီး လည်ပင်း၌ ကပ်ခါကျောင်းသို့ထွက်လာရတော့သည်

ကျောင်းတော့ရောက်သော် သူ့အားကြည့်ခါ ခွက်ထိုးလှန်ရီသော ai fourth နဲ့ ai mark တို့ကိုလဲ ကုတင်ပေါ်ကပြုတ်ကျပြီး အကြောညှပ်သည်ဟု လိမ်ပြောရသေးသည်

"မင်းကကွာ ဘယ်အသက်အရွယ်ရောက်နေပြီ မလို့ ကုတင်ပေါ်ကပြုတ်ကျရတာလဲ ဟားဟားဟားဟား"

fourth ဟာ တစ်တန်းလုံးကြား‌‌လောက်သည့် အသံနဲ့ကို Satang အား ခနဲလေသည်
ထိုအရာကို အတန်းအတွင်းသို့ ဝင်လာသည် Winny ကြားသွားပြီး သူ့ဆီသို့ဦးတည်လာနေသည်

ထိုကြောင့် satang ဟာ အလျင်အမြန်ထလိုက်ပြီး

"ငါ ဆေးပေးခန်း ခနသွားလိုက်ဦးမယ်"

Winny အား လိုက်လာဖို့အချက်ပြရင်း ခွေးကောင်အား အပြီဆဲမယ်ဟုလဲတွေးလိုက်ပါသေးသည်

"Satang အဆင်ပြေရဲ့လား ဘယ်လိုဖြစ်ရတာလဲကွာ"

ထိုအခါ satang ဟာ ဆေးပလာစတာကို ခွာပြီး သူ့လည်ပင်းက အနီကွက် အချို့အား winny အားပြလိုက်လေသည်

"အကြော ညှပ်တာ မဟုတ်ဘူးဟေ့ မနေ့ကခွေးတစ်ကောင် ကိုက်သွားတာ"

Winny ဟာ satang လည်ပင်းမှ အနီကွက်များကို ကြည့်၍ ကျေနပ်ဟန်ပြုံးစိစိဖြစ်နေလေသည်

" ဘာကို ပြုံးစိစိ လုပ်နေတာလဲ ခွေးကောင် "

" Tang ကလဲကွာ ကိုယ်တောင်းပန်ပါတယ်ကွာ မကျေနပ်ဘူးဆို ကိုယ့်ကိုပြန်ကိုက်မလား"

" နေပါ ငါကမင်းလို ခွေးမှမဟုတ်တာ"

ရှေ့ကစူပုပ်နေတဲ့ ကောင်လေးကို ကြည့်ကာ Winny အသဲတယားတယားဖြစ်နေရသည်

"ဒါနဲ့ပြောဦးမယ် မင်း သူများတွေ ရှေ့မှာ အရမ်း အတင့်မရဲနဲ သူတို့ကငါတို့ကို ရန်သူတွေလို့ပဲထင်နေကြတာ သူမှားတေ.."

" မင်းက ငါထက် သူများတွေကို ပို ဂရုစိုက်တာလား"

စိတ်မကောင်းဖြစ်တဲ့ မျက်နှာငယ်လေးနဲ့ Winnyပြောလိုက်လေသည်

ထိုအခါ satang အနည်းကယ်ကြောင်သွားပြီး ဘာလုပ်ဘာကိုင်ရမှန်းမသိဖြစ်သွားသည်

" အာ Winny တောင်းပန်ပါတယ် ငါအဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး"

" အေးပေါ့လေ သူက ငါထက်ကျောင်းမှာ နာမည်ကြီးတဲ့သူဆိုတော့လဲ"

" အာ မဟုတ်.."

" ဟုတ်ပါပြီ ငါပဲဆင်ခြင်နေပေးလိုက်ပါမယ်"

Can you be mine? (Complete)Donde viven las historias. Descúbrelo ahora